〃7〃

366 36 0
                                    

"ဟန်ဘင်းရေ ဟန်ဘင်း"

"ဪ ဟာအိုလာပြီလား သွားမယ်"

"အယ်!! ဒီမနက်အနောက်အရပ်က နေထွက်ခဲ့တာများလား ဒါမှမဟုတ် ထီတွေဘာတွေများသွားကံစမ်းသင့်သလား"

"မင်းကလဲ ငါစောစောပြီးနေတာ အဲ့လောက်တောင်ယုတ္တိမရှိနေဘူးလား...ဟမ် 
ထယ်ရယ်မရှိတော့ အိမ်ကပျင်းခြောက်သွားခဲ့တာ အဲ့တာကြောင့် ကျောင်းကိုစောစောသွားပြီးထယ်ရယ့်ကိုတွေ့ရမှာပေါ့ မဟုတ်ဘူးလား ဟီးဟီး"

"ဪ~ အင်းပေါ့"

ပြောတဲ့သူကသာပြုံးပြီးပြောနေပေမဲ့ နားထောင်နေရတဲ့သူမှာတော့ နာကျင်မှုတွေကိုဖုံးကွယ်ကာ အသက်မဝင်တဲ့အပြုံးတစ်ခု ဖန်းတီးယူနိုင်ဖို့ကြိုးစားနေရတာပေါ့

"ဟာအိုရေ ထယ်ရယ့်ကို ဒီနားမှာစောင့်ကြမလား ပြီးမှအတူတူ အတန်းထဲသွားကြရအောင်လေ"

"အင်း စောင့်ကြတာပေါ့ ဒီမှာပဲ"

သိပ်မကြာခင်မှာပဲ ကြားလိုက်ရတဲ့အသံစာစာလေးကြောင့် ထယ်ရယ်လေးရောက်လာပြီမှန်းသိလိုက်ရတယ်

"ဟျောင်းတို့ ကျွန်တော့်ကိုစောင့်နေကြတာလား"

"အင်း ဟုတ်တယ် ပြပါဦးငါတို့ထယ်ရယ်လေး အန္တရာယ်ကင်းခဲ့တယ်မလား"

"ဒါပေါ့ ဟာအိုဟျောင်းရဲ့ ကျွန်တော်လူကြီးဖြစ်နေပါပြီ"

"မသိပါဘူး ဟျောင်းတို့မျက်လုံးထဲမှာတော့ကလေးလေးပဲ"

"ဟုတ်ပါပြီ ဒါနဲ့ ဟျောင်းတို့ကျောင်းလာတာစောတယ်နော် ကျွန်တော်ကလမ်းအသစ်မို့နောက်ကျမှာစိုးတာနဲ့စောစောလာပြီး
ဟျောင်းတို့ကို‌စောင့်နေဖို့တောင်လုပ်တာ"

"ဟိုမှာလေ ကျေးဇူးရှင်က ကျားသာမိုးကြိုးကျောင်းသွားဖို့အဆင်သင့်ဖြစ်နေခဲ့တာလေ အဲ့တာကြောင့်"

"ဘယ်လို!!! ဟန်ဘင်းဟျောင်းစောစောပြီးနေခဲ့တယ်ပေါ့ ဟုတ်လား ... ဟျောင်းရယ်ဟုတ်မှလဲပြောပါ"

အဲ့လိုပြောလာမှာသိနေတယ် ဆိုတဲ့မျက်နှာပေးမျိုးသုံးကာ ခေါင်းတငြိမ့်ငြိမ့်လုပ်ရင်း ဟာအိုက

"မယုံစရာပေမဲ့ ယုံရမယ် ထယ်ရယ်ရေ ဟျောင်းကိုယ်တိုင်ကြုံခဲ့ရတာမို့"

You've reached the end of published parts.

⏰ Last updated: Feb 16 ⏰

Add this story to your Library to get notified about new parts!

More than Friendship Where stories live. Discover now