Part-(4)
F.B:ဧကရာဇ် ဧကရာဇ်
Fang:ဟမ် ... အင်းဖန်းသော့ပင်းလဲ သူ့အထိန်းတော်ကြီး၏
ခေါ်သံကြောင့် အတွေးထဲမှ
ရုန်းထွက်လာလိုက်တယ် ...F.B:ကြင်ယာတော်ဟွား နဲ့ ကျွန်တော်တို့
စောင့်နေတာ ကြာပါပြီ အရှင် ...
ကျွန်တော်မျိုးတို့က အဆင်ပြေပေမဲ့
ကြင်ယာတော်ဟွား အတွက်က ..
Hua:ကျွန်တော်လဲ အဆင်ပြေပါတယ်
Fang:ရတယ် မင်းသွားတော့ လီလျန်ဟွား အော်
ဒါနဲ့ ဒီည အလှဆုံး ပြင်ထားပါ ငါကိုယ်တော်
လာရင် လာခဲ့မယ် ... ဒီညမှ မဟုတ်ဘူး
ညတိုင်း ပြင်ထားပါ လီလျန်ဟွား ပြီးတော့
မင်း ငါ့ခွင့်ပြုချက်မရဘဲ အဆောင်အပြင်ကို
တောင် မထွက်ပါနဲ့ တွေ့ရင် အပြစ်ပေးခံရမယ်
Hua:ကောင်းပါပြီ အရှင် ဒါဆို ဟွားကို ခွင့်ပြုပါဦးလီလျန်ဟွား လဲ ဖန်းဧကရာဇ်ကို
အရိုအသေပေးပြီး ဥယျာဥ်ထဲက
ထွက်လာလိုက်တယ် ... ဥယျာဥ်နဲ့
ခပ်လှမ်းလှမ်းအရောက်မှာ လှပတဲ့
လက်ဝတ်တန်ဆာတွေ အခြွေအရံတွေ
အများကြီး အပြင် နောက်မှာ မိဖုရားပုံစံ
4 ယောက်လောက်နဲ့ သူတစ်ယောက် ကို
တွေ့လိုက်တယ် ... သူ့အထင် တော့ ရှေ့ကသူက
မိဖုရားကြီး ဖြစ်လောက်တယ် ... အဲ့ချိန် သူလဲ
ကြောင်ပြီး ရပ်နေမိပြီး တခြား မိဖုရားလို့
ထင်ရတဲ့ မိဖုရား 4 ယောက်ထဲက 1 ယောက်က
ထအော်မှသာ အသိဝင်လာတယ် ...J:မိဖုရားကြီး တစ်ယောက်လုံး ရှေ့ရောက်နေတာ
တောင် အရိုအသေပြုရကောင်းမှန်း မသိဘူးလား
Hua:ဟွား ... ဟွား တောင်းပန်ပါတယ် ဟွား
အရိုအသေပေးပါတယ် မိဖုရာကြီးအဲ့ချိန် နောက်တစ်ယောက်က ထပ်ပြောတယ် ..
H:ယောက်ျားလေး ကြင်ယာတော် ဖြစ်တဲ့အပြင်
ဘာမဟုတ်တဲ့ လီတိုင်းပြည်လို နေရာမျိုးကဆို
တော့လဲ ဒီလောက်ပဲ ရှိမှာပေါ့ လွှတ်ထားလိုက်ပါ
ဂျူမိဖုရား ရယ် ဟက်သူ့အပြင် သူ့တိုင်းပြည်ကိုပါ စော်ကားနေပေမဲ့
သူ့မှာ ဝတ်စုံကို ခပ်တင်းတင်း ဆုပ်ကိုင်ထားရုံသာ
တတ်နိုင်တယ် ... မိဖုရားကြီးဆိုသူက သူ့ကို ကြည့်
ပြီး တစ်ခုခု စဥ်းစားနေပုံပဲ