1.5K 94 0
                                    

ပွဲတစ်ပွဲတက်တော့မယ်ဆိုလျှင် အဝတ်အစားကအစ သေသေချာချာစီမံပြီးမှသာလျှင် ဘယ်လိုပွဲမျိုးမဆိုတက်လေ့ရှိသည်။ မုဒြာမြိုင်ကိုဆိုလျှင် စီးပွားရေးလုပ်ငန်းရှင်အသီးသီးက သူတို့စီစဥ်သည့်ပွဲကိုတက်စေချင်ကျသည်လေ။ ပစ္စည်းသစ်မိတ်ဆက်ပွဲ မွေးနေ့ပွဲ မင်္ဂလာပွဲ နောက် ရွှေရတုစိန်ရတု အစရှိသည့်နှစ်ပြည့်ပွဲများပါမချန်ပါပဲ။

သို့ပေမဲ့ မုဒြာက ရွေးချက်ပြီးမှသာတက်လေ့ရှိသည်။ ဥပမာ ကိုယ့်အသိအရင်းနှီးဆုံးမိတ်ဆွေ၏ပွဲတို့ သူစိတ်ဝင်စားသောပစ္စည်းတစ်ခုမိတ်ဆက်ပွဲတို့ လေလံပွဲတစ်ချို့သာ။ကိုယ့်အသိအရင်းနှီးဆုံးမိတ်ဆွေ၏ပွဲတို့ သူစိတ်ဝင်စားသောပစ္စည်းတစ်ခုမိတ်ဆက်ပွဲတို့ လေလံပွဲတစ်ချို့သာ။

"မမ ဒီဝတ်စုံလေးအဆင်ပြေရဲ့လား dinner ဆိုတော့ အရောင်အရမ်းထင်းနေရင်လဲမမ မကြိုက်မှာဆိုးလို့ black လေးပဲ နှင်း စီစဥ်ပေးထားလိုက်တယ်"

အနတ်ရောင် shoulder off ပုံစံကိုမှ အရှည်က ဒူးအတိနှင့် ကိုယ်လုံးကိုယ်ပေါက်ပါပေါ်စေသည့်အနေအထား။ ဒါကိုမှ အပေါ်မှနေအလွှာခပ်ပါးပါးတစ်ထပ်ခြုံထားသည့်ပုံ။ ထို့ပြင်သူ့အသုံးအဆောင်တစ်ခုဖြစ်သော လက်ကိုင်အိတ်တစ်လုံး။ လည်တိုင်မှာငွေရောင်ပဲလုံးတစ်ကုံး နှင့် ဝမ်းဆက် ပုလဲနားဆွဲလေးနှင့်အတူ မုဒြာမှာလှပကျော့ရှင်းနေသည်။ အသက်အရွယ်နှင့်မလိုက်စွာနုပျိုနေသယောင်။

နှစ်လက်မဒေါက်အမြင့်ဖိနပ်လေးနှင့် ကြွကြွယွယွလေးဖြစ်နေခဲ့သည်။ နှုတ်ခမ်းနီရဲရဲလေးနှင့် ပြုံးလိုက်လျှင်ပုရိသတို့ကြွေဆင်းသည့်အပြုံးမျိုး။ ဒီနေ့ပွဲကလဲ တစ်ဖတ်စီးပွားရေးလုပ်ငန်းရှင်မှာ နာမည်ကြီးတစ်ယောက်ဖြစ်ပြီးသူနှင့်ခေတ်ပြိုင်။ ထို့ပြင် သူ့ကိုတကူးတကလူကိုယ်တိုင်လာဖိတ်လေတော့ သူတက်ဖြစ်ခဲ့လေသည်လေ။

ပွဲထဲရောက်ရောက်ချင်းမှာပဲလူအများ၏အာရုံကိုဖမ်းစားနိုင်သည်အထိ မုဒြာရဲ့ စက်ဝန်းမှာမလွတ်နိုင်ကျဘူးလေ။ သူ့အားထိုပွဲထဲကမသိသည့်သူများမရှိလောက်ပါ။

"ကျေးဇူးတင်ပါတယ် မြိုင် အခုလို့ ကို့ပွဲကိုတက်ပေးလို့"

"အဟင်း ကိုဥက္ကာ ရဲ့ပွဲက မုဒြာမပါရင်ဘယ်မြိုင်မလဲ ဒါကြောင့်လာခဲ့တာ"

မူပိုင်ခွင့်ပုဒ်မWhere stories live. Discover now