"ဦးခန့်...ကျွန်တော်ပင်ပန်းနေပြီ"နေဝင်ရီတရောအချိန်ပဲရှိသေးသည်မို့ ခန့်ညားအလုပ်လက်စမသတ်သေးတာပင်။ ထိုကောင်လေးကပထမရက်မှာတင် အကြောထလာချေပြီ။
"ပထမရက်မှာတင်ပင်ပန်းနေတော့ကြာရှည်ဒဏ်ခံနိုင်ပါ့မလား..တောင့်ခံထား နောက်နာရီဝက်ဆိုရုံးဆင်းပြီ"
"ဟင့်.."
"......"
"ဦးခန့်ကဘာလို့မပင်ပန်းတာလဲ...အင်းပေါ့သူဋ္ဌေးဆိုတော့လဲဘယ်ပင်ပန်းမလဲ"
"အခုလိုနေနိုင်ဖို့..မင်းအရွယ်လောက်ထဲကနွားလိုရုန်းခဲ့ရတာကွ..အဲ့တော့မင်းလဲရုန်းရမယ်"
"ပင်ပန်းနေပြီလို့"
ခန့်ညား မှိုင်းရိပ်ညိုကိုတစ်ချက်ကြည့်ကာ သက်ပြင်းချလိုက်သည်။ ပထမရက်ဆိုတော့ပင်ပန်းမှာပေါ့..ကလေးဘဲရှိသေးတာကို။ ခန့်ညား ပျော့ခွေကာပျင်းနေသည့်မှိုင်းရိပ်ညိုကို ကြည့်မနေနိုင်တော့ဘဲ အိမ်ပြန်ရန်ခွင့်ပြုလိုက်သည်။
"ကောင်းကင်ကိုလိုက်မပို့ခိုင်းဘူး မင်းဘာသာပြန်"
"ဦးခန့်ကလဲဗျာ..ကျွန်တော်ပိုက်ဆံကုန်အောင်"
"အိမ်ပြန်ချင်ရင်တော့ကိုယ့်ပိုက်ဆံနဲ့ကိုယ်ပြန်"
"ဟွန့်!"
မှိုင်းရိပ်ညို..ခန့်ညားအားမကျေနပ်သလိုကြည့်၍လှည့်ထွက်လာသည်။ နားချင်နေပြီမလို့TAXIနှင့်ပြန်ဆိုလည်းပြန်နိုင်သည်။ အချိန်ကား6:45ဖြစ်သည်။ ညဘက်ဖြစ်နေသည်မို့အငှားယာဥ်တွေလဲသိမ်းချိန်ဖြစ်နေသည်။ ကားလမ်းဘေးထက်..တစ်ယောက်တည်းအငှားယာဥ်စောင့်နေပေမယ့်..တစ်စီးမှပေါ်မလာ..လူကနားချင်နေပြီဖြစ်သည်။
'တီ....'
ရုတ်တရက်နောက်မှကားဟွန်းသံကြောင့်မှိုင်းရိပ်ညိုအသာလှည့်ကြည့်မိတော့ ကားထဲမှလှမ်းကြည့်နေသည့်လူတစ်ယောက်ကိုတွေ့ရသည်။ ကားမီးရောင်ကမျက်လုံးကိုဟပ်နေသည်မို့ လက်နှင့်အသာကွယ်စူးစိုက်ကြည့်မိတော့ ထိုလူကားဦးသွေးဖြစ်လေ၏။
သွေးမြတ် မှိုင်းရိပ်ညိုရပ်နေသည့်နေရာအထိ ကားကိုတိုးသွားလိုက်ပြီး ကားမှန်ချ၍ မှိုင်းရိပ်ညိုအားစကားပြောနေလေသည်။