မနက်၆နာရီတွင်ထကာ ထမင်းဟင်းချက်ပြီးသည်နှင့် အခန်းတွင်းပြန်ဝင်ကာ ရေချိုးလိုက်သည် ရေချိုးအဝတ်စားလဲပြီးသည်နှင့် ကိုကိုကအိပ်ယာထရင် ရေချိုးရန်အတွက်ရေနွေးနဲ့ရေအေးရောစပ်ပေးထားပြီး ကိုကိုကုမ္ပဏီသွားရင်ဝတ်ဖို့အဝတ်စားတို့ကိုထုတ်ပေးလိုက်သည်
ကုတင်ပေါ်အိပ်နေတဲ့ကိုကို့အနားအသာကပ်လို့သွားကာ ကိုကို့ရဲ့မျက်နှာအစိတ်ပိုင်းတို့ကို အသာတို့ထိကြည့်မိသည်
ပြီးပြည့်စုံအောင်ကို ကိုကိုဟာချောမောလွန်းလှသည် မျက်ခုံးတန်းထူထူတို့ကအနည်းငယ်ကျုံ့ထားတာတွေ့ ရတော့ လက်နဲ့အသာဖြည်လျှော့ပေးလိုက်သည်
အသားရည်ကဖြူတဲ့ဘက်မှာပါသည်
ဂုတ်မထိတထိဆံပင်အနက်ရောင်တို့နှင့်လိုက်ဖက်လွန်းတဲ့ အချိုးကျကျသေးသွယ်သွယ် ကိုကို့မျက်နှာဟာ အပြစ်ပြောစရာမရှိအောင်ကို ချောမောလွန်းလှသည်
"ဘယ်အချိန်ထိ ကိုယ့်မျက်နှာကိုကိုင်ကြည့်နေဦးမှာလည်း"
မျက်လုံးတို့ကိုပွင့်ကာ ပြောလာတဲ့ကိုကို့ကြောင့် ရုတ်တရက်မို့လန့်သွားရသည် သူဘယ်ျလာက်တောင် ငေးကြည့်လိုက်မိတာလည်း ရှက်စရာကောင်းလိုက်တာ
"မ~မဟုတ်ပါဘူးနော် ကိုကို့မျက်နှာမှာခြင်လာနားနေလို့ ဖယ်ပေးတာပါ"
ကြောင်တောင်တောင်နိုင်လွန်းသည်မလား ခြင်မပြောနဲ့ခြင်ထက်ငယ်တဲ့ပုရွက်ဆိတ်တောင်မရှိတဲ့ ဒီအခန်းကြီးထဲမှာ သူပေးလိုက်တဲ့ဆင်ခြေကြီးကလုပ်ဇာတ်ကြီးမှန်းသိသာလွန်းလှသည်
မျက်လုံးတို့ဂနာမငြိမ်လှုတ်ခတ်ရင်း ဆင်ခြေတွေပေးနေတဲ့ကောင်လေးကို လက်ကောက်ဝတ်ကနေဆွဲကာချလိုက်တော့ သူ့ရင်ဘတ်ပေါ်လက်လေးနှစ်ဖက်တင်ကာ မှောက်ရက်လေးလဲကျလာသည်
"ဘာလို့ငြင်းနေတာလည်း ကိုယ့်မျက်နှာကိုကိုင်နေတယ်ဆိုလည်း ကိုယ်ကအပြစ်မပြောပါဘူး ကိုယ်တို့ကလက်ထပ်ပြီးသွားကြပြီဘဲလေ"
နီးကပ်လွန်းတဲ့အခြေနေကြောင့်ထင်သည် ကောင်လေးရဲ့မျက်နှာဟာ စတော်ဘယ်ရီသီးလေးလိုရဲမှည့်နေကာ နားရွက်ဖျားလေးတွေဟာလည်းဘဲ ရဲကာနေသည်
YOU ARE READING
LOSER(Seungjin or Hyunmin)
Fanfictionခင်ဗျားကြောင့်ငါခံစားခဲ့ရသလို ခင်ဗျားရဲ့ညီကိုလည်းငါ့ကြောင့်ဘဲ ခံစားရအောင်လုပ်ပြမယ် Hwang Hyunjin ငါတောင်းပန်ပါတယ် ငယ့်လိုဖြူစင်တဲ့ကလေးတစ်ယောက်အပေါ်မှာ နာကျင်မူ့တွေမပေးပါနဲ့လားကွာ Kim Jeongin ကိုကိုကဟန်ဆောင်နေတယ်ဆိုရင်တောင် ကျွန်တော်ကသိပ်ချစ်တာမို့...