EP. 2

89 8 0
                                    

မနက်ခင်းရဲ့ အလင်းရောင်ပြပြလေး မြင်ရယုံသာ ရှိသေးသော်လည်း Jung kook တစ်ယောက် တစ်ကိုယ်လုံးချွေးတွေရွဲနစ်နေသည်အထိ သဲအိတ်တစ်လုံးကို ထိုးနှက်နေမှု့ကြီးက တော်ယုံလူဆို လက်သီးတစ်ချက်တိုင်း ပစ်လဲကျသွားလောက်လေသည်

စားပွဲတင် နာရီလေး၏ အလန်းဘဲလ်သံ ထွက်ပေါ်လာလေသည် သဲအိတ်ပေါ် ထိုးနှက်နေသည်ကို ရပ်တန့်လိုက်သည်

အချိန်က မနက် 6:00
မောဟိုက်နေသော ရင်အစုံကို ခဏမျှ အသက်ဝအောင် ရှူသွင်းလိုက်ပြီး
ရေချိုးခန်းဘက် ခြေဦးလှည့်ကာ ထွက်ခဲ့လေသည်

ခန္ဓာကိုယ် အပေါ်ပိုင်းမှ ဝတ်ထားသော လက်ပြတ်အက်ျီကို ဆွဲချွတ်လိုက်သောအခါ
တောင့်တင်းကြံ့ခိုင်သော
ခန္ဓာကိုယ် နေရာအနှံမှာ အမာရွတ်များစွာက နေရာယူထားလေသည်
ရေအေးအေးနဲ့ခေါင်းပေါ်က နေရေပန်းကို ဖွင့်ချကာ ကိုယ်လက်သန့်စင်လိုက်လေသည်

အနက်ရောင် ကိုယ်ကျပ်တီရှပ်တစ်နှင့် အပြာရောင် ဂျင်းပွကို ဝတ်ဆင်လိုက်ပြီး ပတ်နေကျ နာရီ လေးကို ကောက်ပတ်လိုက်လေသည်

ဧည့်ခန်းစားပွဲပေါ်မှာ Time မဂ္ဂဇင်းမျက်နှာဖုံးပေါ်မှာ နေရာယူထားသူက အဆိုတော် ရုပ်ရှင်သရုပ်ဆောင် မော်ဒယ်လ် ဆိုသော ဘက်စုံဂုဏ်ဒြပ်တွေနှင့် jimin
ချောမောသည်ဆိုတာထက် လှပသော ဆွဲဆောင်မှု့ရှိသော ထိုလူသားကို တစ်ချက်မျှ စူးစူးစိုက်စိုက်ကြည့်မိလိုက်လေသည်

စားပွဲပေါ်တင်ထားတဲ့ ဖုန်းလေးက ထမြည်လာလေသည်

တီ ......တီ.......တီ.....

''ဟယ်လို....... အင်း အခုပဲထွက်လာတော့မလို့....... ဟုတ်ကဲ့....''

ဆိုင်ကယ်သော့လေး ကောက်ကိုင်ခါ
Jungkook သူ့ရဲ့ကိုယ်ပိုင်နေရာလေးဆီမှ ထွက်ခွာ လာခဲ့လေတော့သည်

####

ကုမ္မဏီ ရှေ့အရောက်တွင် ဆိုင်ကယ်ရပ်ခဲ့ပြီး
သူ့ရုံးခန်းရှိရာ အပြေးလေး တက်လာခဲ့လိုက်သည်

'' Joung ''

''hi.......Alex....''

''နောက်တော့မကျဘူးပဲ....... ဒီနေ့ ခေါင်းဆောင်က အရေးကြီးတဲ့ VVIP ကိုစောင့်ရှောက်ပေးဖို့အတွက် ငါ့တိုနဲ့ တွေ့ချင်နေတယ်... သွားရအောင်....''

ကကြိုးရုပ်Where stories live. Discover now