𝕊𝕙𝕖 𝕚𝕤 𝕒𝕟 𝔸𝕝𝕡𝕙𝕒 𝔹𝕦𝕥 𝕊𝕙𝕖 𝕚𝕤 𝕒𝕟 𝔸𝕝𝕡𝕙𝕒 🌹uni (24.2.2024)

42 1 0
                                    

မနက်ဝေလီဝေလင်း အချိန်တစ်ချိန်မှာ ကောင်မလေးတစ်ယောက်ဟာ ရှေးဟောင်းအိမ်ကြီးသို့ သွားနေသည်။

ထိုရှေးဟောင်းအိမ်သည် သူပုန်များ သောင်းကျမ်းစဉ်အခါက
Alphaများအိမ်တော်ဖြစ်သည်။

ယခုအခါတွင် သူပုန်များအေးချမ်းနေရုံသာမက သူတို့၏
အိမ်တော်သည်လဲ တိတ်ဆိတ်မှုက ကြီးဆိုးလျက်။

-------------🌹

လေအေးအဝေ့တွင် ထိုကောင်မလေးခန္ဓာ သေးသေးသည် တုန်တက်သွားသည်။

သို့သော် သူမအားတင်းကာဆက်သွားနေဆဲပင်။
ဒီနေ့တော့ ထိုအိမ်တော်သို့ သူရောက်မှ ဖြစ်မည်။

တိတ်ဆိတ်နေသော အိမ်တော်ထဲ ဝင်လာချိန်တွင် သူသည် ကြောက်ရွံ့မှုအနည်းငယ်ကို ခံစားမိသော်ငြားလည်း ဆက်လက်ဝင်လာခဲ့သည်။

သူမအဘယ်ကြောင့် ဒီနေ့အိမ်တော်သို့ ရောက်လဲဆို
ဤအိမ်တော်၌ ယခုထက်တိုင် မထွက်သွားသေးဘဲ ‌ရှိနေလေသော ယခင်က Alpha ခေါင်းဆောင်ကြီးကြောင့်ပင်။

ထို Alpha Fighter ခေါင်းဆောင်ကြီး၏ အသက်သည် ယခုလောက်ဆို အနည်းဆုံး 80 ခန့်ရှိပေမည်။

"အဖော အဖောရေ အဖော"
(အဖောဆိုတာ မြန်မာလို အဖိုးလို့အဓိပ္ပါယ်ရတယ်)

‌အိမ်တော်၏ နောက်ဘက်ရှိ တိုက်ပွဲကြောင့် ပျက်စီးနေပြီဖြစ်သော အဖိုး၏ အိပ်ဆောင်သို့ ကူးလာလိုက်သည်။

အပျက်အစီးတွေက နေရာတိုင်း၌ရှိနေပြီး နှစ်တွေကြာပြီမို့
လာရတာ ထင်သလောက်မလွယ်ကူချေ။

ထိုအပျက်အစီးများကြားမှ တစ်နေရာ၌ မီးအလင်းရောင်ကဲ့သို့ အလင်းတစ်ခုသည် လင်းလက်နေသည်။

ထိုနေရာသို့ သူမသွားလိုက်သည်။

ထိုနေရာသို့ ရောက်သောအခါ မီးအလင်းရောင်အား စူးစိုက်ကြည့်နေသော ခေါင်းဆောင်ကြီးကိုတွေ့ရလေသည်။

သူမ သက်ပြင်းချကာ ဆက်သွယ်ရေးကိရိယာဖြင့် တစ်နေရာသို့ ချိတ်ဆက်ကာ

"အဖောကို ရှာတွေ့ပြီး ပျက်စီးမှုရဲ့တစ်စွန်းတစ အုတ်ပုံကြား အနက်လေးပေ အကျယ်ရှစ်ပေပဲ ရှိတော့တဲ့ မှော်မီးတောက်ထားရာ အခန်းမှာ"

𝕊𝕙𝕠𝕣𝕥 𝕊𝕥𝕠𝕣𝕪 🌹 {𝕷𝖔𝖓𝕷𝖔𝖓 🌹}Where stories live. Discover now