Chapter 13+14

6.9K 159 0
                                    

Love or Hurt – 13+14

အဂ္ဂ က နှိုင်း ကို တစ်စက်မှအဖက်မလုပ်သေးပေ။နောက်ဆုံးထိ တောင့်ခံထားပုံရ၏။

“ကျုပ်အဲ့တာတွေစိတ်မဝင်စားဘူး နှိုင်း…. ကျုပ်ချစ်ပေးရမဲ့အချိန်မှာ အပြည့်အဝချစ်ပေးခဲ့ပြီးပြီ အခုချိန်မှာ ကျုပ်ခေါင်းထဲဘာမှမရှိဘူး ခင်ဗျားကကျုပ်ရဲ့တုံ့ပြန်မှုတစ်ခုခုကိုလိုချင်နေရင် အသုံးမဝင်ဘူး”

“အသုံးမဝင်ဘူးလား”

“ဟုတ်တယ် ကျုပ်အတွက်သူလည်းအပေါစားဆန်သွားပြီမလို့ I don’t fucking care bro”

အဂ္ဂ ရဲ့အပြုအမူကြောင့် နှိုင်း မပြုံးဘဲမနေနိုင်ခဲ့ပါ။ဒီကောင်လေးအကြောင်းကိုပိုပြီးသိရလေလေ ပိုပြီးစိတ်ဝင်စားလေလေ ပဲ ။နှိုင်း အိမ်သို့ရောက်တဲ့အခါ အိမ်ရှေ့မှာကားရပ်ပေးပြီးတန်းထွက်သွား၏။

“ဟေး မင်းဖုန်းနံပါတ်ရနိုင်မလား”

“ကျုပ်ခင်ဗျားနဲ့ထပ်ပြီးမဆုံးချင်တော့ဘူး နှိုင်း ဒီလောက်နဲ့တော်လိုက်တော့”

“ဘာလို့ကိုယ့်ကိုဒေါသတကြီးဖြစ်နေရတာလဲ မင်းကောင်မလေးကို ကိုယ်လုတာကို မင်းစိတ်မဆိုးဘူးဆို ကိုယ့်ကိုဖုန်းနံပါတ်ပေးလေ”

“ခင်ဗျားဘာဖြစ်ချင်နေတာလဲ”

“ကိုယ်မင်းရဲ့ဖုန်းနံပါတ်ကိုလိုချင်နေတာ”

“ကျုပ်ခင်ဗျားနဲ့မပတ်သက်ချင်ဘူး နှိုင်း ခင်ဗျားလိုလူတွေကို ကျုပ်အမုန်းဆုံးပဲ ငွေရှိတယ်ဆိုတိုင်းလုပ်ချင်သလိုလုပ်နေတဲ့သူတွေကို အမုန်းဆုံးပဲ တစ်ဖက်ကမလိုချင်တဲ့ဆက်ဆံရေးကိုဘာလို့ခင်ဗျားက အတင်းလိုက်ပြီးကပ်တွယ်နေတာလဲ”

“မင်းမို့လို့လေ ကိုယ့်အတွက် မင်းကခြွင်းချက်ပဲ အဲ့တာကြောင့် ကိုယ်က မင်းနဲ့ လိုက်ပတ်သက်နေဦးမှာ”

အဂ္ဂ အတော်လေးစိတ်မရှည်ဖြစ်လာ၏။ထိုလူ့လက်ထဲက ဖုန်းကိုယူလိုက်ပြီး ဖုန်းနံပါတ်ရိုက်ထည့်ပေးလိုက်သည်။ဒီထက်ပိုပြီး စကားတွေ ထပ်မပြောချင်‌ေတာ့တာကြောင့်ပဲ။ပြီးတာနဲ့ အဂ္ဂ ထို ခြံထဲကထွက်လာလိုက်သည်။အဂ္ဂ ဆီသို့ဖုန်းဝင်လာတဲ့အခါ နှိုင်း ဆက်တာကြောင့် တန်း Block လိုက်သည်။နောက်ထပ် ဘယ်တော့မှမပတ်သက်တော့ပဲနေတော့မှာ။

Love Or Hurt (Complete )Where stories live. Discover now