ခြေဦးတည့်ရာ ကဗျာများ
ဇေး
ကျွန်တော်
၁၉၇၆ ဒီဇင်ဘာရဲ့ နွေလိုပူချိန်
လောကကြီးမှာ
အလေးချိန်တစ်ခုတိုးလာခဲ့။
ဆော့ဖို့ စားဖို့ အိပ်ဖို့ ငိုဖို့ ရယ်ဖို့
တာဝန်က ငါ့ရဲ့ နစ္စဓူဝ။လူမှန်းသိတော့
ဖြစ်ပျက်သဘောတရားကို
မယ်တော်က အိပ်ရာဝင်တေးအဖြစ်
ဖန်တီးပေးခဲ့။
အရင်းနှီးဆုံးလူနဲ့ ခွဲခွာရခြင်းက
ငါ့ရဲ့ ပထမဆုံး သင်ခန်းစာ။ကဗျာတွေကိုခြစ်တဲ့ ငါက
ဆန်ကုန်မြေလေးတော့
မဖြစ်ပါဘူးလေ
အနုပညာကို ချစ်တာကိုး။
ဘဝရဲ့ပထမဆုံး စာဖတ်ပရိတ်သတ်က
မွေးသဖခင်။ဇေရဲတဲ့လေ
ရဲစွမ်းသတ္တိအပြည့် နာမည်က
နိမိတ်ပေလော
ဒါကြောင့်ပဲ ရဲစခန်းနဲ့အကြောင်းပါရ။
ကဗျာလည်းရေး
စာလည်းတွေးရင်း သွေးမနှောတဲ့
မိသားစုကို ကောက်ရလိုက်သေး။အချစ်နဲ့တွေ့တော့ဖြင့်
ငြိမ်းချမ်းရေးလည်း ငှက်လိုပျံပြေး
မယ်တော်ဟောတဲ့ တရားလည်း
မတိုးနိုင်တော့ ဝေးမြဲဝေး။
သူများသားသမီး မပူလောင်စေလိုတော့
ငါ့မှာ တစ်ယောက်တည်း ပြာပုံကျရ။တော်ပါပြီလေ
လက်ဖက်ရည်တစ်ခွက် ဆွဲ
စာအုပ်နဲ့ ဖောင်တိန်ပါရင်
လောက ဒဿနိကတွေက အေးဆေးပါ။
လောကကြီးကို မကယ်တင်နိုင်ရင်တောင်
တစ်စုံတစ်ယောက်ကို ပြုံးစေနိုင်ဖို့က
ငါ့ရဲ့ဘဝသစ္စာပါပဲ။*******
ဇာတိ
ရွာလမ်းအဝင်
တသွင်သွင်
ရေယဉ်ချောင်းကလေး။နွေဦးအလာ
လေရူးခါ
ရွက်ဝါကြွေတို့ပြေး။နွားကျောင်းသားလေး
ကိုရွှေအေး
တိမ်ငေးရင်းနှင့်ဆွေး။ချူသံညံညံ
တို့ရွာသံ
စာအံသံမနှေး။အပြုံးနှင့်ကြို
အသံချို
မခိုတတ်ပါလေး။လာဖို့ဖိတ်ခေါ်
အမြဲနော်
သူဆော်ဩတဲ့တေး။*******
မဗေဒါ
ပန်သူမဲ့လည်း၊ ရေပြင်အလှ
သူဆင်မှ...