" ကင်မ်ထယ်ယောင်း ငါ့ကို Banana Milk သွားဝယ်ပေးစမ်း "
အတန်းထဲတွင် စာလုပ်နေသော ကင်မ်ထယ်ယောင်းအား ဂျောင်ကုက ပြောလိူက်သည်။
" ဟို ထယ်...စာ..."
" 5မိနစ်မစောင့်ရစေနဲ့ ..အမြန်ပြန်လာခဲ့.."
"ဟုတ်..."
ထယ်ယောင်းသည် 5မိနစ်မကြာစေရန် ရေးလက်စစာအုပ်ကိုထားပြီး အမြန်ကျောင်းပေါက် ကစတိုးဆိုင်သို့ ပြေးသွားလိုက်သည်။
" ဂျောင်ကု မင်းထယ်ယောင်းအပေါ်ဆို အရမ်းနိုင်တာပဲ သူ့ခမျာ ကျောင်းရောက်တုန်းလေး စာလုပ်ရတာကို..."
ဂျီမင်းသည် ထယ်ယောင်းအပေါ် ရက်စက်လွန်းသော ဂျောင်ကုအား ပြောလိုက်သည်။
" သူက ငါ့အိမ်က ကျွန်မို့ ငါခိုင်းတာလေ ငါကသူ့ကို ပိုးလိုဥနေရမှာလား..."
ဂျီမင်းလည်း ဂျောင်ကုအား မနိုင်သလိုအကြည့်ဖြင့်ကြည့်ကာ ခေါင်းကိုခါရမ်းလိုက်သည်။
"ဟို...ဒီမှာBanana Milk ..."
"အင်း..."
ထယ်ယောင်းသည် ဝယ်ပေးးရာရှိတာဝယ်ပေးပြီး အတန်းက ကိုယ့်နေရာကိုယ် ပြန်ထိုင်လိုက်သည်။ကျောင်းပေါက်ဝနှင့် ကျောင်းခန်းက အတော်လှမ်းသည်မို့ 5မိနစ်မကြာအောင်ပြန်ရောက်လာဖို့ အပြေးသွားရသည့်အတွက် ထယ်ယောင်းခန္ဓာကိုယ်သည် ချွေးများလည်း ထွက်နေသည်။
ဂျောင်ကုသည် ထယ်ယောင်းဝယ်လာပေးသော Banana Milkအား သောက်နေရင်း အောင်နိုင်သူအပြုံးလို မဲ့ပြုံးလိုက်သည်။
ဒီလိုနဲ့ ကျောင်းဆင်းချိန်တွင် ထယ်ယောင်းသည် ချက်ချင်းမပြန်သေးပဲ အိမ်စာများကို ပြီးအောင်အရင်ရေးလိုက်သည် ။
စာဆိုအမြဲတမ်း ကျောင်းမှာအပြီးလုပ်ရသည်။ အိမ်တော်ကိုပြန်ရောက်ရင် အလုပ်တွေကမနားတမ်း လုပ်နေရတော့မှာမို့ စာလုပ်ချိန်တောင် မရပါ။
" ကင်မ်ထယ်ယောင်း မပြန်သေးဘူးလား..."
"အခု...ပြန်တော့မလို့ပါ...ကိုကိုလေး.."
ဂျောင်ကုသည် လွယ်ထားသည့်ကျောပိုးအိတ်အားထယ်ရောင်းဆီ ပစ်ပေးလိုက်သည်။ အခန်းပေါက်ဝကနေ အခန်းထဲရှိ ထယ်ယောင်းဆီသို့ ပစ်လိုက်သည့်အတွက် ထယ်ယောင်းမှ အင့်ခနဲ
ဖြစ်သွားရသည်။