" တီ....တီ.... "
စားပွဲခုံပေါ်တွင် တင်ထားသော ဟန်းဖုန်းတစ်လုံးမှမြည်သံထွက်ပေါ်လာသည်။
ထိုချိန် ခပ်ဝဝ ခါးကုန်းကုန်းဖြင့် လူကြီးတစ်ယောက် အိမ်ထဲမှ ထွက်လာပြီး...
ဖုန်းကောက်ကိုင်လိုက်သည်။"ဟယ်လို..."
"ဘယ်သူပါလဲ"
တဖက်မှ အပြောကိုနားစွင့်နေသော လူကြီးမှ တချက်ပြုံးသွားသည်။
သေချာတာကတော့ သူ့အတွက်ထိုလူက
အရေးပါတဲ့လူတစ်ဦးဖြစ်လိမ့်မည်။"အေး..အေး ဟုတ်ပြီ မင်းလာမယ်ဆိုတော့ဆရာဝမ်းသာတယ်ကွာ။"
"ဟုတ်ကဲ့ပါ ဆရာ ဒါပဲနော်.."
ထိုအသံမှာမိန်းကလေးတစ်ယောက်ရဲ့အသံ
သို့သော် သြရှရှအသံအနည်းငယ်ပေါက်သည်။
စကားပြော ယဥ်ကျေးလွန်းလို့ အန်ကယ် Hyun sok တစ်ယောက်အရမ်းသဘောကျအားထားရသူဖြစ်ခဲ့သည်။ခြံတခါးဖွင့်သံနဲ့အတူ ကားတစီးတပြိုင်နက်ထဲ ဝင်ရောက်လာခဲ့သည်
အဲ့ဒီအချိန်တွင် ဆရာဖြစ်သူ yang hyun sok
အိမ်ရှေ့သို့ထွက်လာပြီး"ဟ ငါ့တပည့်တောင်ရောက်လာပြီ
ဘယ်လိုလဲ လမ်းမှာအဆင်ပြေခဲ့ရဲ့လား Lisa.."ဆရာဖြစ်သူရဲ့အသံက အရမ်းပျော်နေပုံပေါက်နေသည်
ကားပေါ်က ဆင်းလာသော
Lisa.... ခြံထဲပတ်ဝန်းကျင်တချက်ဝေ့ကြည့်ပြီးနောက် သူ့ရဲ့ဆရာကို ခေါင်းငုံ့ကာ
လေးစားမှုပြုလိုက်သည်။"အာ Nae..ဆရာ အဆင်ပြေခဲ့ပါတယ်"
[မိတ်ဆက်]
Lalisa Manoban: ပုံစံမှာ အရပ်မြင့်မြင့်
ခေတ်မဆန်ပဲ အမြဲတမ်းတပ်လေ့ရှိသော ပါဝါမျက်မှန်နှင့်အတူ Coat အင်္ကျီအနက်ရောင်ကိုသာတွဲဖက်ဝတ်ဆင်
နေလေ့ရှိသည်။ လက်ရှိ LLOUD ကုမ္ပဏီ၏ ဒါရိုက်တာ၊ ....
သူ့ရဲ့ပုံစံနဲ့မလိုက်အောင်အရမ်းတော်လွန်းပေမယ့် လူတွေနဲ့ရောရောနှောနှောမနေတတ်တာကြောင့် လူတော်တော်များများဟာသူမကို Lalisa ဆိုတာမှန်းမသိကြတာများလွန်းသည်။
[G!P Lisa Again]**********************************
စာကြွင်း
ဒီFanFic လေးကတော့ မရေးတာကြာပြီဖြစ်သော ကျနော့်ရဲ့စိတ်ကူးထားတဲ့Ficအထဲက အကြိုက်ဆုံးတစ်ပုဒ်ပါခင်ဗျာ
အလုပ်တဖက်နဲ့မို့
နေ့တိုင်းတော့မတင်နိုင်တာကြောင့်
နားလည်ပေးစေလိုပါတယ်..။#liamjane
YOU ARE READING
After Married
Fanfictionမင်းမသိသောချစ်ခြင်းတွင်သာ ထာဝရ ရှိနေချင်မိတယ်Jennie Kim... #jenlisa fanfic