Part-(1)

434 11 0
                                    


(Unicode)

(စာရေးသူ၏အမှာစာ)

ဤဝတ္တုသည်စိတ်ကူးယဉ်ပုံဖော်ထားသော
ဝတ္တုတစ်ပုဒ်ဖြစ်သဖြင့် အပြင်လောကအကြောင်းအရာများနှင့်တိုက်ဆိုင်ခဲ့သော်လည်းကောင်း၊အခြားဇာတ်လမ်းတွဲ၊ဝတ္ထုများနှင့်တိုက်ဆိုင်ခဲ့သော်လည်းကောင်း ဤနေရာကနေဦးစွာကြိုတင် မေတ္တာရပ်ခံအပ်ပါသည်။စာရေးသူအနေနဲ့မြန်မာBL OCတွေသိပ်မဖတ်ဖူးတာမို့လို့ ဇာတ်ကောင်နာမည်တွေတူနေတာရှိခဲ့ရင်လည်း အရင်ရှိထားပြီးသားတွေကိုcrdပေးပါသည်။ဒါ့အပြင် Adultပိုင်းများလည်းပါနိုင်ပါသဖြင့် ကြိုတင်Warningပေးအပ်ပါသည်။မည်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက်စေလိုခြင်းမရှိပါ။ဖတ်ပေးတဲ့တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါသည်။

.........................

DEAR DRAMA

မှောင်မိုက်ပြီးအေးစက်နေတဲ့အခန်းငယ်တစ်ခုတွင်အပ်ကျသံတောင်မ‌ကြားရလောက်အောင်တိတ်ဆိတ်လွန်းနေသည်။အခန်းမျက်နှာကျက်ပေါ်တွင် တည်ရှိနေတဲ့တစ်လုံးတည်းသောမီးသီးမှ အလင်းရောင်သည်လည်း အခန်းအတွင်းကိုကောင်းမွန်စွာအလင်းမပေးနိုင်ပါ။ဒါ့အပြင် အခန်းအလယ်ရှိထိုင်ခုံတစ်လုံးပေါ်တွင် လူတစ်ယောက်သည်ကြိုးများဖြင့်ချည်နှောင်ခံထားရပြီး ခန္ဓာကိုယ်ပေါ်တွင်လည်း ဒဏ်ရာပေါင်းများစွာနှင့်သွေးများပေကျန်လျက်ရှိသည်။‌ထိုလူ၏ခန္ဓာကိုယ်မှတဆင့် တစ်တောက်တောက်ကျနေတဲ့သွေးစက်များဟာလည်း အခန်းကြမ်းပြင်ပေါ်တွင်ပြန့်ကျဲနေသေးသည်။သေချာကြည့်မယ်ဆိုရင် ထိုလူ၏ဒဏ်ရာများမှာ သာမန်ထိခိုက်ဒဏ်ရာလိုမဟုတ်ပဲ တစ်စုံတစ်ရာ၏ရက်စက်မှုကြောင့် ဆူးချွန်ပါသောကြာပွတ်ဖြင့် လူရုပ်မပေါ်အောင်ရိုက်နှက်ခံထားရမှန်းသိသာလွန်းသည်။မောဟိုက်နေတဲ့အသံ၊‌နာကျင်‌နေဆဲဒဏ်ရာများ၊ကြမ်းပြင်ပေါ်ရှိသွေးစက်များ၊အေးစက်ပြီးမှောင်‌မိုက်သောအခန်း၊အားလုံးကိုခြုံကြည့်ရင် ဤနေရာသည်သာမန်မဟုတ်ဘူးဆိုတာကိုသိနိုင်လိမ့်မည်။

ရာဇာသည်နာကျင်နေ‌တဲ့ခန္ဓာကိုယ်ကို အန်တုပြီးသူရှေ့တည့်တည့်ရှိ မှောင်ရိပ်ကျတဲ့နေရာ၌ မက်တပ်ရပ်နေတဲ့လူဆီသို့ ဖြေးညှင်းစွာခေါင်းကိုမော့ကြည့်လိုက်သည်။ဒဏ်ရာတွေကြောင့်နှုံးချိကာ မပွင့်ချင်တော့တဲ့မျက်လုံးတွေကို လျစ်လျူရှုလျက်ဖြင့် ခြောက်သွေ့အက်ကွဲနေတဲ့နှုတ်ခမ်းကိုအားတင်းဖွင့်ဟပြီးရှေ့ကလူထံ စကားတစ်ခွန်းကိုဆိုလိုက်သည်။

DEAR DRAMAWhere stories live. Discover now