လူ့ပြည်က အပ်တစ်စင်းနဲ့ နတ်ပြည်က အပ်တစ်စင်း ထိတာမှ လွယ်အုံးမယ်။လူ့ဘဝရဖို့က မလွယ်ဘူးတဲ့။
ရခဲလှတဲ့ လူ့ဘဝမှာ မင်းနဲ့တွေ့ခဲ့တဲ့ ရေစက်လေးကတော့ အလှဆုံးပဲ ။
ကိုယ့်ရဲ့ ဘဝထဲက အလင်းရောင်လေးဟာ မင်းပဲပေါ့ ကလေးလေးငယ်. .။
***
> His Tomorrow <
''ခင်ဗျား တစ်လက်စတည်း ကျွန်တော့်ကိုပါ ခိုးသွားပေးပါလား''
"ဟင်!!''
ဂျီမင်း အားကိုးကြီးစွာဖြင့်
ယင်းသို့ တောင်းဆိုမိသည်။ သို့တပြိုင်နက် အထို သူခိုးဆီမှ
အာမေဍိတ်အသံကြားရသော်ငြား
၎င်းစကားလုံးကိုဘဲ နှုတ်ခမ်းလွှာမှ ထပ်၍ ခုန်ဆင်းပြန်၏။လူဆိုး တစ်ယောက်။ သူခိုးတစ်ယောက်ဆိုတဲ့ အသိကို
ဒီနေရာမှာ ဂျီမင်း မစဥ်းစားမိခဲ့တော့ဘူး။" ကျွန်တော့်ကိုရော ခိုးသွားပေးပါနော်။
ကျွန်တော့်ကို ခင်ဗျားမှ မခိုးသွားပေးရင်. .ရှေ့မဆက်နိုင်တော့သည့် ၎င်းစကားနောက်
အားပျော့စွာဖြင့် မျက်ရည်ပေါက်များက
တလှိမ့်လှိမ့် မြစ်အသွင် စီးဆင်းပြန်သည်။ငိုရလွန်းလို့ မျက်ရည်တွေ ခမ်းသွားခဲ့မှာတောင် စိုးရိမ်ရပြန်၏။လက်ဖမိုးခုံဖြင့် ဤမျက်ရည်များအား ဆွဲသုတ်ပစ်လိုက်သော်ငြား
ဝမ်းနည်းခြင်းများသည် မီးခိုးငွေ့များကဲ့သို့ လှိုင်ထွက်နေလျက်ရှိသည်။အငိုသန်သောလူတစ်ယောက် ဖြစ်ခဲ့သည့်အလျောက်
ငိုဖို့ပဲ တတ်စွမ်းသည်။ငိုရုံကလွဲ၍ အဘယ်မှာများ တတ်နိုင်ပါမည်နည်း။ရှေ့မတိုးနိုင်သည့် စကားဟာလည်း ထိုနေရာ၌ တဝဲလည်လည်။
ယင်းသို့ ချိတုန်ချတုန် ဖြစ်သော စကားရပ်အပေါ်
အထိုလူက စိတ်မရှည်ဟန်တူသည်။ သို့မဟုတ် ယုတ္တိမရှိတဲ့ ယင်းစကားကို စိတ်မချမ်းမြေ့သည့် အသွင်ဆောင်ပုံရသည်။
မျက်လုံးမှ အပ, ကျန်တာ ဖုံးအုပ်ထားသော်ငြား
စိန်ရောင်တဖျတ်ဖျတ်လက်သကဲ့သို့ လက်လက်ထနေသည့် ၎င်းမျက်လုံးများက အဘယ်ကြောင့်ဟူသည့် အမေးအား
မေးချင်နေကြောင်း ခန့်မှန်းမိ၏။