<Unicode>
ကျန်းချန် ရှောင်းကျန့်ကိုအားရပါးရဖက်နေချိန် ဆွဲခွာခံလိုက်ရသည်။ပြီးတော့ အေးစိမ့်နေတဲ့လေထုကိုလည်းခံစားလိုက်ရသည်။ကျန်းချန် လာဆွဲခွာတဲ့လူကိုကြည့်လိုက်တော့ အမဲရောင် suit အပြည့်နဲ့ ရိပေါ်ကိုတွေ့လိုက်ရသည်။
ကျန်းချန်လည်း မျက်နှာချိုသွေးလိုက်ပြီး
"အဟဲ ရိပေါ် ငါ့ကိုမှတ်မိလား"
"ဘယ်သူလဲ မသိဘူး"
ရိပေါ်ပြောတော့ ကျန်းချန်ရဲ့မျက်လုံးက ကလယ်ကလယ်ဖြစ်သွားသည်။သူတို့မတွေ့တာ ဘယ်လောက်ကြာသေးလို့လည်း အလွန်ဆုံးရှိ ၅ လပေါ့ ဒါကိုမသိတော့ဘူးတဲ့လား...
"မင်း အရင်က ငါနေတဲ့ တိုက်ခန်းအိမ်ရှေ့မှာ ရှောင်းကျန့်နဲ့ချစ်ကြည်နူးခဲ့သေးတယ်လေ"
"အော် သတိရပြီ ကောသူငယ်ချင်းမလား"
"အင်း ငါ့နာမည် ကျန်းချန် "
"အင်း နေပါအုံး ခုနကဘာလို့ဖက်နေကြတာလဲ ဒီအထုပ်တွေကရောဘာလဲ"
"ဟဲ ငါ့ကို တိုက်ခန်းငှါးတဲ့အပျိုကြီးနှင်ထုတ်လိုက်လို့ ဒီအိမ်မှာလာနေတာ"
"အော် နေလေ ကောလည်းအဖော်ရတာပေါ့"
"ရိပေါ် ငါလေ လခမြင့်တဲ့အလုပ်တစ်ခုလောက်လိုချင်လို့ ရှာပေးပါလား"
"ဒါများ ကျနော့်ကုမ္ပဏီမှာလာလုပ်လိုက်လေ"
"ကျေးဇူးတင်ပါတယ် သူဌေး"
"အင်း ကော မောင်ဗိုက်ဆာပြီ မနက်စာဘာချက်လဲ"
ရှောင်းကျန့်လည်း သူ့ကိုပြုံးပြရင်းမေးလာတဲ့မောင်ကြောင့်
"ကြာဇံကြော်ထားတယ်"
ရိပေါ်ဘာမှပြန်မပြောခင် ကျန်းချန်က
"ကြာဇံကြော် ငါဗိုက်ဆာနေတာနဲ့အတော်ဘဲ စားရအောင်လေ"
ဆိုပြီး ပြောလာသည်။ရှောင်းကျန့်ကလည်း ငတ်ကြီးကျနေတဲ့ ကျန်းချန်ကိုမျက်စောင်းထိုးလိုက်ပြီး
"ငတ်ပြတ်နေသေးတယ် လာသွားစားကြမယ်"
ရှောင်းကျန့်လည်း ရိပေါ်ရဲ့လက်ကိုဆွဲကာ ထမင်းဝိုင်းမှာထိုင်ခိုင်းလိုက်သည်။ပြီးတော့ ကြာဇံကြော်ကို ၃ ပန်းကန်ထည့်ပြီး စားသောက်ကြတော့သည်။
![](https://img.wattpad.com/cover/363492111-288-k204667.jpg)
ВЫ ЧИТАЕТЕ
System ဟွား(Real life) OR Rebirth for you (Complete)
Фанфикဖတ်ကြည့်ပါ Start date -21.2.2024 End date -28.2.2024