အလံဖြူပြ၍သာ(အပိုင်း၂)

0 0 0
                                    

(Hollowing Japan food) အဆင့်မြင့်ဂျပန်စာသောက်ဆိုင်တစ်ခု ရန်ကုန်၊စမ်းချောင်းမှာဖွင့်လှစ်ထားတဲ့ နာမည်ကြီး စားသောက်ဆိုင်တွင် ၀န်ထမ်းများက ဆယ်တန်းအောင်အနိမ့်ဆုံးနှင့် အင်္ဂလိပ်စာကျွမ်းကျင်သူဦးစားပေး၏။
ခရီးသွားများနှင့်နိုင်ငံခြားသားအများစုလာလေ့ရှိသောဆိုင်ဖြစ်သည်။
"ကောင်းဆက်....."
စီနီယာကျတဲ့ စာဖိုမှူးတစ်ယောက်က ကောင်းဆက်ကိုခေါ်လိုက်၏။
"ဗျာ...အကို"
ကြက်သွန်လှီးရင်း ကောင်းဆက်လှမ်းထူးလိုက်သည်။
"ညီလေး.... ဒီကိုခဏလာကူပါအုံး"
လှီးလက်စကြက်သွန်ကိုထားခဲ့၍
"ဟုတ်....ဘာခိုင်းမို့လဲအကို"
"အေးကွာ ဒီမှာ ....ဆူရှီတစ်ဗန်း ...
ဝိုင်းနံပါတ် ၁၂ နော်"
"ဟုတ်"
ကောင်းဆက်သွင် တစ်ယောက်ဆယ်တန်းအောင်ပြီးချင်းအသိမိတ်ဆွေအကူအညီနဲ့ ဤဆိုင်တွင်အလုပ်ရလာသည်။
ဝါသနာနဲ့ထပ်တူကျသဖြင့် ထိုအလုပ်ကိုသူသဘောကျသည်။
မိဘများက ရွာသူရွာသားများဖြစ်ပေမယ့် ရွာရဲ့ မျက်နှာဖုံးများဖြစ်သည်။
ကို့အားကိုကိုးရတာကြိုက်သူဖြစ်၏။
ချုပ်ချယ်မှုနှင့် အမိန့်ပေးမှုကို သူမကြိုက်။
လူပုံကြည့်လျှင် အေးလွန်းသည်၊
‌ေကြာက်တတ်သည်ဟုထင်ရသည်။
အသားဖြူဖြူ ပိန်ပိန်သွယ်သွယ်နဲ့ အရပ်က ၅ပေ ၉လောက်မျှ ရှိသည်။
နှုတ်ခမ်းပါး၍ မျက်လုံးများကရွှန်းလဲ့နေသည်။
ဆူရှီဗန်းကို ကိုင်လာသည့် လက်နှစ်ဖက်ရှိလက်ချောင်းကလေးများက သေးသွယ်လွန်းသည်။
ဝိုင်းနံပါတ်၁၂သို့ ဆူရှီဗန်းကို ချပေး၍
"ဆူရှီရပါပြီ....သုံးဆောင်ပါဗျာ"
"လိုအပ်တာရှိရင်ပြောပါဗျ"
"စားစရာမလိုတော့ဘူးနော်မောင်လေး......လိုနေတာက...ဟီးးး"
ခပ်၀၀ နဲ့ customer အမျိုးသမီးတျောက်က ကောင်းဆက်ကို စသော်
ဘေးကသူငယ်ချင်းက အားနာဟန်နဲ့
"နင်ကလဲ သိပ်ကိုရွတယ်...မောင်လေး
စိတ်ထဲမထားနဲ့ သူကစနေတာ"
"ဒီအကင်ဗန်းလေးကုန်နေတာပြန်ယူသွားတော့နော်"
မကြာခဏ customer အမျိုးသမီး တွေရဲ့ စနောက်မှုကိုနေသားကျတဲ့ ကောင်းဆက်အတွက်အဆန်းကြီးမဟုတ်"
အပြုံးမပြက်ပဲ အကင်းဗန်းလေး သိမ်းပြီး တစ်ဖက်အလှည့်
ဆိုင်ထဲသို့၀င်လာတဲ့ customer အမျိုးသားနှစ်ဦးထဲမှ တယောက်နှင့်ထိမိ၍ အချဉ်ရည်များ က ထိုလူကိုပေကုန်၏။
"ဗွမ်း....ဟာ အကို ကျွန်နော်တောင်းပန်ပါတယ်ဗျာ"
ပြာပြာသလဲနှင့်သူအထိပ်တလန့်ဖြစ်သွားကာ စာပွဲပေါ်သို့ ဗန်းတင်၍ အိတ်ကပ်ထဲမှပဝါနဲ့သုတ်ပေးလေသည်။
ဘေးမှပါလာသည့် ထူးမောင်မောင်က
"ဟေ့...မင်းလူတယောက်လုံးလာနေတာမမြင်ဘူးလား"မျက်‌မှောင်ကုပ်ကာ
စိတ်ဆိုးစွာနှင့်ပြောသည်။
ရင်ဘတ်ပေါ်သို့ ပုဝါနှင့်သုတ်ပေးနေသော ကောင်းဆက်သွင်ရဲ့လက်များကရပ်တန့်သွားသည်။
ပုဝါကိုကျစ်ကျစ်ဆုပ်ထား၍လက်နှစ်ဖက်ကိုပြန်ရုတ်လိုက်သည်။
သူ့ထက်ခေါင်းတစ်လုံးပိုမြင့်သော သုတ ရဲ့ မျက်နှာကိုသူမကြည့်ဝံ့ အမှားလုပ်မိသော အပြစ်သားကဲ့သို့ ခေါင်းငုံ့နေ၏။
"ရပါတယ် ..ထူးမောင်ရာ...အ့လောက်ပြောဖို့မလိုပါဘူး...မတော်တဆဖြစ်တာလေ"
ကြယ်သီးလေး နှစ်လုံးလောက်ဖြုတ်လိုက်ရင်း" မင်းစားစရာမှာထားနှင့်"
ညီလေးကအကို့ကိုtoilet သာ လိုက်ပြပေး"
သဘောထားကြီးကြီးနဲ့ဩဇာသံပါပါ
ခပ်အေးအေးတည်တည်ငြိမ်ငြိမ် ပြောတဲ့အသံကြောင့်
ကောင်းဆက်မော့ကြည့်မိသည်။
"ဟုတ်...ဟုတ်ကဲ့....ဒီဖက်ကိုကြွပါအကို "ဆိုကာ လမ်းညွှန်ခေါ်ဆောင်သွားသည်။
ဘေစင်တွင်သုတ အင်္ကျီကြယ်သီးများအကုန် ဖြုတ်ကာချွတ်လိုက်သည်။
ပေနေသောအစွန်းများကိုရေဆေးကာ လက်ဖြင့်လျော်ပွတ်နေသည်။
"အကို....."
အသံနှင့်အတူ "အင်္ကျီ shirt လေးခေါက်လျက်သားတစ်ထည်ကို ကောင်းဆက် လက်ကမ်းပေးသည်။
"လောလောဆယ်ဒါလေး၀တ်ထားပါလား "
"အကိုပြန်တဲ့ချိန်မှီအောင် ညီခြောက်အောင်လုပ်ထားပေးပါ့မယ်"
လေသံဖျော့ဖျော့နှင့် ကြောက်တတ်တဲ့‌ေကာင်းဆက်မျက်လုံးများရဲ့ အကြည့်ကြောင့် သုတ ဘာပြောရမှန်းမသိဖြစ်သွားကာ
"ဪ...ကျေးဇူးညီလေး"
"အဆင်ပြေသွားတာပေါ့"
အကျီကိုဖြန့်လျက် ခေါင်းအပေါ်မှဆွဲ၀တ်လိုက်သည်။
"တော်သားပဲ....ရင်ဘတ်နဲ့ လက်မောင်းတော့ နည်းနည်းကြပ်သလိုပဲ"
အကိုက ရင်အုပ်ကြီးတယ်လေ"
မှန်ထဲမှ ကောင်းဆက်ကိုသူကြည့်၍
ပြောနေသည်။
"ကဲ ...အကိုသွားလိုက်အုံးမယ်နော်"
လက်ထဲမှ အင်္ကျီအစိုကို ကောင်းဆက်လက်ထဲထည့်ပေး၍ ‌ခပ်ပေါ့ပေါ့ပါးပါးထွက်သွားသည်။
စိတ်မဆိုးတတ်ဘဲ အေးဆေးနေတတ်တဲ့ သုတကို သူသဘောကျမိ၍
လက်ထဲမှ အ၀တ်စိုလေးကိုကြည့်ကာ ပြုံးမိသည်။......
ကတုန်ကယင်နဲ့ ပါးစပ်လေးအဟောင်းသားဖြစ်သွားကာ ဘာမှပင်ပြန်မပြောနိုင် ။
လေးနှစ်တာ training လုပ်လာတဲ့ သုတရဲ့ muscle များကအထင်းသား ကျယ်ပြန့်သောရင်အုပ်နှင့် ၀မ်းဗိုက်မှ တောင့်တင်းလွန်းသောကြွက်သားများက သရေကျစရာ။
ကြည့်လိုက်ရုံနဲ့ ခန့်ညားသည်ဟုထင်ရလောက်အောင် style ကျသည်။
ကောင်းဆက် ပြုံးစိစိနဲ့ ကျန်ရစ်ကာ သဘောကျနေသည်။
အ၀တ်စားလဲပြီး ထူးမောင်ဆီသို့ ပြန်အလာ
"သုတရေ....ငါတို့အချိန်ဆွဲပြီးစားနေလို့မရတော့ဘူးကွာ...တပ်ရင်းမှူးက ၁၁ နာရီငါတို့နှစ်‌ေယာက်ကို့‌ေတွ့ရမယ်တဲ့ အကိုကြီး (senior)phဆက်တယ် အခုပဲ ၁၀ နာရီ ကျော်နေပြီ..အ့ကြောင့်
ဆိုင်မှာစားလို့အဆင်မပြေလို့ပါဆယ်မှာလိုက်တာ"
" ငါ့အင်္ကျီကမခြောက်သေးဘူးကွ"
"ထားခဲ့လိုက်ပေါ့ကွာ...နောက်မှတခေါက်ထပ်ယူကြမယ်"
"ဒီ အင်္ကျီကိုမင်းခန၀တ်သွားပေါ့"
"အချိန်မရဘူး ငါ့ကောင်"
ထူးမောင် ကအလောတကြီး ပြောနေ၍ သုတလဲလက်ခံလိုက်ရသည်။
စားစရာတွေပါဆယ်ထုပ်ထားသည်ကလဲ ရနေပြီ ။
တပ်ရင်းမှူးနဲ့ ပထမဆုံး မိတ်ဆက်ရမည်ဖြစ်သည့်အတွက် နောက်ကျနေရန်လဲ မလိုလား။
"ဟုတ်ပြီကွာ ..ခနစောင့်"
ပြောလျှက်သူ ကောင်းဆက်ကို သွားတွေ့သည်။
စားဖိုမှူးများနှင့် စားပွဲထိုးများကြားလိုက်ရှာပေမယ့် ကောင်းဆက်ကိုမတွေ့သဖြင့်
"ညီလေး"
စာပွဲထိုးလေးတယောက်အား‌ခေါ်၍
"ကောင်းဆက်သွင် ဆိုတဲ့တယောက်ကို ပြောပေးပါ။
အကိုအရေးကြီး ကိစ္စပေါ်လာလို့ ပြန်သွားပြီ။
အင်္ကျီကို နောက်တခေါက်မှလာယူမယ်လို့ပြောပေးပါ"
ကောင်းဆက်နဲ့သူ၀င်တိုက်မိကတည်းက အကျီမှ နာမည်ကတ်ပြားလေးကိုဖတ်မိ၍ သူသိခြင်းဖြစ်သည်။
သုတတို့ထွက်သွားပြီး ငါးမိနစ်လောက်အကြာမှ ကောင်းဆက်ပြန်ရောက်လာသည်။ ဧည့်သည်များထဲမှ သုတတို့ကိုမတွေ့သဖြင့်ကောင်းဆက်တနေရာပြီးတနေရာလိုက်ရှာနေသည်။
စားပွဲထိုးမ‌ေလး တယောက်အား
" ခိုင်လေး..ငါနဲ့ခုနက၀င်တိုက်မိတဲ့ ဧည့်သည်ကိုတွေ့မိလား"
ခိုင်လေးက စားစရာများသယ်လာ၍
"ပြန်သွားတာလားတော့ မသိဘူး  မတွေ့တော့သလိုပဲ"
"ဪ...အေးအေး..."
ကောင်းဆက်သက်ပြင်းချလိုက်၍
"ဟူး....ပြန်သွားပြီထင်ပါရဲ့.."
သူ ပင်မင်းဆိုင်သွားနေစဉ် သုတ ပြန်သွားခြင်းဖြစ်သည်။
"ဟေ့ ...ကောင်းဆက်..."စားပွဲထိုးတယောက်ကသူကိုလှမ်းခေါ်၍
" မင်း၀င်တိုက်မိတဲ့တယောက်က အင်္ကျီကို သူနောက်မှလာယူမယ်တဲ့ အရေးကြီး ကိစ္စပေါ်လို့တဲ့"
" ဪ..အေးအေး ကျေးဇူးပဲကွာ"
*ကံတရားရယ် လမင်းသဖွယ်သာတဲ့ အကို့မျက်နှာ...ခပ်ချောချောကို ...ဒီကောင်ထပ်မြင်ခွင့် ရပါအုံးမလား*
               ************




Calling me Where stories live. Discover now