episode-7

12 0 0
                                    

အဖြစ်အပျက်တွေကအရမ်းကိုမြန်ဆန်လွန်းတယ်. . .အခုဆိုသမီးလေးကျွန်တော့ဘဝထဲကိုရောက်လာတာနှစ်လပြည့်ပြီ. . .ကျွန်တော်ရလာတဲ့ပိုက်ဆံထဲကဝမ်ငါးသိန်းကိုအမေတို့အတွက်အကြွေးဆပ်ပေးလိုက်တယ်. . .ကျန်တာတွေကိုသမီးလေးနောင်ရေးအတွက်ကောကျွန်တော်တို့နှစ်ယောက်ပျော်ပျော်ရွှင်ရွှင်နေနိုင်အောင် အလုပ်လုပ်ရမယ်မလားအဲ့တာကြောင့် ​ဆိုလ်းမြို့လယ်ရဲ့လူစည်ကားတဲ့တစ်နေရာမှာ golden ဆိုတဲ့နာမည်နဲ့စားသောက်ဆိုင်တစ်ခုဖွင့်လိုက်တယ်. . .ကံကောင်းတယ်ပဲပြောရမလားတော့မသိဘူး ဆိုင်ကခဏလေးအတွင်းမှာနာမည်လေးရလာတယ်. . .

ဂျီမင်းကိုတော့ အကိုဟိုဆော့အကြံပေးထားတဲ့အတိုင်း ကျွန်တော်နဲ့ရတဲ့ကလေးပေမဲ့ကလေးအမေကတော့ဆုံးသွားပြီလို့ပြောလိုက်တယ်. . .ဂျီမင်းကအစကမယုံဘူး. . .သူအမြဲအနားမှာရှိပြီးရည်းစားရှိကြောင်းတောင်မကြားတဲ့ကျွန်တော်ကဘယ်လိုလုပ်ပြီးကလေးရတာတုန်းပေါ့. . .နောက်တော့ကျွန်တော်လည်းပါးစပ်ထဲရှိရာဇာတ်လမ်းစဥ်ပြောလိုက်မိတယ်. . .နောက်တော့ယုံသွားတယ်ထင်ပါတယ် ဆက်မမေးတော့ဘူး. . .သမီးလေးကချစ်မွေးပါတော့လူတိုင်းကချစ်ကြတယ် ဂျီမင်းကဆိုရောက်လာရင်လက်ထဲကကိုမချဘူး ဆိုးလေးရေ. .ဆိုးလေးရေနဲ့နေတာပဲ. . .ကျွန်တော်ကမွေးတော့သူ့တူမလေးပဲတဲ့လေ. . .

ကျွန်တော့ဘဝကတစ်ကယ်တော့အခုမှအသက်ဝင်လာခဲ့တာ. . .ဆိုးလေးရေ ပါးထယ်ဘဝထဲကိုရောက်လာပေးလို့ကျေးဇူးပါ. . .ပြီးတော့ချစ်တယ်နော်. .

တီ. .တောင်. .

ထယ်ယောင်းလည်းအတွေးနယ်ချဲ့နေရာက လူခေါ်ဘဲလ်အသံကြားမှ အဆုံးသက်ကာ တံခါးသွားဖွင့်ရန်ထလိုက်သည်။

ချလောက်. .

"ဟင်. .ဂျောင်ကုရှီ"

"မအိပ်သေးဘူးဘဲ. .တော်သေးတာပေါ့. . .ကျွန်တော်မုန့်တွေနဲ့အအေးဘူးတစ်ချို့ဝယ်လာတယ် hyung. . .ဝင်ခဲ့မယ်နော်"

"အာ. .အားနာစရာကြီးဝယ်မလာလဲရတာကို. . .ဆိုးလေးကအိပ်သွားပြီ"

ဂျောင်ကုလည်းတံခါးနားကအဝတ်ချိတ်စင်မှာအပေါ်ဝတ်ကုတ်ကိုချွတ်လိုက်ပြီးဧည့်ခန်းစားပွဲပေါပစ္စည်းတွေချကာထိုင်လိုက်သည်။

perfectWhere stories live. Discover now