15

656 126 40
                                    

အသက်ဓာတ်




ငွေမင်ရောင်ဆမ်းသော နှင်းစတို့ တဖွဲဖွဲဆင်းလျက်ရှိသည့် လမ်းသွယ်တနေရာ၌ ကျောင်းဆောင်ကနေ ယိုင်တိယိုင်တိုင်ပြန်လာသူအရိပ်က ရှည်လျားစွာ မင်းမူချေပေ၏။

ဝိုးတဝါးသာဖြာသော နေ့အလင်းတန်းမှိန်ဖျော့ဖျော့ကြား အချစ်ကုထုံး၏ကန့်လန့်ကာကွယ်ရာ အထီးကျန်ဝေဒနာအား လက်ဝယ်ထွေးပိုက်ရသူအဖို့ မှောင်လျက် မိုက်သားကျနေရတော့သည်။

ပေါ့ပါးသော ကျောပိုးအိတ်တစ်လုံးကို ထမ်းပိုးထားရသည့်ဆယ်ကျော်သက်ကျောင်းသား ပခုံးပေါ်ကို လေးလံနေစေခဲ့တဲ့ အမှုန်အမွှားတွေ...။

ပြန်စာမဲ့သည်မှာ နှစ်ရက်တာရှိပြီဖြစ်သော message box ထံ ထွက်ချေ၊ဝင်ချေရှုပ်ရှပ်ခတ်ပြီးချိန်မှာတော့ လက်ချောင်းရှည်များဟာ ငြိမ်ချက်သား။

သည်လိုသာဆို သူ့ကို တဆုံးထိ ကိုကိုလစ်လျူရှူထားတော့မှာလား။မညှိုးပန်းတစ်ပွင့်ရဲ့ ဝတ်ဆံတွေကို သဲ့ယူခြွေဖျက်စီးတော့မလို သူ့ဘဝဟာ တကယ်ပဲ နင်းခြေခံရတော့မည်လား ဂျယ်ယွန်းမသိတော့။

တဒင်္ဂတွေးရုံတင် အသက်ရှူအိုက်ရသည်။

အနီးအနားတွင် ကိုကို့ကိုယ်သင်းရနံ့ကလေးများ မဆွတ်ပျံ့လေတဲ့အခါ သူ့ကမ္ဘာမြေတွင် ပင်လယ်ရည်သည်လည်း အလိုလိုခမ်းရလေတော့ပြီရဲ့။

"နေနိုင်လိုက်တာ"

"အမြင်က​တ်ဖို့ကောင်းလွန်းတဲ့ လူကြီး!"

"မီးအကင်လွန်ရင်းတူးသွားတဲ့ ပေါင်မုန့်တချပ်လိုနှလုံးသားပဲရှိတဲ့ ဆရာဝန်အကြောင်း တမြို့လုံးရဲ့ လူနာတွေဆီတိုင်​ပြောပစ်ဦးမယ်"

သက္ကလပ်ကုတ်ရှည်အတွင်း စိမ့်ဝင်ဖြန်းပက်လာသည့် ဆောင်းလေအေးတွေကြား သက်ပြင်းချက်မအား တဆုံးထိ ထုတ်လွှတ်တုန်းမှာပင် အနောက်မှလာသော ကားဟွန်းတီးသံ။

သိပ်လွမ်းခဲ့တာပါ...။
ကားဟွန်းတီးသံဆိုရုံလေးပေမယ့်လည်း ရင်းနှီးကျွမ်းဝင်လွန်းတဲ့ ကိုကို့အငွေ့အသက်တွေထုံမွှန်းနေတာကို သူသိပ်လွမ်းခဲ့ရတာ...။

My 10 months LoveWhere stories live. Discover now