𝑴𝒚 𝑴𝒊𝒏𝒆⚠︎

1.6K 51 4
                                    

❗️သွေးထွက်သံယိုများပါနိုင်တာမို့ ကလေးငယ်နှင့် အဆင်မပြေသူများ ဤအပိုင်းအားကျော်ဖတ်ပေးပါရှင့် ။❗️
_______________________

_2005ခုနှစ်သြဂုတ်လ6ရက်
နန်းတော်တမျှခမ်းနားလှတဲ့ အိမ်တော်ကြီးရဲ့ ထောင့်တစ်နေရာမှာ ကောင်ငယ်လေး၂ယောက်က တနေရာရာကိုကြည့်စူးစိုက်ကြည့်နေတယ်။ ပြီးတော့ ခပ်ငယ်ငယ်တစ်ယောက်က"အကို သူကဘာလို့ပါးထိုင်တဲ့နေရာမှာ ထိုင်နေတာလဲ"။ထိုခပ်ငယ်ငယ် ကောင်လေးရဲ့စကားက အကိုလို့ အခေါ်ခံရတဲ့ ကောင်လေးကို လက်သီးဆုတ်လေးနှစ်ဖက်ကို ကျစ်ကျစ်ပါအောင်ဆုတ်ထားစေမိသည် အထိ အကျိုးသက်ရောက်စေတယ်။ထိုနောက် အကိုလို့အခေါ်ခံရတဲ့ကောင်လေးက"ဒါတွေမမေးနဲ့တော့ ရှောင်းယန် ထမင်းသွားစားရအောင် ကြာနေရင်ငါတို့ကို ထပ်ရိုက်နေမယ်"။ရှောင်းယန်လို့ခေါ်တဲ့ကောင်လေးရဲ့လက်ကိုဆွဲရင် ထမင်းစားခန်းထဲကို ထိုကောင်လေး၀င်လာခဲ့တယ်။ထိုင်မလို့လုပ်နေတုန်းမှာဘဲ
"ငါ စားလို့မပြီးမချင်း ထိုင်ဖို့မလုပ်နဲ့" ဆိုတဲ့စကားကြောင့် ထိုင်ဖို့ လုပ်နေတဲ့ကိုယ်လုံးလေးတွေတုံ့ကုန်ကြတယ်။ပြီးမှ စားပွဲထောင့်မှာ ပြန်ရပ်နေလိုက်တယ်။ထိုချိန် အရပ်မနိမ့်မမြင့်နဲ့ အသားဖြူစပ်စပ်အမျိုးသမီး ကထမင်းစားခန်းအတွင်း၀င်လာတယ်။ထိုအခါ ထိုင်နေတဲ့လူကြီးက"ငါ့ကို စောင့်ရအောင်လုပ်နေတာလား" "မဟုတ်ပါဘူး ကျမ ကိုယ်လက်သန့်စင်နေလို့ပါ" "အဲ့၂ကောင်ကိုငါမမြင်ချင်ဘူး ငါ့မမြင်နိုင်တဲ့နေရာမှာထားစမ်းပါ မဟုတ်လို့ကတော့...." "ဟင် ကျိုးမော့ရယ် ကျမသားတွေက ဘာလုပ်မိလို့လဲဟင်" "ငါ့မမြင်ချင်လို့ပြောတာ ဘာလဲ ငါ့က်ုပြန်အာခံချင်တယ်ပေါ့ နှိမ့်စက်မခံရတာကြာလို့ထင်တယ်"။ထိုလူကပြောပြောဆိုဆိုနှင့် အမျိုးသမီး၏ ဆံပင်ကိုဆွဲကာ အပေါ်ထပ်သို့ ဒရွတ်တိုက်ဆွဲခေါ်သွားတော့တယ်။ကောင်ငယ်လေး၂ယောင်မှာလည်း ငိုယိုရင်း ပြေးလိုက်သွားတော့တယ်။အခန်းတစ်ခုအတွင်း ခေါ်သွားပြီး အတွင်းမှတံခါးကိုပိတ်လိုက်ပြီးနောက် ရိုက်နှက်သံနှင့် ငိုယိုသံများက သနားစဖွယ် ထွက်ပေါ်နေတယ်။ကလေးငယ်၂ယောက်ရဲ့ ငိုသံဟာလည်း အိမ်အတွင်းမှာ ကျယ်လောင်စွာထွက်ပေါ်နေတယ်။"မားကို မလုပ်ပါနဲ့"ဆိုတဲ့အသံလေးဟာ သနားဖွယ်အတိဆိုပေမဲ့ အခန်းအတွင်းက လူကတော့ သနားရကောင်းမှန်းမသိတဲ့လူတစ်ယောက် အလား ရက်စက်လေသည်။
__________
မြို့မျက်နှာဖုံးသူဌေးများဖြစ်သည့် ရှောင်းလင်မယားဟာ သား၂ဉီးနှင့်အတူ ဘ၀ကိုပျော်ရွှင်စွာဖြတ်သန်းနေသူဖြစ်တယ်။တနေ့ သူတို့ရဲ့ဘ၀ထဲကိုကံကြမ္မာဆိုးက၀င်ရောက်ခဲ့တယ်။ရှောင်လူကြီးမင်း အလုပ်ကိစ္စကြောင့်parisသို့ခရီးသွားစဉ် ကံမကောင်းစွာလေယာဉ်ပျက်ကျခဲ့တယ်။ရှောင်းလူကြီးမင်းသေဆုံးပြီးတဲ့နောက် မစ္စရှောင်းမှာသား၂ယောက်နဲ့အတူ ကျန်ရစ်ခဲ့တယ်။သားအကြီးရဲ့နာမည်ကရှောင်းကျန့် အသက်က12နှစ်သာရှိသေးတယ်။သားအငယ်ရဲ့နာမည်ကရှောင်းယန် အသက်က10။သား၂ယောက်နဲ့အတူ မစ္စရှောင်းက၂နှစ်လောက်တကိုယ်တည်းနေထိုင်ပြီး အသိုင်းအ၀ိုင်းများရဲ့ တွန်းအားပေးမှုကြောင့် နောက်အိမ်ထောင်သစ်တစ်ခုကိုယ် ထူထောင်ခဲ့ရတယ်။ထိုသူရဲ့နာမည်က ကျိုးမော့ဖြစ်တယ်။ရှောင်းလူကြီးမင်းရဲ့ စီးပွားဖက်ထဲကတစ်ဉီးဖြစ်တယ်။ယူပြီးအစပိုင်း သားအမိ၃ယောက်အပေါ်ကောင်းသလိုလိုနှင့် နောက်ပိုင်းကြ ဇာတိရုပ်အမှန်ကပေါ်ထွက်လာခဲ့တယ်။အရွယ်ရောက်စပြုလာပြီးဖြစ်တဲ့ရှောင်းကျန့်ဟာ အကုန်လုံးကိုသိတတ်နားလည်လာတာမို့ ရင်ထဲမှာအမြဲကိန်း၀ပ်နေခဲ့တဲ့တစ်ခုတည်းသော ဆန္ဒကတော့ မားရဲ့နောက်အိမ်ထောင်ဖြစ်သူ မိမိ၏ပထွေးအား အသေသတ်ရန်ဖြစ်တယ်။
___________________
2005သြဂုတ်လ9ရက်
  တနေ့ ထိုနေ့က ရှောင်းကျန့်တို့ဘ၀ကို အကြီးမားဆုံးပြောင်းလဲပေးခဲ့တဲ့နေ့။ထိုနေ့က ရှောင်းကျန့်၏ပထွေး ဖြစ်သူကျိုးမော့ ညဉ်းနက်မှ အိမ်ပြန်လာတယ်။ ပြန်ရောက်ရောက်ချင်းဘာမှမဖြစ်ပေမဲ့ ခနနေတော့ အခန်းအတွင်း၀ုန်းဒိုင်းဆိုတဲ့အသံနဲ့အတူ မားရဲ့ အော်သံတချက်ကိုပါ ကြားလိုက်တယ်။အအိပ်ဆတ်တဲ့ရှောင်းကျန့်က ဟိုလူပြန်လာကတည်းကနိုးနေတာမို့ အကုန်ကြားလိုက်တယ်။ချက်ချင်းဘဲ ရှောင်းယန်ကိုလှုပ်နှိုးလိုက်တယ်။"ရှောင်းယန် ရှောင်ယန် ထစမ်း ဟိုမှာ မားအော်သံကြားတယ်"။ရှောင်းယန်လည်းချက်ချင်းနိုးလာတယ်။ပြီးတော့ မားတို့အခန်းနားသွားပြီး ဟနေတဲ့ တံခါး၀ကနေ အခန်းအတွင်းကိုချောင်းကြည့်လိုက်ချိန်ရှောင်းကျန့် ရင်ထဲကမ္ဘာပျက်သွားသလိုပါဘဲမားကသွေးအိုင်ထဲလဲနေတယ်။ဘေးနားမှာ ပုလင်းကွဲစတွေနဲ့ စားပွဲက မှောက်ပြီးပြန်ကျဲနေတယ်။ဟို လူက ၀ရန်တာ အပြင်ဘက်မှာမတ်တပ်ရပ်ပြီး တစုံတခုကိုပြုလုပ်နေဟန်တူတယ်။အခန်းအတွင်း ညအိပ်မီးသာထွန်းထားသည်မို့ သိပ်မလင်းနေပါ။ချက်ချင်းဘဲရှောင်းကျန့်က ဆုံးဖြက်တခုခုကိုချလိုက်ပြီး အခန်းအတွင်းတိတ်တဆိပ် ၀င်သွားပြီး ၀ရန်တာနားသွားလိုက်တယ်။အဲ့အချိန်အထိ ထိုလူကသတိထားမိဟန်မတူပါ။ရုတ်တရက် ပါဘဲ ရုတ်တရက်ထဲမှာဘဲ ထိုလူအား အနောက်မှအရှိန်ဖြင့်၀င်တိုက်လိုက်ရာ ရုတ်တရက်မို့ ကြောင်ပြီး ဘာမှလုပ်ချိန်မရလိုက်ဘဲ အားးကနက်ဆိုတဲ့အသံကြီးနဲ့အတူ အိမ်အောက်ကိုကျသွားတော့တယ်။ရှောင်းကျန့်တို့အိမ်က လူကုံထံတွေသာနေတဲ့နေရာမို့ တခြံနှင့်တခြံအတော်လှမ်းသည်။အိမ်မှာလည်း ပါးဆုံးပြီးကတည်းကဘာ အိမ်အကူမှမထားနဲ့ဆိုတဲ့ မိမိ၏ပထွေးရဲ့အမိန့်ကြောင့် ဘယ်သူမှရှိမနေ။ရှောင်းယန်က"အကို မင်း မင်းဘာလုပ်လိုက်တာလဲ"တုန်တုန်ရီရီနှင့်အနားရောက်လာကား တရစပ်မေးနေတော့တယါ။"သူမားကိုဘာလုပ်လိုက်လဲမင်းတွေ့လား မားမရှိတော့ဘူးကွ"ရှောင်းကျန့်ရဲ့အသံကဒေါသသံဆိုပေမဲ့ ငိုသံစွတ်နေတယ်။"မင်း လူလူ သတ်လိုက်တာ အခုမင်းဖမ်းခံထိမှာလားဟင် ငါ ငါကရော ငါက ငါကဘယ်သူနဲ့နေရမှာလဲ" "မဟုတ်ဘူး ဒီကိစ္စမင်းနဲ့ငါဘဲသိတာ ရှောင်း ယန် မင်းပြောစမ်း မင်းသူ့ကိုမမုန်းဘူးလား" "မုန်းတယ် သူကမားကို.... အီးးး မားးးး" ပြောရင်းငိုနေတဲ့ရှောင်းယန်ကြောင့် ရှောင်းကျန့်က အံကိုကြိတ်ရင်း"အခုငါတို့စတဲ့ဇာတ်လမ်းငါတို့ဘဲအဆုံးသတ်ရ​ေအာင် ငါ့ကိုကူညီမာလား ရှောင်းယန်"
"ဘယ်လိုမျိုးလဲ" "သူ့ကို ခုတ်ထစ်ပြီးအလောင်းဖျောက်ရမယ်"သွေးအေးတဲ့အသံနဲ့ပြောတဲ့ရှောင်းကျန့်ကြောင့်ရှောင်းယန်ပင် ကြောက်မိတယ်။"သူကသေပါ့မလား" "သေသွားပြီး ဒီလောက်အမြင့်ကြီးကို လာ အချိန်မဆွဲနဲ့ မိုးလင်းသွားမယ်"။အိမ်အောက်ထပ်ကိုဆင်းလာခဲ့ပြီးတော့ ကျိုးမော့ဆိုတဲ့လူရဲ့ အလောင်းနားကိုလျှောက်လာခဲ့တယ်။မှောက်ရက်အနေအထားနဲ့ထိုလူက အမြင့်ကပြုတ်ကျတဲ့အရှိန်ကြောင့်မျက်နှာတခြမ်းလုံး စုပ်ပြဲပြီး ခေါင်းခွံက ပွင့်ထွက်နေတယ်။အနည်းငယ် ကြောက်မိပေမဲ့ ရှောင်းယန်က ပိုကြောက်တာမို့ မျက်နှာထားကိုထိန်းရင်း ထိူလူကိုညီကို၂ယောက် ခြံအနောက်ကိုဒရွတ်တိုက်ဆွဲခေါ်သွားလိုက်တယ်။ရှောင်းကျန့်က မြေကျင့်တကျင်းကိုအချိန်တော်တော်ကြာကြာတူးလိုက်တယ်။၁နာရီလောက်ကြာတော့ ပြီးသွားတယ်။မြေကျင်းတူးပြီးတော့အပေါ်ပြန်တက်လာပြီး အသက်မရှိတော့တဲ့ထိုလူရဲ့အလောင်းဆီသွားလိုက်တယ်။ပြီးတော့ ခါးကြားလေးထဲက ဓားအသေးစားလေး တလက်ကိုထုတ်ယူလိုက်တယ်။ပြီးတော့ အငြိုးများစွာနဲ့အတူ ထိုလူကိုရွံရှာစွာကြည့်ရင်း "ခများကြီး အေးအေးချမ်းချမ်း သေရမယ်မထင်နဲ့"လိုပြောပြီး သေပြီးတာ နာရီပိုင်းလောက်သာရှိသေးတဲ့ခန္ဓာကိုယ်ရဲ့ လည်ပင်းကိုဓားနဲ့မွှန်းချလိုက်တယ်။သွေးများက ဒလဟော စီးကျလာတယ်။အဆက်မပြတ်စကားများပြောဆိုရင်းထိုသို့ပြုလုပ်နေတာမို့ သွေးအိုင်ကြားထဲက ကောင်လေးကအတော်ကြောက်စရာကောင်းနေတယ်။အချက်ပေါင်းများစွာ စိတ်ကျေနပ်သလောက် ပြုလုပ်ပြီးတော့ သူလုပ်သမျှကိုကြည့်နေတဲ့ညီဖြစ်သူရှောင်းယန် ဘက်ကိုလှည့်ရင်း"ဒီကိုလာခဲ့"
"..."
"ဘာလဲ မင်းကသူ့ကိုသနားနေတာလား သာကမားကိုဘာလုပ်လိုက်လဲမင်းတွေ့လား အခုမားမရှိတော့ဘူး။အဲ့လူကမားကိုလည်း နေ့တိုင်းနှိပ်စက်တယ်။ရိုက်နှက်တယ်။မားခမျာ ဘယ်လောက်သနားဖို့ကောင်းလဲ  ဒါတောင်မင်းသူ့ကိုသနားနေတာပေါ့ ဟမ် ရှောင်းယန် ​ဖြေလေ"။ရှောင်းကျန့်ပြောဆိုနေတဲ့စကားကြောင့် အသက်12သာရှိသေးတဲ့ရှောင်းယန်ရဲ့မျက်လုံးတွေက တုန်လှုပ်နေရာက တည်ငြိမ်သွားပြီး ကြောက်ဖို့ကောင်းတဲ့ အသွကို ဆောင်လာတယ်။တဖြေးဖြေး ရှောင်းကျန့်နဲ့ အလောင်းရှိရာကို တိုးကပ်သွားပြီး ရှောင်းကျန့် လက်ထဲကဓားကိုယူရင်း ထိုင်ချလိုက်ပြီး ထိုလူရဲ့ခန္ဓာကိုယ်အနှံ့က်ုဓားများဖြင့်စိညှက်နေအောင်မွှန်းတော့တယ်။အချိန်အတန်ကြာ စိတ်ကျေနပ်အောင်ပြုလုပ်ပြီးတော့မှ"ငါတို့သူ့ကိုဘာလုပ်ကြမလဲအကို "
"ခုတ်ထစ်ပြီး ကျင်းထဲထည့်ကြတာပေါ့"။ဒီလိုနဲ့ အားလုံးလုပ်ပြီးတဲ့အချိန်မှာတော့ ညီကို၂ယောက်ဟာ သွေးအေးအေးဘဲ အိမ်ထဲကိုပြန်၀င်လာတယ်။သူ့တို့အမေရဲ့အလောင်းကိုအချိန်အတော်ကြာဖက်ငိုပြီး ဘေးကကုတင်အပေါ် အိပ်လျက်အနေအထားနဲ့တင်းပေးလိုက်တယ်။ပြီးတော့ရှောင်းကျန့်က"သားတို့ဒီလို လုပ်လိုက်ရတာ မားမကြိုက်မှန်းသိပေမဲ့ သာတို့ရှေ့ရေး အတွက်ပါ မားလည်း ပါးနဲ့အတူကောင်းမွန်ရာမှာနေပြီး သားတို့ကို စောင့်ရှောက်ပါ။သားညီလေးကိုသေချာစောင့်ရှောက်ပျိုးထောင်မှာပါ"။ပြီးတော့မှ ညီကို၂ယောက်က ရေချိုးပြီးသွေးပေနေတဲ့အ၀တ်အစားတွေကို ချွတ်ပစ်ရင်း တွေ့ရာ ကောက်စွပ်ပြီး အိမ်ကထွက်ခဲ့တယ်။လမ်းမတစ်လျောက်လူသွားလူလာကရှင်းနေတာမို့ သူတို့ကိုဘယ်သူမှမတွေ့လိုက်ပါ။
____________________
  အခုရှောင်းကျန့်တို့ညီကို၂ယောက်ရောက်နေတဲ့နေရာက လူကောင်းတွေရှိတဲ့နေရာမဟုတ်ပေမဲ့ အလုပ်ရလိုရငြား လိုက်ရှာနေကြတယ်။တနေရာအရောက်"ဟိုကလေး၂ယောက် ဒီကိုလာအုံး"ထောင်ထောင်မောင်းမောင်းခန္ဓာကိုယ် နှင့်လူကြီးကခေါ်တော့ အနားသွားလိုက်ပြီး"ဘာလဲ " "မင်းတို့ကလေးတွေ ဒီနေရာမလာရဘူးဆိူတာမသိဘူးလား ဘာလုပ်နေတာလဲဒီမှာ" "ကျတော်အလုပ်ရှာနေတာ" "ဟေ သူကရော"ရှောင်းယန်ကိုကြည့်ရင်းမေးတာမို့"ဒါကျတော့်ညီ ရှောင်းယန် ကျတော့်နာမည်ရှောင်းကျန့်" "အင်းး မင်းတို့မိဘတွေရော"
"သေပြီး"သူ့ကိုစူးစိုက်ကြည့်ရင်းပြောချလာတဲ့ကောင်လေးက သတ္တိကြောင်ပုံမရတာမို့ ချန်းမင်းအတော်သဘောကျသွားတယ်။သနားသလိုလည်းရှိတာမို့ အနားကိုခေါ်ထိုင်ခိုင်းလိုက်ရင်း"ဘာစားပြီးပြီးလဲ မင်းတို့" 
"ဘာမှမစားရတာ၃ရက်ရှိပြီး"
"ဟေ "နောက်တကြိမ်အံ့သြမိတယ်။ဒီကလေးတွေ တကယ်တခုခုဘဲ။
"အေ ရော့ ဒီမှာကြိုက်တာယူစား"ဆိုပြီး မုန့်တွေချပေးမေဲ့ သူ့ကိုပြန်ကြည့်ပြီး ပြောတာက"ကျတော်တို့အလကားမစားဘူး ကျတော်တို့ကိုတခုခုပြန်ခိုင်းပါ"ဆိုပြီးပြောလာတဲ့စကားကြောင့် ထိုကလေးရဲ့စိတ်ဓာတ်ကိုပါထပ်သဘောကျမိပြန်တယ်။"အေ မင်းဘာလုပ်တတ်လဲ ကောင်လေး "

"ခိုင်းတာအကုန်လုပ်တတ်တယ်"

"ဒါဆိုမင်းလူသတ်တတ်လား"သွေးတိုးစမ်းသလိုလိုပြောလိုက်ပေမဲ့"ဒါလောက်လွယ်တဲ့အလုပ်ရှိပါ့အုံးမလား တတ်တာပေါ့" "ဟ ဟုတ်လှချည်လား မင်းဘယ်လိုသတ်သေပြမလဲ"
"မယုံရင်ခများလူတစ်ယောက်ခေါ်လိုက် ကျတော့ကိုကြိုက်တဲ့လက်နက်ပေး ကျတော်သတ်ပြမယ်"
။စကားအသွားအလာအရ တကယ်လုပ်မဲ့ပုံမှာရှိတာမှန်း ရိပ်စားမိတာမို့

"သက်သေပြတာကနောက်မှပြောကြတာပေါ့ မင်းတို့နေစရာမရှိဘူးဆိုငါ့ဆီလိုက်နေမလား မင်းတို့ကိုနေစရာစားစရာပေးမယ်။အလုပ်ရောပေါ့"။

" မင်းညီကရော မင်းလိုလဲလူသတ်တတ်သလား" ဘေးက ဖြူစပ်စပ်ကောင်လေးကိုကြည့်ရင်း ထပ်မေးမိပြန်တယ်။

ထိုအခါ ကောင်လေးက"ခများ လည်ပင်းလာစင်းပေးကြည့် ကျတော် လက်တွေ့ပြမယ်"။

ထပြောလာတဲ့စကားကြောင့် သဘောတကျရယ်မော်လိုက်ရင်း "အေးပါကွာ ငါ့နာမည်ကချန်းမင်း မင်းတ်ု့ငါ့ကိုဉီးလေးချန်းလို့ခေါ်ကြ ကဲလာ စားလိုက်အုံးပြီးမှ မင်းတို့ကို နေရမဲ့နေရာခေါ်သွားမယ်။
ဒီလိုနဲ့ဘဲ ရှောင်းကျန့်တို့ညီကို၂ယောက်ချန်းမင်းဆိုသူနဲ့တွေ့ပြီး နေစရာရလာခဲ့တယ်။ချန်းမင်းဆိုသူမှာ မူးယစ်ဆေး၀ါးလောကတွင်နာမည်ကြီးလှသော Gang၏တည်ထောင်သူတစ်ယောက်ဖြစ်တယ်။သူ့၏နာမည်နဲ့သြဇာက နိုင်ငံရေးပိုင်းရှိ လူကြီးပိုင်းအချို့အထိ သက်ရောက်တာမို့ တော်ယုံ ကပ်ဖို့မလွယ်။ထိုသူက ရှောင်းကျန့်တို့ညီကို ကိုသေချာကျွေးမွေးပြီး "မင်းတို့ကိုငါမွေးစားမယ်" လို့ပြောသွားတယ်။တကယ်ပင် ထိုသူက ရှောင်းကျန့်တို့ညီကို ကို မွေးစားခဲ့တယ်။လေ့ကျင့်သင်ကြားပေးမှုများလည်းပြုလုပ်စေခဲ့တာ်။ကျောင်းလည်းတက်စေခဲ့တယ်။
ရှောင်းကျန့်တို့ ရဲ့ မိသားစုလိုက်သတ်ဖြတ်ခံရမှုနဲ့အတူ အရင်အိမ်ထောင်နဲ့ရတဲ့ကလေး၂ဉီးယောက်ဆုံးနေတဲ့သတင်းကလည်း လူစိတ်၀င်စားစပြုနေပေမဲ့ ဉီးလေးချန်းက အစဖျောက်ခိုင်းခဲ့တယ်။

    ဒီလိုနဲ့ဘဲရှောင်းကျန့်ရဲ့ရှောင်းယန်တို့ရဲ့ဘ၀အစစ်အမှန်ကအခုမှ တကယ် စတင်တော့တယ်။
____________________________________
Word_2502

အများကြီး ကြိုးစားရေးပေးထားပါတယ်နော်။ဖတ်ရတာ အဆင်မပြေရင်လာပြောနိုင်ပါတယ်ရှင့်။upကြာနေတာကလေ ဇာတ်လမ်းရှည်မရေးရတာကြာတော့ဘယ်လိုရေးရမှန်း သိပ်အဆင်မပြေဖြစ်နေလို့ပါ။အမှားပါတာရှိရင် သည်းခံပေးကြပါရှင့်။
𝐄𝐚𝐢𝐧𝐭 𝐋𝐨𝐨𝐧 𝐍𝐠𝐞♡︎

𝑴𝒚 𝑴𝒊𝒏𝒆⚠︎Where stories live. Discover now