မနက်မိုးလင်းလို့ ရှောင်းကျန့်နိုးတော့ ၀မ်ရိပါ်က အိပ်ယာမှာ မရှိတော့ဘူး။ဒီကလေး အစောကြီး နိုးတယ် ထင်ပါရဲ့။
ညက ကိစ္စကိုပြန်တွေးကြည့်တော့ ရှောင်းကျန့်ပြုံးမိယ်။ကလေးသာသာကောင်လေးကို သူချစ်မိသွားလိမ့်မယ်လို့ သူမထင်ထားပေမဲ့ တကယ်သူချစ်မိသွားခဲ့တယ်။
မျက်နှာသစ် အခန်းထဲကထွက်လာတော့ မြင်ကွင်းတစ်ခုကြောင့် သူမျက်မှောင်ကြုတ်မိတယ်။မိန်းကလေးတစ်ယောက်။ ရိပေါ်နဲ့ ရီရီမောမောပြောနေတာများ သူအနားရောက်လာမှန်း နှယောက်လုံးသတိမထားမိ။ ခနနေတော့ ထိုမိန်းကလေးက သူ့ကိုတွေ့သွားပြီး
"အဲ့တာလား" ဆိုပြီးမေးတော့ ရိပေါ်က လှည့်ကြည့်ပြီး
" ဉီးလေးကြီး နိုးပြီးကို ဒါ သားငယ်သူငယ်ချင်းလေ နာမည်က ရှင်းယွီအာတဲ့ ယွီအာ နှုတ်ဆက်လိုက်ဉီး "
"အာ ရှင်းယွီအာပါ ၀မ်၀မ်ကြွားနေတာကိုမယုံပေမဲ့ ကိုယ်တိုင်တွေ့လိုက်ရတော့မှ ဉီးလေးကြီးကအတော်ချောတာဘဲ"
ပြောရဲဆိုရဲဖြစ်ပုံရတဲ့ ကောင်မလေးက စိတ်ထဲရှိတဲ့အတိုင်းပြောလိုက်တော့ ရှောင်းကျန့် အံ့သြမိတယ်။သူ့ဘေးနား၀ိုင်းလာသမျှ မိန်းကလေးတိုင်းကအထာပေးသလို ညု့တုတုပြောတတ်ပေမဲ့ ကလေးမလေးက စိတ်ထဲရှိတဲ့အတိုင်းသူကိုပြောဆိုနေတာ တွေ့ရတော့ တမျိုးလေး ခင်ဖို့ကောင်းတာဘဲ ကလေးတွေက။
"မမြှောက်ပါနဲ့ မိန်းကလေးရဲ့"
"အာ ရင်းရင်းနှီးနှီး ယွီအာ လို့ဘဲခေါ်ပါ ၀မ်၀မ်က သူ့ဉီးလေးကြီးအကြောင်း ယွီအာ လာကတည်းကကြွားနေတာ သိလာ "
ကလေးမလေးက ပြောတော့ ရိပေါ်က မျက်နှာလေး ရဲသွားပြီး
"ယွီအာမ နင်နော်"
"အာဟား မရှက်နေနဲ့ဟ မဟုတ်တာကြလို့"
ကလေးမလေးက ရိပေါ်ရဲ့ပုခုံးကိုကိုင်ရင်း ရီတော့ ရိပေါ်မျက်နှာလေးကပိုလို့ရဲတက်လာတယ်။
"နင်နေခဲ့တော့ လာဉီးလေးကြီး မနက်စာပြင်ပေးမယ် ပါးပါးက ဆိုင်သွားပြီး"ပြောရင်း မီးဖိုခန်းထဲ ရှောင်ထွက်သွားတဲ့ကလေးက အတော်ရှက်နေတာ သေချာတယ်။ဟိုမိန်းကလေးက
"၀မ်၀မ် ငါ့တွက်ရော"
"မေးစရာလူတွေလား လာစားလှည့်"
ရိပေါ် ဖိတ်ခေါ်သံပြုမှ ကလေးမလေးက ခုံတခုထဲ၀င်ထိုင်လိုက်တယ်။ကျောလယ်လောက်ရှိတဲ့ဆံပင်ကို ထုံးတင်ထားပြီး။အကျီအမဲအပွကို ဒူးအုပ် ဘောင်းဘီတိုနဲ့တွဲ၀တ်ထားတဲ့ကလေးမ က မိန်းမဆန်သလိုလိုနဲ့ ယောင်္ကျားဆန်နေပြန်ရော။သေချာကြည့်ရင်ရိပေါ်နဲ့ခပ်ဆင်ဆင်ကလေးမက ရိပေါ်လောက်နီးနီးပါးဖောင်းဖောင်းလေးတွေရှိပြီး နှုတ်ခမ်းကတော့ ရိပေါ်ကနဲနဲထော်ပေမဲ့ ကလေးမကတော့ ပုံမှန်ဘဲ။
YOU ARE READING
𝑴𝒚 𝑴𝒊𝒏𝒆⚠︎
Romance_ဉီးလေးကြီး ကျတော့ကို ပြန်မချစ်နိုင်ဘူးလားဟင်။ _ Wangyibo _ငါ့က ကလေးမချစ်တတ်ပေမဲ့ မင်းကတော့ ချွင်းချက်ဘဲ ၀မ်ရိပေါ်။ _Xiao Zhan