99 problem 1 station။
"ငါကမင်းရည်းစားလေ မင်းအဖေမှမဟုတ်တာ!"
ခြေသလုံးကိုလက်နှစ်ဖက်ဖြင့်ဖတ်ထားကာအတည်ကြီးဆူပုတ်ရင်းသွားမရအောင် ချုပ်ထားသည့်ဂြိုလ်သားကြောင့်ငါ့မှာ တစ်လှမ်းတောင်ရွေ့မရပေ။
"လွှတ်! လွှတ်လို့!!မလိုက်ဘူးကွာ"
"လွှတ်ဘူး ဦးမလိုက်ပေးရင်သားလည်းဒီတိုင်းပဲနေမှာ!!"
ရှိရှိသမျှဘုရားတွေဆင်းကယ်ပါလို့သာငါတနေမိတော့သည်။တစ်ကယ် တစ်ကယ်04ဖွားတစ်ယောက်ကိုရည်းစားတော်ထားရတာ ကလေးတစ်ယောက်ရထားသလိုပဲ။
တစ်ကယ်ကိုကလေးအဖေကြီးလိုဖြစ်နေတာ!!ကျောင်းသားဟောင်းမိဘတွေ့ဆုံပွဲမှာသူ့အဖေခေါ်မသွားပဲငါ့အတင်းလာခေါ်နေရတယ်လို့။
ဘာလို့လဲမေးလိုက်ရင်'ဖေဖေနဲ့ကရန်ဖြစ်ထားတာ'တဲ့လေ။
ဘယ်လောက်တောင်ကလေးဆန်လိုက်သလဲကယ်။ခုတော့ရုံးသွားလို့လဲမရ။နွားကခြေထောက်တစ်ဖက်ကိုအားနဲ့ဖတ်ပြီးငုတ်တုတ်ထိုင်နေတာကြောင့်ငါငိုပင်ငိုချင်လာသည်။
"မင်းပြဿနာတွေကိုငါမဟုတ်ပဲမင်းအကိုစီသွားကပ်လိုက်ပါလား gemiyakiiရေ!!"
"ဦးမှဦးပဲပါဆို လိုက်ပေးပါနော် နော် မုန့်ဝယ်ကျွေးမယ်_အာ့ နာတယ်ဗျ!"
ဂွက်ခနဲခေါင်းကိုခေါက်ချလိုက်တော့စောက်ကလေးကဘုကြည့် ကြည့်လာ၏။
လူကိုသွေးတိုးလာစမ်းနေတာပဲ!!လူကြီးကိုများမုန့်၀ယ်ကျွေးမယ်တဲ့။ငါ့ကိုဘာထင်နေလဲမသိပေ။
လွှတ်လို့ပြောလည်းမလွှတ်။ခေါင်းမာချက်ကတော့ကျောက်တုံးလိုပဲ။လစာကမင်းမဟုတ်ပဲမင်းအကိုပေးထားတာလို့သာငါအော်ပြောပစ်လိုက်ချင်သည်။
တစ်နေ့တစ်နေ့သူဖင်နာခေါင်းနာတယ်ဆိုပြီးဟိုပြောဒီပြောနှင့်လူကိုဆွဲဆွဲထားတာကြောင့်အလုပ်ပျက်တာ၃ရက်တောင်ကျော်နေလေပြီ။
ရည်းစားစိတ်မွှန်နေတဲ့ဥက္ကဌကလဲသူ့ကုမ္ပဏီရဲ့အထွေထွေဂျာကြီးတစ်ယောက်လုံးရုံးမလာတာကို အလုပ်ထွက်စာလာတင်ဖို့မပြောနှင့်အားနာပါးနာဖုန်းလေးတစ်ချက်တောင်မဆက်ပေ။
YOU ARE READING
91 born with his little trouble!!(geminifourth ff✅)
FanfictionGolden retriever boyfriend coded Fanfiction Main characters-Geminifourth Total chapter-3 Hope you guys enjoy this 💓