Final

1.1K 61 3
                                    

ရူဘီဟာ ကလေးငယ်သေးတာမို့သူမနေထိုင်ရာ အဆောင်မှာပင် အတွင်းဆောင်ပြုလုပ်ကာ နေထိုင်သည်။ရူဘီ့ကိုတွေ့ဖို့ဆို တံခါးနှစ်ထပ်ဖြတ်ကျော်ရသည်။ အငိုသည်းနေသောမြေးရတနာအား ချီလိုစိတ်မပြည့်ဝသေးသည့်သခင်ကြီးမှာ အခု မနေနိုင်စွာလိုက်လာမိရပြန်သည်။
   "သခင်ကြီးကမင်းအပေါ်ပြောထားဆိုထားတာရှိတော့ သခင်ကြီးအပေါ်မှာစိတ်ကွက်တာများရှိသလား"
     "မရှိပါဘူး မယ်မယ်"
အံမယ် ဒါကဘာပါလိမ့်။အတွင်း‌ေဆာင်ထဲမဝင်ခင် အိမ်ရှေ့အခန်းမှာ စကားပြောနေကြခြင်း။ယောက္ခမနဲ့သားမက် အပေးအယူတည့်လှချည့်လား။မယ်မယ်တွေ ဘာတွေတောင်ပြောင်းခေါ်ကုန်ပြီ။အိမ်သူသက်ထားကဆုံးမစကားပြောနေတာဖြစ်ပြီး လာလီကခေါင်းငြိမ့်ကာနားထောင်လျက်။
    "ရှိတယ်ဆိုရင်လည်း မင်းဘက်ကပဲခဝါချပေးဖို့မယ်မယ်တောင်းဆိုချင်တယ် ဘယ်လိုပဲဖြစ်ဖြစ်မိဘပဲမလား သမီးဇောနဲ့ပြောမိပြောရာပြောခဲ့တာပါ"
   "ကျွန်တော်နားလည်ပါတယ်မယ်မယ်"
အကြာကြီး ရပ်နေလို့လည်းအဆင်မပြေ
ဒီတိုင်းကြီးဝင်သွားလို့တော့လည်း မကောင်းဘူးမလား။သခင်ကြီးကခိုးနားထောင်နေတယ်ဆိုပြီးသိက္ခာတွေကျကုန်မှာပေါ့။
   "အဟမ်း"
ချေင်းဟန့်လိုက်တော့
   "ဪ အစ်ကို Jane"
  "သမီးရော အိပ်နေသလား"
  "ရူဘီလေးက ကလေးနို့တိုက်နေတယ် အတွင်းဆောင်ထဲမှာ"
ဇနီးသည်ကပြန်ဖြေသည်။ထိုစဉ်
  "ဒါဆို ကျွန်တော်သွားလိုက်ပါဦးမယ်"
လာလီက ကြားဖြတ်နှုတ်ဆက်ကာ အတွင်းဆောင်ထဲဝင်မည်ပြုတော့
    "ဟေ့ဟေ့ သမီးက အခုမှရက်နှစ်ဆယ်ပဲရသေးတာ"
   "ကျွန်တော်စောင့်ထိန်းရမှန်းသိပါတယ်သူဌေးမင်း"
  "ဘယ်နှယ့် ကျုပ်ကိုသူဌေးမင်းတုန်း"
ဟု မခံချင်စွာပြန်ပြောလိုက်ပြီးမှ ပြုံးစစနဲ့ကြည့်နေတဲ့ အိမ်သူကြောင့်
  "အဟမ်း ဟိုဟာလေ အခုထိ သခင်ကြီးတို့ သူဌေးမင်းတို့နဲ့ခေါ်နေတော့ သူစိမ်းဆန်တယ်မလား အိမ်တော်ကလူတွေမလေးစားမှာစိုးလို့ပါ"
  ဘယ့်နှယ် ကွာ ယောက္ခမကျ မယ်မယ် ခေါ်ပြီးကိုယ့်ကျမှ သူဌေးမင်းဆိုတော့ ကောင်းကြသေးရဲ့လား။သကောင့်သားနဲ့မျက်နှာကြောမတည့်တာလည်းမပြောနဲ့ အလိုက်ကမ်းဆိုးမှမသိတာ။
    "ရူဘီလေးလို ဖေကြီး လို့ပဲခေါ်လို့ပြောလည်းရပါတယ် အစ်ကို Janeရယ်"
   "မဟုတ်ပါဘူး ကျုပ်က ဒီအတိုင်း....."
စကားစကရှာမရ။အိမ်သူကလည်းပြုံးပြုံးကြီးကြည့်နေလေတော့
    "ဒါနဲ့ လာလီ့ကိုဘာလို့အတွင်းဆောင်ထဲပေးဝင်တာလဲ ရူဘီလေးကအခုမှရက်နှစ်ဆယ်ပဲရသေးတာကို"
   "စိတ်ချပါ အစ်ကိုရယ် လာလီ‌ က နားလည်ပါတယ် ပြီးတော့ လာလီကရူဘီလေးကိုခိုးသွားတယ်ဆိုပေမဲ့ တစ်နှစ်နီးပါးလောက်ကရိုးရိုးသား‌သားနေခဲ့ပြီး ဟိုမှာကိုယ့်အိမ်ကိုယ်ယာဖြစ်ပြီဆိုမှအကြင်လင်မယားလိုပေါင်းကြတာတဲ့ မဟုတ်ရင် ကျွန်မတို့ဒီထက်စောပြီး မြေးချီရမှာ"
  "တယ် ဒီကောင်ကတော့...."
  "ဟင် ဘာလို့ဒေါသထွက်နေတာတုန်း"
  "ဘာမှမဟုတ်ပါဘူးကွာ ဂျောင် အပြင်မှာရှိလား လယ်မြေတွေသွားစစ်ရအောင်ကွာ ငါအသက်ရှူဖို့လိုအပ်နေပြီ"
ပြောကာထွက်သွားသော ခင်ပွန်းသည်ကိုကြည့်ပြီး mrs Kim ဟာ ပြုံးပြုံးကြီး။အစ်ကို Jane ဟာ သမက်ကိုအဲ့လိုသွယ်ဝိုက်ပြီး သဘောကျတတ်ပါသေးသတဲ့။

🎉 You've finished reading H͜͡E͜͡ W͜͡H͜͡O͜͡ C͜͡O͜͡M͜͡E͜͡S͜͡ W͜͡I͜͡T͜͡H͜͡ G͜͡O͜͡O͜͡D͜͡ P͜͡R͜͡A͜͡Y͜͡E͜͡R͜͡S͜͡ 🎉
H͜͡E͜͡ W͜͡H͜͡O͜͡ C͜͡O͜͡M͜͡E͜͡S͜͡ W͜͡I͜͡T͜͡H͜͡ G͜͡O͜͡O͜͡D͜͡ P͜͡R͜͡A͜͡Y͜͡E͜͡R͜͡S͜͡Where stories live. Discover now