''နာမည်က Park Jisung နော် ''
''ဟုတ်ပါတယ် ''
''အသက်က ၂၁နှစ် ''
''သိပြီးသားတွေမမေးလို့မရဘူးလား ''
ဂျစ်ကန်ကန်ကောင်လေးရဲ့ အမေးကြောင့် လက်ထဲက Profile စာရွက်ကို ဘေးကိုချထားလိုက်ပြီး သူ့ရှေ့က အညိုရောင်ဝတ်စုံနဲ့ လက်ထိတ်ခတ်ခံထားရတဲ့ကောင်လေးကို Chenleပြုံးပြီးကြည့်လိုက်သည်။
''အိုကေ သိပြီးသားတွေ မမေးတော့ဘူး မသိသေးတာတစ်ခုလောက်မေးမယ် ''
Jisung သူ့ရှေ့ကပြုံးနေရင်း ချက်ချင်းရုပ်တည်သွားတဲ့ စုံစမ်းရေးမှူးZhong Chenleကို ကြည့်ကာ မျက်လုံးတို့ကို တည်ငြိမ်နေအောင် ထိန်းထားလိုက်သည်။
''မင်း ဆေးရောင်းဝယ်ရေးလုပ်နေတာကို သက်သေနဲ့တကွ ဖမ်းဆီးလာတာဖြစ်တာကြောင့် ဆေးရောင်းဝယ်ရေးလုပ်တာကိုတော့ မင်းငြင်းလို့မရဘူး ဟုတ်ပြီနော် ''
သူ့ရဲ့ခပ်ပြတ်ပြတ် အမိန့်သံအဆုံးမှာ Jisungဆီက မကြည်ကြည့် တစ်ချက်သာ ကြည့်လာပြီး သူ့မျက်လုံးတို့ကို လက်ထိတ်ဆီကို သာပြန်ပို့လိုက်သည်။
''ငါမေးတာကို အမှန်တိုင်းဖြေပေးမယ်ဆိုရင် မင်းရဲ့လက်ရှိအပြစ်ကိုလျော့ပေါ့ပေးဖို့ငါ ကူညီပေးလို့ရတယ် ''
''ကျွန်တော်ဘယ်သူဆိုတာကိုရော ခင်ဗျားသိလို့ ဒီစကားတွေပြောနေတာလား ''
''အိုး...ဟိုး ...ဟိုးထား..ဟိုးထား Park Jisung''
သူ့ကို လက်ဝါးထောင်ပြကာ အရွဲ့တိုက်ပြီး ထ ရယ်နေတဲ့ စုံစမ်းရေးမှူးကို ကြည့်ကာ Jisung စိတ်တိုလာရသည်။
''မင်းက ကိုးရီးယားနိုင်ငံဝန်ကြီးရဲ့ တစ်ဦးတည်းသောသားမှန်း ငါတို့သိပါတယ် ဒါပေမယ့်ဘယ်လိုလုပ်မလဲ မင်းကိုဖမ်းမိထားတဲ့ စခန်းက ကိုးရီးယားနိုင်ငံမဟုတ်ပဲ တရုတ်နိုင်ငံဖြစ်နေတယ်လေ ''
''အဟက်..မင်းအခု ငါ့ကိုလက်ထိပ်ခတ်ထားရုံနဲ့တင်မင်းရာထူးကို ဖြုတ်ချဖို့လုံလောက်နေပြီ Zhong Chenle မင်းကိုယ်မင်း အကောင်ကြီးကြီး ဖမ်းမိပြီဆိုပြီး ဂုဏ်ဆာမနေနဲ့ ''
''No..No.. Park Jisung ခဏလေး ..မင်းထင်တာတွေမှားနေပြီ မင်းထင်တာတွေမပြောခင် ငါမေးတာအရင်ဖြေပေးမလား မင်းရောင်းဝယ်နေတဲ့ဆေးတွေကို မင်းကိုယ်တိုင်ရော သုံးခဲ့သလား ''