Chapter 3 {Zaw}

6 1 0
                                    

သီးခြားနန်းဆောင်ရဲ့မင်းသမီးအတု-၃

" အိုး... နင် မသိသေးဘူးလား...? ဧကရာဇ် Seroifဆီကနေ လက်ထပ်ဖို့ကမ်းလှမ်းတဲ့စာတစ်စောင် ပို့လာတယ်... "

" ဟုတ်ကဲ့... ဂုဏ်ပြုပါတယ်... "
Roelinသည် ခေါင်းငုံ့ထားရင်း ထိုသို့ပြန်ပြောလိုက်လေတယ်... Seroifအင်ပါယာ၏ဧကရာဇ်မင်းဆီမှကမ်းလှမ်းလာသောကိစ္စမှန်ပါက ထိုကမ်းလှမ်းချက်သည် သေချာပေါက် Eritaအတွက်သာ ဖြစ်နိုင်သည်...

ဒါဆို ထိုကိစ္စကို ကြွားချင်ရုံကြောင့်နဲ့ Eritaက သူမဆီသို့ ရောက်လာခဲ့သည်လား...?

Cesanတိုက်ကြီး၏တစ်ဝက်ကို သိမ်းပိုက်ထားသောမဟာအင်ပါယာ၏ဧကရီဖြစ်လာတော့မည်ကို Eritaတစ်ယောက် ပျော်ရွှင်နေလိမ့်မည်ဟု Roelinတွေးမိသည်... သို့သော် Eritaဆီမှ သူမ မမျှော်လင့်ထားသောစကားတို့ ထွက်ကျလာခဲ့၏...

" အင်း... တကယ် ဂုဏ်ပြုရမယ့်သူက ဘယ်သူလဲဆိုတာ နင် မသိသေးပါဘူး... " Eritaသည် ထိုင်နေရာမှထကာ ထူးထူးဆန်းဆန်းပြုံးရင်း  Roelinကို ငုံ့ကြည့်လို့နေ၏... ထို့နောက်တွင်တော့ ဘာမျှဆက်မပြောတော့ဘဲ လှည့်ထွက်သွားခဲ့လေတယ်...

" ဘာကို ပြောချင်တာလဲ? "
Roelinသည် Eritaထွက်သွားပြီးနောက် တံခါးဆီသို့ လှမ်းကြည့်ရင်း သူမကိုယ်သူမ တီးတိုးရေရွတ်မိလိုက်သည်... သို့ပေမယ့်လည်း Erita၏စကားအတွက် အဖြေတို့ကို စဉ်းစားမရခဲ့ပါချေ...
~~~~~~~~~~~
သို့ပေမယ့် များမကြာမီအချိန်မှာပဲ Roelinသည် Eritaစကား၏အ​ဓိပ္ပါယ်ကို နားလည်သဘောပေါက်သွားခဲ့တော့သည်...

" ရှင်!."

Roelinသည် မိုးပြာရောင်မျက်ဝန်းတို့ ပြူးကျယ်နေရင်း ပလ္လင်ပေါ်တွင် ရှိနေသောအေးစက်သည့်အပြာရောင်မျက်ဝန်းပိုင်ရှင်ကို လှမ်းကြည့်လို့နေသည်...

" အခုပြောခဲ့သလိုပဲ... မင်းက Eritaနာမည်ကို သုံးပြီး Seroifဧကရာဇ်ရဲ့ဇနီးအဖြစ် နေရမယ်... "

" ...အရှင်မင်းကြီး!! "

ထိုစကားကြောင့် Roelin၏မျက်နှာတစ်ခုလုံး ချက်ချင်းသလိုဖြူစုတ်သွားချေ၏... ရုတ်​တရက်​ကြားသိလိုက်ရသောသတင်းကြောင့် သူမ အတော်လေးစိုးထိတ်နေမိဆဲပင်...

နတ်ဆိုးဧကရာဇ်ရဲ့သတို့သမီး{MM Translation}Where stories live. Discover now