Sweet တယောက်မနက်မိုးလင်းတာနဲ့အမြဲတမ်းသူ့ပန်းခင်းလေးကိုရေသွားသွားလောင်းဖြစ်တယ် ရေလောင်းပြီးအပြန် ပန်းခင်းလေးတွေကြား အသံကြားလို့ လိုက်ကြည့်ရင်း နတ်ယုန်လေးတကောင်တွေ့လိုက်တော့ "အာချစ်စရာလေး"ဆိုပြီး ဖမ်းမို့လုပ်နေချိန် နတ်ယုန်လေးကထွက်ပြေးသွားရော နတ်ယုန်လေးထွက်ပြေးသွားတဲ့နောက်ကို Sweetတစ်ယောက်လိုက်ဖမ်းနေရင် နတ်တွေဝင်ခွင့်မရှိတဲ့တားမြစ်တောအုပ်ထဲကို Sweet တယောက်သတိမထားမိပဲဝင်မိသွားတယ် နောက်တော့အာ့တောထဲမှာတင်လမ်းပျောက်ရော သူရှေ့ဆက်သွားရင်သွားရင်နဲ့ မက်မွန်းနတ်သစ်ပင်ကြီးအကြီးကြီးကိုတွေ့သွားတယ်
"ဝါးးး တော်တော်လှပြီးအကြီးကြီးပဲ"
"ဗိုက်ကလဲကွီးကွီးမြည်နေပြီဆိုတော့ ခူးစားမှဖြစ်တော့မယ်" ဆိုပြီး မက်မွန်းတလုံးကိုခူးယူပြီး တကိုက်ကိုက်လိုက်ချိန် Sweet တယောက်လဲကျသွားသူပြန်နိုးလာတဲ့ချိန် မိုးနတ်မင်းကြီးရဲ့ ရှေ့အောက်မှာရောက်နေတယ် မိုးနတ်မင်းကြီးကလဲသူ့ကိုကြည့်ပြီးဒေါသတွေအရမ်းထွက်နေတာပေါ့
မိုးနတ်မင်းကြီး "Sweetနင့်ဘာအပြစ်လုပ်လိုက်လဲသိရဲ့လား သိရဲ့သားနဲ့လုပ်တာလား?"
Sweet "ဘာအပြစ်လုပ်မိလို့လဲ မိုးနတ်မင်းကြီး မက်မွန်းသီးတလုံးကိုက်ပြီးမေ့လဲသွားပြီး အခုမှနိုးလာတာပါ ဘာမှမသိလိုက်ရပါဘူး"
မိုးနတ်မင်းကြီး "မသိရင် ငါပြောပြမယ် မင်းတားမြစ်ထားတဲ့တောအုပ်ထဲဝင်သွားတာ ပြစ်ဒဏ်တခု အာ့ထက်ဆိုးတာက နှစ်တစ်သောင်းမှတခါသီးတဲ့ နတ်စွမ်းအားတိုးစေတဲ့အသီးကိုစားလိုက်တာက ပြစ်ဒဏ်ကြီးကြီးပဲ"
Sweet " ကျွန်မမှမသိလိုက်ပဲစားမိတာပါ မိုးနတ်မင်းကြီးရယ် စိတ်မဆိုးပါနဲ့တော့ ကျွန်မပြန်အန်ထုတ်ပေးရမလား🙄"
မိုးနတ်မင်းကြီး " တော်တော့ ပြစ်ဒဏ်ကပြစ်ဒဏ်ပဲ မင်းကို ပြစ်ဒဏ်ကြီးကြီးပေးမှဖြစ်မယ်"
Sweet "ပြစ်ဒဏ်နည်းနည်းလျော့ပေါ့ပေးလို့မရဘူးလား မသိပဲစားမိတာလေး"
မိုးနတ်မင်းကြီး "မရဘူး အခုကစ Sweetကို လူပြည်မှာနယ်နှင်ဒဏ်အနေဖြင့်သွားရမည် စွမ်းအားတွေကိုအကုန်ပိတ်ပြီးထိန်းချူပ်ရမဲ့ပြစ်ဒဏ်ချမှတ်လိုက်ပြီ
မိုးနတ်မင်းကြီးရဲ့ အမိန့်တော် ဘယ်သူမှအာခံလို့မရ"Sweet " ဘယ်ချိန်နတ်ပြည်ပြန်လာလို့ရလဲ နတ်ပြည်မှာကစားရတာပျင်းပြီဆိုတော့ လူပြည်မှာကစားအုန်းမယ် ဟီးဟီး"
မိုးနတ်မင်းကြီး " ကိုယ်တော်ကပြစ်ဒဏ်ပေးတာကို မင်းကပျော်နေတာလား 🙄 ဘယ်ချိန်ပြန်လာရမလဲဆိုရင် နှစ်တသောင်းအသီးတလုံးထပ်သီးမှပြန်လာရမည်"
Sweet "ဟာ😖"
"လာကြစမ်း Sweetကိုခေါ်သွားပြီး ပြစ်ဒဏ်စီရင်လိုက်တော့"
အာ့နဲ့ Sweet တယောက်သူ့စွမ်းအားတွေအကုန်သော့ပိတ်ခံလိုက်ရပြီး လူပြည်ကိုခြေထောက်နဲ့ကန်ချခံလိုက်ရပါတော့တယ်🙄