Part -2

185 33 2
                                    

'' အကျဥ်းသား0200 ဧည့်တွေ့လာတယ် ''

Chenle အခန်းကျဥ်းထဲတောင်စဥ်ရေရာတွေးတောနေတုန်း တံခါးစောင့်လုံခြုံရေးအသံကြောင့် မျက်လုံးတို့ကို တံခါးဝဆီပို့လွှတ်လိုက်သည်။

ဧည့်တွေ့ခန်းထဲရောက်ကာ လက်ထိပ်နဲ့ ထိုင်ချပြီး တစ်ဖက်မှန်အပြင်ကသူကိုကြည့်လိုက်တော့ Suit အဖြူရောင်ကိုသားနားသန့်ပြန့်စွာဝတ်ထားတဲ့ သူ့ရဲ့တရားခံဖြစ်ခဲ့ဖူးတဲ့ Park Jisung ဆိုတဲ့ကောင်ကလေး။

''ခင်ဗျား အထဲမှာ အဆင်ပြေရဲ့လား ''

မေးငေါ့ကာမေးလာတဲ့ကောင်လေးကြောင့် Chenle ချောက်ကပ်စွာ ရယ်လိုက်ပြီး မျက်ထောက်နီဖြင့် ထိုကောင်လေးကိုစိုက်ကြည့်ကာ ။

''ငါ့အဖိုးရော အဆင်ပြေနေတယ်မလား ''

သူလေသံငြိမ်ငြိမ်ဖြင့်မေးလိုက်တော့ တစ်ဘက်ကကောင်လေးက မလိမ်တတ်စွာ မျက်လုံးတို့ကို ဆော့ကစားလိုက်သည်ကို Chenle တွေ့လိုက်ရသည်။

''မင်းအဖေထက်အသက်ပိုကြီးတဲ့ လူကြီးတစ်ယောက်ကိုတော့ ဒုက္ခမပေးလောက်ဘူးလို့ ငါယုံကြည်ထားလိုက်မယ် ပြီးတော့ မျက်နှာပြောင်တိုက်ပြီး ငါ့ကိုထပ်လာမတွေ့နဲ့ ''

ခုံပေါ်က ထရပ်ကာ ဧည့်တွေ့ခန်းက ပြန်ထွက်သွားတော့မယ် နောက်ကျောပြင်ကို Jisung ပြန်ဆွဲထားချင်ပေမယ့် ဘယ်လိုစိတ်နဲ့ ဒီစကားကိုသူပြောထွက်ရမလဲ မသိတော့ ။

အိမ်ပြန်ရောက်တာနဲ့ ဆိုဖာပေါ် ထိုင်ချလိုက်ပြီး ဖုန်းနံပါတ်တစ်ခုကို သူခေါ်လိုက်သည်။

''ပါပါး ကျွန်တော်တို့သူ့ကိုထုတ်ပေးလိုက်လို့မဖြစ်ဘူးလား ''

''မင်းရူးနေလား Park Jisung ''

''ပါပါး သူ့အဖိုးဆုံးသွားတာကိုသာ သူသိသွားရင်ဘယ်လိုထင်သွားမလဲ ဒီထက်အခြေနေပိုဆိုးလာမှာနော် ပါး ''

''ငါကြည့်ရှင်းနိုင်တယ် Park Jisung ဒီရွေးကောက်ပွဲ ကာလမှာ ခဏလေးအငြိမ်နေလို့မရဘူးလားမင်း ဟမ် ''

''ပါပါး... သားသူ့အပေါ်အရမ်းအများကြီး မှားမိနေပြီ ''

''မပျော့ညံ့စမ်းနဲ့ Jisung Park သူ့အဖိုးက ဦးနှောက်သွေးကြောပြတ်ပြီးဆုံးသွားတာလို့ဆရာဝန်တွေကိုယ်တိုင်ပြောတယ်လေ ''

Criminal (Chenji)Where stories live. Discover now