''ဖုန်းတစ်လုံးလောက်ရချင်လို့ အေး ဖုန်းပြောရုံပဲမို့အကောင်းကြီးထဲကမဟုတ်လည်းရတယ်''
ပန်းကလေးသတိရလာလာချင်းနားထဲမှာဦးစက်ရဲ့အသံကိုကြားလိုက်ရတာကြောင့်မျက်လုံးကိုအားယူကာဖွင့်ကြည့်တော့ဦးစက်ကသူမအားကျောပေးကာဖုန်းပြောနေတာပင်။
''အင်း ဒါပဲ''
သူဖုန်းချပြီးပန်းကလေးကိုလှည့်ကြည့်တော့သူမကသူ့အားညှိုးနွမ်းနေတဲ့မျက်နှာနဲ့ပြန်ကြည့်နေလေ၏။
''နိုးပြီလား''
''ဦးစက် ဟိုလူနှစ်ယောက်ကိုဦးစက်ဘာလို့အဲလိုလုပ်တာလဲဟင်''
''ဘာ! ပန်းကသစ်နီ မင်းကအဲ့ကောင်တွေကိုစိတ်ပူနေတာလား ဟမ်''
''သူတို့ကပန်းကလေးကိုကူညီပေးတာပါ''
သူမစကားကိုကြားတော့စက်ကွင်းဟက်ခနဲပြုံးကာသူမလက်မောင်းနှစ်ဖက်ကိုဖိညှစ်၍မျက်နှာကိုစီးမိုးကြည့်ကာ
''သူတို့ကမင်းကိုကူညီတာမဟုတ်ဘူး မင်းမှတ်မိသေးလား ငါနဲ့မင်းနဲ့အတူ...ခဲ့တဲ့ညကို သူတို့ကမင်းကိုအဲလိုလုပ်မလို့ နားလည်လား''
''ဟင်''
''မင်းမမှတ်မိတော့ရင်ငါပြန်ပြီးသတိဖော်ပေးရမလား''
''ဟင့်အင်း မ''
သူမစကားမဆုံးခင်ဦးစက်အားသူမနှုတ်ခမ်းအားခပ်ကြမ်းကြမ်းအငမ်းမရနမ်းပြီးလက်ကလည်းသူမရဲ့ဖဲသားညဝတ်အင်္ကျီလေးကိုကြယ်သီးတွေတစ်လုံးချင်းဖြုတ်ကာဆွဲချွတ်ပစ်ပြီးခပ်ဝေးဝေးကိုလွှင့်ပစ်လိုက်၏။
အရိုင်းဆန်သောသူ့အနမ်းတွေနဲ့သူမခန္ဓာကိုယ်အားခပ်ကြမ်းကြမ်းထိတွေ့နေသောဦးစက်ရဲ့လက်တွေကြားမှာပန်းကလေးအသက်ရှူကြပ်ပြီးမျက်ရည်တွေပါဝေ့လာရ၏။
ပန်းကလေး ဦးစက်ရဲ့ရင်ဘတ်အားအတင်းတွန်းလွှတ်တော့ဦးစက်ကသူမအားမျက်လုံးစိမ်းတွေနဲ့ကြည့်လာကာ
''ကိုယ့်ယောကျ်ားကိုဘာလို့ငြင်းနေတာလဲ မင်းငါ့ကိုစိန်ခေါ်နေတာလား''
''မဟုတ်ပါဘူး ပန်းကလေးအသက်ရှူကြပ်လို့ပါ''
စက်ကွင်းကဗလာဖြစ်နေသောသူမအပေါ်ပိုင်းကိုကြည့်ကာ
YOU ARE READING
You are mine [completed]
RomanceCompleted မိဘတွေသေဆုံးသွားရတာဟာသူ့အဖေရဲ့မယားငယ်ကြောင့်ဆိုပြီးအငြှိုးအတေးတွေကြီးနေခဲ့တဲ့နေ့စက်ကွင်းတစ်ယောက် သူ့အဖေမယားငယ်ရဲ့သမီးလေးကိုခေါ်ယူစောင့်ရှောက်ထားပြီးမှအသက်ပြည့်တာနဲ့ဆွဲစားပစ်ပြီးအနိုင်ကျင့်နှိပ်ခဲ့ပြီးနောက် သူထင်ထားတဲ့အရာတွေကတစ်ကယ်အမှန်တရား...