ခြံဝန်းထဲ၌ အနားယူနေကျဖြစ်သော Yang Hyun Sokမှာ စာအုပ်တစ်အုပ်ကို စိတ်ဝင်တစားဖြင့်ဖတ်ရှူနေသည်ထိုစဥ် Bluetooth ဖြင့်ချိတ်ဆက်ဖွင့်ထားသော အသံချဲ့စက် Sound Box တစ်လုံးနှင့်
စိတ်ပါလက်ပါ အက လေ့ကျင့်နေကြသော လူငယ်မိန်းကလေးသုံးယောက်....တီးလုံး သံစဥ်တွေ နားထောင်ကြည့်မိလျှင်
ထိုကောင်မလေးတွေဟာ kpop ကိုရူးသွပ်ကြသူတွေမှန်း သိနိုင်ပါလိမ့်မည်"မြေးလေးရေ ခဏလောက်လာပါဦးကွယ်"
တီးလုံးသံတွေနဲ့မို့ မကြားနိုင်သော ခေါ်သံကို
လျစ်လျှူရူကာ ဆက်ပြီးကနေကြပြီးနောက်"ဒီကလေးတွေတော့လေ ခေါ်လဲမကြား အော်လဲမကြားကွယ်... ဟူးး"
သက်ပြင်းတချက်အသာချကာ ထိုင်နေရာမှ အိမ်ထဲသို့ ဝင်သွားလိုက်သည်။
"တော်ပြီ မောလာပြီ ခဏနားကြရအောင်"
"Jennie..."
"ဟင်"
"ငါတို့အိပ်မက်တွေတကယ်ဖြစ်လာရင်ကောင်းမှာပဲဟာ"
" ငါကတော့ ရအောင်ကြိုးစားမယ်
တနေ့ကျရင် Idolဖြစ်ကိုဖြစ်လာစေရမယ်"အသံခပ်စွာစွာနဲ့ပြောနေသော Jennie Kimဆိုသောမိန်းကလေးမှာ ဆရာကြီး Yang Hyun Sokရဲ့ မြေးဖြစ်သူတစ်ယောက်။
သူမငယ်စဥ်ကတည်းမိဘနှစ်ပါးစလုံးaccidentနဲ့ဆုံးပါးသွားခဲ့ပြီး အဘိုးနဲ့သာတူတူနေထိုင်ကြီးပျင်းလာခဲ့ရသည့် အသက် 20အရွယ် Dancer ပေါက်စလေးဖြစ်သည်။
[မိတ်ဆက်]
Jennie Kim: သွက်လက်ချက်ချာပြီး အမြဲတမ်း ပျော်ပျော်နေတတ်သော လူငယ်မိန်းကလေးတစ်ယောက်။
သူမ ဝါသနာပါရာ Dancer နဲ့ Idolတစ်ယောက်ဖြစ်မို့အတွက် အစွမ်းကုန်ကြိုးစားနေသူ။
လှပလွန်းပြီး Active ဖစ်လွန်းတဲ့Fashionရှိတာကြောင့်
ယောကျ်ားလေးလူငယ်တိုင်းသဘောကျခြင်းခံရသူဖြစ်သည်။
*******************************Coming soon Part 1
#Liamjane
YOU ARE READING
After Married
Fanfictionမင်းမသိသောချစ်ခြင်းတွင်သာ ထာဝရ ရှိနေချင်မိတယ်Jennie Kim... #jenlisa fanfic