intro

950 52 3
                                    

                          

      ကျင့်ကြံရေးလောကရဲ့ နံပါတ်တစ်အကြီးဆုံးဓါးဂိုဏ်းတစ်ဂိုဏ်း ရဲ့တောင်သခင်တစ်ယောက်ဖြစ်တဲ့ ဖုန်းရှီယွင် သည်လူတစ်ယောက်ကိုချစ်မိသွားပြီး ထိုလူအတွက်သူအရာရာကိုလုပ်ပေးခဲ့ကာ သူ့ရဲ့အရေးကြီးဆုံး အသက်ဖီနစ်မွေး ကိုတောင်ပေးအပ်ခဲ့တယ်။ဒါပေမဲ့ အဲဒီလူကတော့ သူ့ကိုမချစ်ပဲ သူ့ရဲ့တပည့်လေးကိုချစ်မြတ်နိုးနေပြီး သူပေးသမျှရတနာပစ္စည်းများကိုလည်း သူ့ရဲ့တပည့်လေးကိုပဲ့ပေးခဲ့တယ်။

        အဲဒါကိုသိသွားတဲ့ဖုန်းရှီယွင်ဟာ သူ့ရဲ့တပည့်လေးကိုအ‌ေကြာင်းမရှိအ‌ေကြာင်းရှာပြီးတော့ အမျိုးမျိုးနှိပ်စက်ပါတော့တယ်။သူချစ်တဲ့ သူကိုနှိပ်စက်နေကြောင်း ကြားသိလိုက်‌တဲ့အခါ ဖုန်းရှီယွင်ရဲ့ ယခင်ကပြုလုပ်ခဲ့‌ေသာလုပ်ရပ်များကို လူအများသိအောင် ဖော်ပြလိုက်တော့သည်။ ထိုအခါ ဖုန်းရှီယွင်က ထိုလူအားသွားရှာပြီး အကြောင်းပြချက်ကိုမေးခဲ့သည်။

"လော့ချင်းရှန်  ဘာဖြစ်လို့လဲ ငါအဲလိုတွေလုပ်ခဲ့တာနင်ခိုင်းလို့လေ အခုမှငါ့ကိုလာပုံချနေရတာလဲ"

" အဲတာဆို မင်းဘာဖြစ်လို့ အားရွှယ်ကိုအမြဲတမ်းအနိုင်ကျင့်‌ေနတာလဲ"

" ငါမင်းကိုချစ်လို့လေ ငါမင်းအတွက်အရာအားလုံးကိုလုပ်ပေးခဲ့တယ် အဲဒီလင်းရွှယ်ကငါ့အထက်ဘာများသာနေလို့လဲ"

" ငါကသူမို့လို့ကိုချစ်တာ"

" ဒါဆိုရင်လဲ လော့ချင်းရှန်!! ငါမင်းကိုသတ်မယ်!!!"

      သူတို့နှစ်ယောက်တိုက်ခိုက်ကြပါတော့တယ် ။ဒါပေမဲ့ သူ့ရဲ့ဖီနစ်အမွေးက လော့ချင်းရှန်ရဲ့လက်ထဲမှာရှိတာကြောင့် သူရဲ့ဝိညာဥ်စွမ်းအားတွေက လော့ချင်းရှန်ကို ထင်သလောက်မထိခိုက်နိုင်ပေ။သို့သော်လည်း လော့ချင်းရှန်ကတော့ ဖုန်းရှီယွင်ကိုမညှာတာခဲ့ပေ။သူ့ရဲ့ ထျန်းရှန်းဓါးနဲ့ ဖုန်းရှီယွင်၏နှလုံးအိမ်အားချိန်ရွယ်ကာ ထိုးချလိုက်တော့သည်။

      ဖုန်းရှီယွင် သူလူရွေးမှားသွားခဲ့သည့်အတွက် အလွန့်အလွန်နောင်တရနေခဲ့သည်။သို့သော်လည်း အချိန်နှောင်းခဲ့လေပြီ။

" ငါကျိန်ဆိုတယ် လော့ချင်းရှန် အစကနေသာပြန်စခွင့်ရခဲ့ရင် တွေ့တဲ့နေရာမှာမင်းကို ဘိုးဘေးတရအောင်အထိရိုက်မယ်!!"

      ထို့နောက် သူသေဆုံးသွားခဲ့သည်။ ဖီနစ်ငှက်များသည် ပြန်လည်မွေးဖွား၍ရသော်လည်း သူ၏အသက်မွေးဟာမရှိတော့သောကြောင့် သူဟာပြန်လည်မွေးဖွား၍မရတော့ချေ။

      သို့သော်လည်း ကံတရားကသူ့အားမျက်နှာသာပေးခဲ့သည်။သူသည် ဤကမ္ဘာဟာ ဝတ္ထုတစ်ပုဒ်ဖြစ်ပြီးတော့ အဓိကဇာတ်လိုက်ဟာ လော့ချင်းရှန်ဖြစ်ပြီး ဖုန်းရှီယွင်ကတော့ လောချင်းရှန်နဲ့ သူ့ရဲ့အချစ်လေးတို့ရဲ့ကြားက အချစ်တွေသန်မာစေဖို့အတွက် ကြားဝင်ပေးရတဲ့အမြောက်စာလေးတစ်ကောင်သာဖြစ်ကြောင်း သိလိုက်ရသည်။

 
        ထို့နောက်တွင်တော့..........

__________________________________

Update ကတော့လာချင်တဲ့နေ့လာပါမယ်(-_-;)
ဒီလိုပုံစံလေးကိုအရမ်းရေးချင်‌ေနလို့ပါ(;ŏ﹏ŏ)

ဖီနစ်တစ်ကောင်၏ရှင်ပြန်ထမြောက်ခြင်းWhere stories live. Discover now