လက်ခံထားတဲ့အမှုတွဲများအားအပြတ်ဖျတ်ရသည်မှာအတော်လေးကသိကအောင့်နိုင်လှသည်။ ကြီးကြီးမားမားမဟုတ်သည့်ရုံးချိန်းများကိုတော့ တခြားရှေ့နေဖြင့်သာလွဲပေးခဲ့သည်။ အမှုသည်နှင့်စကားပြောစရာရှိသည်များကိုလဲ သူ့တပည့်ဖြိုးဝေလင်းကိုသာလွဲပေးခဲ့သည်။ တစ်နှစ်ပတ်လုံးအလုပ်တောက်လျောက်လုပ်နေရ၍ အခွင့်ရေးကြုံကြိုက်ခိုက် ခရီးထွက်ရန်အလို့ငှာ သူ့မယ်နေ့မအားညမနားအလုပ်နှင့်လက်မပျက်ခဲ့ရချေ။ အိမ်၌လဲ မိဘနှစ်ပါးသာကျန်ခဲ့၍ အမေ့ဘက်ကအမျိုး မေမေ့တူမနှစ်ယောက်အားခေါ်ထားပေးခဲ့လေသည်။ မေမေတို့ကနယ်ဘက်ကဆိုတော့ ထိုမေမေ့တူမနှစ်ယောက်မှာ စာမေးပွဲပြီးတုန်းနောက်တစ်တန်းမတက်ခင်ရန်ကုန်သို့လာလည်ရသဖြင့်အပျော်ကြီးပျော်နေကျသည်လေ။ ခရီးကအပြန်လက်ဆောင်ဝယ်ခဲ့ဖို့လဲပူဆာနေလေရဲ့။
ကားမောင်းသူအပါအဝင် လူ၆ယောက်ဆန့်မည့် တိုယိုတာ အဲလ်ဖတ်ကားလေးကိုသူငယ်ချင်းများစုငှားလိုက်လေသည်။ သူတို့သူငယ်ချင်းတွေထဲကားမောင်းတက်တာဆိုလို့ ကောင်းမြတ်တစ်ယောက်ပဲပါလေတော့ အကုန်လုံးအဆင်ပြေအောင်ကားတစ်စီးသာငှားလိုက်ပါတော့သည်။ ဒါမှလဲလူသက်သာမည်လေ။ မဟုတ်ရင်အသွားအပြန် တစ်ယောက်ထဲမောင်းနေရ၍ပင်ပန်းမည်ဖြစ်ပေသည်။
သွားမဲ့နေရာက ပုဂံသို့ နွေဘက်ဆိုလျှင် ပုဂံကမြန်မာပြည်အလယ်ပိုင်းထဲရောက်နေတော့ အတော်လေးပူသည်ထင်ရပေမဲ့ သွားလာရတာတော့ကောင်းသည်။ ပုဂံဆိုလျှင် နွေမိုးဆောင်း ရာသီဥတုသုံးပါးစလုံးမှာလိုက်ဖတ်ညီသည်။ ဘယ်ရာသီသွားသွား သွာလို့အဆင်ပြေသည်လေ။ ဒါကြောင့်ပင် အားလုံးဟာတက်ညီလက်ညီဖြင့်ပုဂံကိုရွေးချယ်လိုက်ကျသည်။
လမ်းတစ်လျောက်စားဖို့မုန့်များကိုလဲ မမေ့။ ဟိုတယ်ခနှင့်သွားဖို့လာဖို့အတွက် ယောကျ်ားလေးများကအကုန်ခံပြီး စားဖို့သောက်ဖို့ကိုတော့မိန်းခလေးများကဒကာခံသည်လေ။ ကားမောင်းတဲ့သူရယ် စမ်းရည် သူဇာ မိုးဆွေ ကောင်းမြတ် မိုးဆွေကောင်မလေး။ အားလုံးပေါင်းခြောက်ယောက်သာ။ မိုးဆွေကောင်မလေးဆိုသည်မှာလဲ ကျောင်းတုန်းက စီနီယာဂျူနီယာညီမလေးတစ်ယောက်လေ။ ဖရက်ရှာဝဲလ်ကမ်းမှာတွေ့ပြီးအသက်ကြီးမှ ခလေးကိုလိုက်ပို့နေသည့်မိုးဆွေကြောင့်သူတို့တဖွဲ့လုံးအူတက်အောင်ရီလိုက်ရသေးသည်လေ။ မိုးဆွေသည် ပထမနှစ်ကထဲက ချိန်ပါရာထူးကိုရထားလေတော့ ဘယ်သူကမှသူ့အားရည်းစားအတည်ရမည်လို့မထင်မှတ်ထားချေ။ သို့သော် ပဥ္စမနှစ်ရောက်တော့ ပထမနှစ်ကြိုဆိုရေးအဖွဲ့မှာအမြဲလိုလိုပါဝင်နေရင်း ထိုခလေးမလေးကိုမျက်စိကျလေသည်။ ထိုခလေးမလေးကလဲမိုးဆွေ၏ဂရုစိုက်ပေးမှုထဲမျောပါပြီးအကြောင်းပါသွားလေရဲ့။ ထိုမှသာ သကောင့်သားမိုးဆွေခြေငြိမ်ကာ ချိန်ပါရာထူးကလွှတ်သွားသည်လေ။
YOU ARE READING
မူပိုင်ခွင့်ပုဒ်မ
Romanceတို့အတွက် ပုဒ်မဆိုတာ အခုချိန်ထိမရှိသေးဘူး ခလေးမ။ ဒါဆိုကျွန်မကိုယ်တိုင်ရှင့်အတွက်သီးသန့်ဖန်တီးပေးမယ်လေ။