၁၉၈၉ခုနှစ်.... မေလလယ်
..........................................Cause I in the field of dandelions
Wishing on everyone that you'll be mine~~~~
And I see forever in your eyes
I feel ok when I see your smile~~~~~~
Wishing on dandelions......အဝေးပြေးလမ်းမထက်ခပ်ငြိမ့်ငြိမ့်လေးမောင်းနှင်နေသည့် van ကားအနီရောင်လေးအတွင်းပျံ့နှံ့နေသည့် Ruth.b ၏ Dandelions သီချင်းကိုဂျယ်ယွန်းကခပ်တိုးတိုးညည်းရင်း စိတ်လှုပ်ရှားလို့နေသည် ။ ဒုဓလီပန်းတွေကိုမမြင်ဘူးတာတောင် အကြိုက်ဆုံးပန်းကဘာလဲလို့ ဘယ်အချိန်မေးမေး ဂျယ်ယွန်းက ဒုဓလီပန်းလို့ပဲဖြေလိမ့်မည်။
သူအခုစိတ်လှုပ်ရှားနေရတဲ့အကြောင်းအရင်းကလည်းထိုပန်းတွေကြောင့်ပဲ ။ သူ့တစ်ဘဝလုံးသဘောကျခဲ့ရတဲ့ ပန်းတွေကိုကိုယ်တိုင်မြင်တွေ့ခွင့်ရတော့မယ်လေ ။_
ငယ်ငယ်ထဲကမိဘတွေဆုံးပါးသွားတာကြောင့်ဂျယ်ယွန်းကအမျိုးတွေအိမ်မှာလှည့်ပတ်နေခဲ့ရသည် ။ အမျိုးတွေအားလုံးက ဂျယ်ယွန်းကို လူပို၊အရှုပ်ထုတ် တစ်ယောက်လိုသဘောထားခဲ့ကြတာကြောင့် တော်တော်လေးဝမ်းနည်းပြီး စိတ်မကောင်းဖြစ်ခဲ့ရပေမယ့် သူနောက်ဆုံးနေခဲ့တဲ့အမျိုးအိမ်က အန်တီကော့တနီကတော့သူအပေါ်သားအရင်းတစ်ယောက်လို့ဆက်ဆံပေးသည် ။
ပြဿနာကဘာလဲဆိုတော့ အန်တီကော့တနီ၏သမီးဖြစ်သူ ကတ်သရင်းပင်။ ကတ်သရင်းက ဂျယ်ယွန်းအပေါ်လုံးဝကိုအမြင်မကြည်ခဲ့တာဖြစ်သည် ၊ အန်တီကော့တနီကသူ့အပေါ်သားအရင်းတစ်ယောက်လိုဂရုစိုက်ပေးတော့ ကတ်သရင်းက သူမအမေကိုဂျယ်ယွန်းကလုသွားမှာလို့အမြဲတွေးပြီး ဂျယ်ယွန်းကိုအိမ်ကမထွက် ထွက်သွားအောင်အနိုင်ကျင့်ခဲ့သည်။
ထိုကိစ္စတွေကိုအန်တီကော့တနီကသိတော့ ကတ်သရင်းနဲ့စကားများကြသည်။ အမြဲလိုလို ဂျယ်ယွန်းကြောင့်နဲ့အန်တီတို့သားမိစကားများရတာကို ကြာလာတော့ ဂျယ်ယွန်းကအလွန်ပင်အားနာလာရသည်။ အဲ့တာကြောင့် ဂျယ်ယွန်းကအန်တီကော့တနီတို့အိမ်ကထွက်လာဖို့ပဲဆုံးဖြတ်လိုက်သည်။
အစပိုင်းတော့ အန်တီကဂျယ်ယွန်းကိုထွက်သွားဖို့ခွင့်မပြုပေမယ့် ခေါင်းမာတဲ့ဂျယ်ယွန်းကိုဘယ်လိုမှပြောလို့မရတာကြောင့် အန်တီကခွင့်ပြုပေးလိုက်သည်။ ကံကောင်းချင်တော့ ဂျယ်ယွန်းအန်တီတို့အိမ်ကထွက်သွားမယ်လို့ဆုံးဖြတ်ပြီးနောက်နေ့မှာပဲ မြို့တက်ပြီး ပန်းလာပို့ရင်းအန်တီကော့တနီတို့အိမ်ကိုလမ်းကြုံဝင်လာတဲ့ အန်ကယ် စတိဗ်နဲ့တွေ့သည်။
YOU ARE READING
Dandelions Under The Moon Light | Sunjake
Fanfictionရှင်းမ်ဂျယ်ယွန်းက ဒုဓလီပန်းလေးတွေကို သဘောကျတယ်။ ကင်မ်ဆောနူက ဒုဓလီပန်းလေး ဖြစ်တယ်။