အလံဖြူပြ၍သာ(အပိုင်း၁)

4 0 0
                                    

၂၀၁၈ ခုနှစ်..
ဒေါ်စိုးရီတစ်ယောက်ရပ်ကွက်တစ်ခုလုံးကို ဒံပေါက်ဝေနေသည်။
"အမတင်ငွေရေ....."အိမ်ရှေ့ကနေမျက်နှာထားချိုချိုနှင့် အော်ခေါ်နေသည့်အတွက်ဒေါ်တင်ငွေထွက်ကြည့်၏။
"ဪ အမစိုးရီ...ဘာကိစ္စပါလိမ့် လက်ထဲမှာလဲ ဖော့ဘူးတွေနဲ့ ဘာလုပ်မို့လဲ"
" အမတင်ရယ်...ဒီနေ့က ကျွန်မ‌သားလေးကျောင်းဆင်းပြီလေ....ဟိုအရင်အပတ်ကပဲကျမပြောသေးတယ်လေ"
မျက်ခုံးကျုံ့၍ခပ်ပြုံးပြုံးမေးသော်
ဒေါ်တင်က ပြန်သတိရဟန်ဖြင့်
"ဪ...ဟုတ်သားပဲ...မောင်သုတက
ဘာကျောင်းတတ်တာ"
သူမသတိရပြန်သော်လည်း ဘာကျောင်းမှန်းမမှတ်မိ
"D.S.Aလေ အရာရှိသင်တန်း"
"အခုဆို ကျွန်မသားလေးက ဗိုလ်လောင်းမဟုတ်တော့ဘူး ဗိုလ်ဖြစ်ပြီ"
"တာ၀န်ကျတာကလဲ ရန်ကုန်မြို့ပေါ်မှာလေ"
"သားလေးက ကျောင်းမှာ စာပေရော၊
အားကစားထူးချွန်ဆုရော ရတာတဲ့"
ဒေါ်စိုးရီကသားကိုအမွှန်းတင်ကာ အားပါးတရပြောလေသည်။
"ဟုတ်ပါပြီ .ရှင့်သားလေးတော်ပါပေတယ်..ဗိုလ်ကြီးမိခင်ရယ်"
ဒေါ်တင်ငွေကလဲမြှောက်ပင့်ပြော၍
"လက်ထဲက ဟာလေးလဲ ပေးဖို့မေ့နေအုံးမယ်"
"မမေ့ပါဘူး...ရော့...ဒံပေါက်တွေကျွန်မနဲ့သမီးလေးတမနက်လုံးလိုက်ဝေနေတာ လက်မလည်ဘူး ဆိုင်ကမှာနေရတာ..သမီးလေးကလည်း‌ဆရာမဖြစ်ပြီလေ..ကဲကဲ..ဒါဖြင့်ကျွန်မဆက်ဝေလိုက်အုံးမယ်နော် အမတင်"
ဒေါ်စိုးရီကမျက်နှာပန်းလှလှနဲ့သားရောသမီးပါအားရပါးရကြွားသွား‌လေသည်။........
သင်တန်းဆင်းခြင်းပဲ နောက်တစ်နေ့ သက်ဆိုင်ရာ ရန်ကုန် အမြှောက်တပ်သို့‌ေရာက်လေသည်။
" ဟူးး...အပြင်လောကနဲ့ဝေးကွာနေတာ...ဘယ်လောက်တောင်ကြာပြီလဲ"
"ကျောင်းကြကိုလွမ်းလိုက်တာ"
သုတတစ်ယောက်‌သတ္တာနေကိုနေရာတကျရွှေ့ပြီး ၀ရံတာမှ တွေးနေစဉ်
"ဟျောင်သုတ..မင်းသတ္တာသယ်ပြီးရင်ငါ့လဲကူသည်လေကွာ အ့မှာဘာလုပ်နေတာလဲ"
အောက်ထပ်မှသုတရဲ့ ကျောင်းနေ တစ်ပတ်စဉ်ထဲသူငယ်ချင်းကလှမ်းအော်မှ သုတ သတိ၀င်၍
"အေးကွာ...ငါကျောင်းကိုလွမ်းလို့ပါ"
"ဘာမှလွမ်းမနေနဲ့ အခုမိခင်တပ်ရောက်နေပြီ"
စိတ်သစ်လူသစ်နဲ့ ကောင်မလေး ထားကြစို့"
"ဘာမှလဲမဆိုင်ဘူး...ငထူး အရူး"
သုတက စနောက်၍ အ့လိုခေါ်ရင် ထူးမောင်မောင်ကမကြိုက်
"ဟျောင် ငါအရာရှိတစ်ယောက်ကိုအ့လိုခေါ်စရာလား"
ထူးမောင်က ခါးထောက်မေးငေါ့၍ စနောက်ဟန်ဖြင့်မေးသော်
"မင်းက ပေါတုန်းနော်..အ့ကြောင့်လဲ..ကြိုက်မဲ့သူမရှိတာ"
သုတက စနောက်၍
"အေးပါအေးပါ မင်းစောင့်ကြည့်"
တီ....တီ...( သုတဖုန်းမြည်သံ)
"ဟယ်လိုအမေ "
"အေး‌သားလေးရေ...တပ်ကအဆင်ပြေရဲ့လား"
"ဟုတ်အမေ ပြေပါတယ်"
"ဟုလား...သား အမလဲ ဆရာမဖြေတာအောင်တယ်တဲ့..အမေဂုဏ်ယူလိုက်တာကွယ်..သားကဗိုလ်..သမီးကဆရာမ ..မွေးရကျိုးနပ်လိုက်တာ"
အမေရဲ့၀မ်းသာအားရပြောနေပုံက သုတကိုလဲ အပျော်ကူးစက်စေသည်။
"ဒါနဲ့သားလေး ခွင့်ပြန်လာမှာလား"
‌"လောလောဆယ်တော့ မရသေးဘူး
သင်္ကြန်လောက်ကျမှလာမယ်လေ"
"ဟုတ်ပြီ ဟုတ်ပြီ....အမနဲ့ကောဖုန်းဆက်လား"
"မနက်ကဆက်သေးပါတယ် မကိုင်လို့လေ"
"ဟုတ်လား ...သားအမက ကျောင်းကိုဆိုင်ကယ်နဲ့သွားရတာလေ သူမအားလို့နေမယ်"
"အင်းပါ....ညကျဖုန်း‌ပြန်ခေါ်လိုက်မယ်လေ"
"အေးအေး..သားလေးလဲနားအုံး"
"အမေဖုန်းချလိုက်တော့မယ် "
"ဟုတ်အမေ"......******

Calling me Where stories live. Discover now