Part 6 [ Unicode+Zawgyicode ]

956 37 12
                                    

" အဟင့် ပါပါးကိုလွမ်းနေတာ "

အမူအယာပိုကာချွဲပြနေသောသူကိုကြည့်ရင်းသုံးယောက်လုံးအချင်းချင်းခေါင်းကိုခါရမ်းပြလိုက်မိသည်။ပါပါးကိုဖက်ထားရင်ပလီပလာလုပ်မေသောသူကိုအမြင်ကပ်ကပ်ဖြင့်ကြည့်နေမိသည်။ပါပါးကတော့ပြုံးပြုံးလေးဖြင့်ခေါင်းကိုပွတ်သပ်ပေးကာနေလေသည်။ဒါကိုထိုငနဲသားကအခွင့်ကောင်းယူလျက်ခေါင်းကိုပိုတိုးဝင်ကာချွဲလိုက်ပါသေးသည်။

" ပါပါးကကိုးဆစ်လေးကိုဟိုမှာနေတာပျော်နေပြီတောင်ထင်နေတာ "

" မပျော်ပါဘူးပါပါးရယ် သားဆိုပါပါးကိုအမြဲလိုလိုသတိရနေတာ "

ကူလီကူမာပြောနေလေသောသူကိုသူတို့တစ်ဖွဲ့လုံးကြည့်ရင်းအမြင်ကပ်လာလေပြီ။ပါပါးကတော့ထိုသို့သူ့ကိုအားချွဲ​ေနသည်ကိုသဘောကျနေပုံရှိသည်။ကိုးဆစ်ကအရင်ကတည်းကထိုသို့ပလီပလာများသိပ်ပြောတတ်သည်။ထို့ကြောင့်လည်းပါပါးကကိုးဆစ်ကိုဆိုရင်သူတို့ထပ်ပင်ပိုအလိုလိုက်သေးသည်။

ယခုလည်းနှစ်ယောက်သားအလွမ်းသယ်နေသည်ကိုသူတို့မှာထိုင်ကြည့်နေရလေသည်။ကိုးဆစ်နှင့်ယှဥ်လိုက်လျှင်ပါပါးကအရပ်မတိမ်းမယိမ်းရှည်သည်။ပါပါးကပို၍ဖြူတာကြောင့်သူတို့တစ်ဖွဲ့လုံးတွင်အသားအဖြူဆုံးဖြစ်သည့်ကိုးဆစ်မှာပါပါးနှင့်တွေ့လျှင်အရောင်မှိန်ကျသွားသလို။ပါပါးရဲ့နုပျိုမှုနှင့်တွဲဖက်လျက်ကြည့်လိုက်ရင်ကိုးဆစ်နှင့်ပါပါးကညီအစ်ကိုလိုပင်ဖြစ်ချေသည်။

" ကျူးကိုးဆစ်ရယ် မင်းမို့လို့ ကိုမင်းရောင် ကိုမကြောက် "

James ပြောလိုက်သည့်စကားကပါပါးကခပ်ဟဟလေးရယ်လေသလို။ဇိုင်းနှင့်လှိုင်းရိပ်ကလည်းပြုံးစစလေးဖြစ်သွားသည်။ဒယ်ဒီ၏နောက်ကွယ်ရောက်လျှင်Jamesကဒယ်ဒီ့အား ကိုမင်းရောင်ဟုပြောကာနောက်တတ်လေသည်။ထိုအခါကိုးဆစ်သူ့ကိုမျက်စောင်းရွယ်လျက်....

" ပါပါးတစ်ယောက်လုံးရှိနေတာပဲ ဒယ်ဒီ့ကိုကြောက်စရာလား "

ပါပါးကထိုအခါနှစ်လိုဖွယ်အပြုံးကိုပြုံးလျက်ကိုးဆစ်၏ခေါင်းလေးကိုပွတ်သပ်လေးလိုက်ရင်း

Along With Together Husband Where stories live. Discover now