ဗိုလ်ရေးမှ
" မင်းတို့ ဒီည ညစာအတွက် တစ်ယောက်ကို ကြက်ပေါင်တစ်ဖက်နဲ့ ပေါက်စီ ကြိုက်သလောက် ရမယ် "
" ဝိုးးးး! "
တပ်သားများ၏ အာမေဒိတ်သံ သည် သံပြိုင်ထွက်ပေါ်လာသည်။
" ဝိုးးးး နောက်ဆုံးတော့ ရွှေရောင်နေ့ ရက်တွေ ရောက်လာပြီဗျို့ "
" ငါပြောမယ် ဂျိုကာ...ဒီလို သဘောကောင်းတာမျိုး က အဖိုးကြီး ရဲ့ ပုံစံ မဟုတ်ဘူးနော်, သေချာပေါက် နောက်ကွယ်မှာ ကြိုတင်ကြံစည်မှု ရှိရမယ် "
" ငှက်အိုကြီးကတော့ ဖင်တုန်နေပြီဟေ့ ဟား ဟား "
ဂျိုကာ၏ ပျက်လုံး ကို ရက်ဘစ် ( Rabbit) မှ
" ဟျောင့်! အီးဂဲလ် မင်းမစားချင်လည်းနေကွာ, ငါတို့ကိုတော့ မြိုမကျအောင် မလုပ်နဲ့ ဟုတ်စ! ကိုယ်လူ "
" နိုး! နိုး! ဘရားသား...ငါပြောချင်တဲ့ အဓိပ္ပါယ် ကို မင်း သိပါတယ်...ငါတော့ ညာမျက်ခုံးတွေ ဆက်တိုက်လှုပ်နေတယ် "
" အိုကေ ဘရားသား မင်းမစားလည်း နေကွာ! ငါတော့ ပေါက်စီ သွားလုလိုက်ဦးမယ် " " အိပ်ယာ၀င်ချိန် မင်းစားဖို့ အတွက်ပါ ငါခိုးခဲ့မယ်ကွာ "
" လေးစားပါတယ် ရက်ဘစ်! သတိတော့ထားကွာ "
တပ်သား များ သည် ထမင်းစားခန်း အတွင်း သို့ ၀ရုန်းသုန်းကာ ၀င်ထွက် သွားလာနေသည်။ သိန်းငှက် အလုအယှက် ပေါက်စီလုနေကြသည့် ရဲဖော်ရဲဘက်များကို စိတ်ပျက်သည့် အကြည့်ဖြင့် ကြည့်ကာ သူ၏ ခေါင်းပေါ်မှ စစ်ဦးထုပ်ကိုချွတ်၍ စိတ်ပျက်လက်ပျက်ဖြင့်သာ မြေပြင်ပေါ် ပစ်ချ၍ ကျနစွာ ထိုင်ချလိုက်သည်။ ၎င်းနောက်
သူလည်း တစ်စုံတစ်ခုကို စိတ်ပိုင်းဖြတ်ပြီးဟန်ဖြင့် ရဲဘော်များနည်းတူ ထမင်းစားခန်း အတွင်း သို့သာ ၀င်ခဲ့လိုက်တော့သည်။" သေမယ့် သေတော့ သောက်သတောင်းစားတွေပါ ပါတာပဲလေ။ ကိုယ်ချည်းမှတ်လို့! ပေါက်စီလည်း လုသာလုတော့ကွာ "
သိန်းငှက်သည် ဘာသာ အားတင်းလိုက်ပြီး
" ဟေ့ ကောင်တွေ ဟိုမှာ ဗိုလ်ချုပ်ကြီးလာနေပြီ "
YOU ARE READING
The Egal
ActionWarm Seme, Sniper Seme, ,Hidden Identity, Calm Uke, Rich Uke, Comedy , Romance, Gun Violence, Military Setting