"အား... "ခေါင်းက တစ်စစ်စစ်ထိုးကိုက်တာမှ ပေါက်ကွဲမတတ်ပင် ...တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေတာမှ ကိုင်ရိုက်ထားသလိုဖြစ်နေသည်... ခေါင်းတစ်ခုလုံး အုံခဲနေတာ အုတ်ခဲဆွဲထားသလိုဖြစ်နေပြီး ခံရခက်လွန်းသည်... အိပ်ယာက ချက်ခြင်းမထနိုင်သေးပဲ ခွေခွေလေးမှိန်းနေရင်း ညက အကြောင်းကို ပြန်စဥ်းစားသည်
ဘာကိုမှ ရှင်းရှင်းလင်းလင်းမမှတ်မိပါ... စိတ်ထဲမှာ ဝိုးတဝါး ပုံရိပ်ယောင်တွေကို မြင်ယောင်နေသည်.. ခါးအောက်ပိုင်းမှ နာကျင်မှုသည် ပို၍ဆိုးလာသလိုပင်... ဒီအတိုင်းလှဲနေလို့ မဖြစ်သေးပါဘူး... အားယူကာ အိပ်ရာပေါ်မှ ဆင်းလိုက်ပြီး အခန်းတွင်းကို ဝေ့ကြည့်လိုက်သည်... ပြန့်ကျဲနေသော သူ့အဝတ်အစားများ... ဖောက်ထားသော ကွန်ဒုံးဘူးခွံများ... ပြီးတော့ စာတစ်ေစာင်က အိပ်ရာဘေးစားပွဲပေါ်မှာ ခေါက်လျှက်သား...
"ထပ်တွေ့မယ် Baby!"
"..ဟား.."
စိတ်ရှုပ်ထွေးစွာဖြင့် အသံထွက်အောင် သက်ပြင်းကြီးကြီးတစ်ခုကို ရှိုက်လိုက်မိသည်... အခြေအနေ အရပ်ရပ်ကို သူသဘောပေါက်လိုက်ပြီ... ဘယ်လူယုတ်မာလဲ?... ဘာ့ကြောင့်လဲ? ...
ခပ်အေးအေးနေတတ်တဲ့ သူ့မှာ ယုတ်မာမည့်သူ တစ်ယောက်မှမရှိ... အပေါင်းအသင်းတောင် လက်ချိုးရေလို့ရတဲ့ ဆက်ဆံရေးတွေ... ပြီးတော့... အခုလို ယောက်ျားတစ်ယောက်ရဲ့ ယုတ်မာခြင်းခံရမယ်လို့ ဘယ်တုန်းကမှ အတွေးမဝင်ခဲ့... ဖုန်းကို သတိရသွားသည်... ဒါပေမဲ့ အားမရှိတော့... အရင်တုန်းက သူငယ်ချင်းတွေနဲ့ Night Out ထွက်လျှင် ညပြန်မအိပ်တတ်လို့ မားမား ကတော့ စိတ်ပူနေမှာ မဟုတ်ပေ...
ဝလ္လာ ကရော ဘယ်မှာလဲ? သူဒီလိုဖြစ်နေတာ ဝလ္လာ မသိဘူးလား?
"ကျစ်! ဖျားနေပြီထင်တယ်.."
အဝတ်အစားတွေကို ပြန်ဝတ်, အခန်းအပ်ကာ အိမ်ပြန်လာခဲ့သည်... Hotel Reception desk မှာ နာမည်တစ်ခုကို သိခဲ့ရသည် မုတ်သုံ တဲ့... သူ့ဘဝထဲမှာ တစ်ခါမှတောင် မကြားဖူးသော နာမည်... One Night Stand ဆိုလည်း ကာယကံရှင်ဖြစ်တဲ့ ကိုယ်တော့ သဘောတူတာမျိုးဖြစ်ရမယ်မလား... အခုတော့ ကိုယ်တိုင်တောင်မမှတ်မိ
YOU ARE READING
မင်းနဲ့မှ... 🔞🔞🔞🔞🔞
Romanceတစ်ညတာဆက်ဆံရေးတွေကိုပဲ သဘောကျတယ်.. ဘယ်သူနဲ့မှ ဇယားမကပ်တော့ဘူး... one night stand သာဆို girl လား boy လား အကုန်ရတယ်... မရတာက အချစ်တစ်ခုပဲ .. ငါမချစ်တတ်ဘူး.. " ဝဿန်မုတ်သုံ"