သူကခေါ်တယ် ငြိမ်းတဲ့။ကျွန်တော်ဖြင့်အဲ့နာမည်ကိုမကြိုက်ပါ။
ယောက်ျားလေးတစ်ယောက်ကို အဲ့လိုခေါ်ဖို့ဘယ်အရာကများစေ့ဆော်လည်း ကျွန်တော်တွေးမရ။ဒါပေမယ့် ငြိမ်းလို့တဖွဖွခေါ်သံကိုလည်း လွမ်းတယ်။ ခေါ်သူကိုလည်း လွမ်းတယ်။
တဖွဖွခေါ်ချိန်တုန်းကြ မခေါ်ပါနဲ့လို့တားတဲ့ ကျွန်တော်က အခုတော့ထိုသို့ခေါ်သံကို လွမ်းပါတယ်တဲ့။ သူကြားရင် မျက်လုံးများမှေးအောင်ကြိတ်ရယ်နေအုံးမည်။နံရံပေါ်က ပြက္ခဒိန်ကလည်း ဆောင်းဦးတစ်ဖန်ရောက်ကြောင်းပြနေပြီ။ ထိုသူအားကျွန်တော်လွမ်းလှပြီ။
မျက်ဝန်းကျဉ်းကျဉ်းထောင့်က မှည့်မှည့်နက်နက် ကိုလည်း လွမ်းလှပြီ။
သူဒီလိုနေနေရတာဘယ်လောက်များကြာသွားပြီလဲ။
စံကားပွင့်တွေလည်းပွင့်ကုန်ပြီလေ သို့သော်မျှော်နေသူကစာမလာသတင်းမပါး။.........
ကျွန်တော်ကမြို့နယ်ဆေးရုံမှာ သာမာန်ဆေးအကူဝန်ထမ်းအလုပ်လုပ််ခဲ့တယ်။ မွေးလာထဲကအဖေအမေခေါ်စရာမရှိခဲ့သူက ကိုယ့်အားကိုယ်ကိုးရင်း ဆေးအကူဘဝရောက်သည်အထိဘဝကလည်းပုံမှန်လည်နေကျအတိုင်း။
မြို့ကနယ်စပ်ဒေသမြို့ဖြစ်တာကြောင့်ရော မအေးချမ်းသေးသောကာလဖြစ်တာကြောင့်ရော ဆေးရုံတွေမှာ လူနာပြည့်နေတတ်သည်။
တစ်ရက်မြို့ထဲ့ပစ်ခက်မှုဖြစ်ပွားသည်။ တစ်ယောက်ထဲလက်နက်ကိုင်ရင်းထွက်လာသူမို့ အထိအခိုက်တော့မများ။ ထိုအထဲ ဝင်ဖမ်းသည့်စစ်ဗိုလ်တစ်ယောက် လက်မောင်း ကျည်ဆံထိမှုကြောင့်မြို့နယ်ဆေးရုံကိုရောက်လာခဲ့သည်။
တိုက်တိုက်ဆိုင်ဆိုင် ထိုနေ့ကလူနာများနေတာကြောင့် ဆေးရုံတစ်ခုလုံးအလုပ်ရှုတ်နေကြသည့်ထဲ ကျွန်တော့်တာဝန်ဟာ ထိုဗိုလ်မှူ းအားကြည့်ကျလာသည်။ မဆိုင်းမသွထိုသူရှိရာအခန်းသို့။
''တပ်မှာထုတ်လည်းရတာကို မင်းဘာလို့ဒီခေါ်လာတာလဲ
ငါဒီလောက်နဲ့လည်းမသေသေးပါဘူး ကြာ''''ဟား...မင်းအသက်ပြင်းတာငါသိတယ် ဆေးကတပ်မှာမဆုံသေးဘူးကွ ''
''နားရက်ရလို့ဒီဘက်လာ..အ့''
YOU ARE READING
Short Story. . . . . . . . . . ပထမဆုံး အပြီးထိရေးနိုင်ခဲ့တဲ့ shortလေးမို့ သည်းခံပေးပါ။