Part(1)
"ဘာ"ဟု ကိုဇော်အောင်ကပြောရင်းဆိုရင်းဖြင့်မင်းမောင်ကိုပြေးထိုးလေသည်။
ကျွန်တော်နဲ့အမေကမတားပါ ဒါတွေအားလုံးအစက ကျွန်တော့်ညီမအငယ်ဆုံး မိချိုရဲ့၀မ်းဗိုက်ထဲက ကလေးလေးနဲ့သက်ဆိုင်တာကြောင့်လည်း ကျွန်တော်အပါအ၀င်ကျွန်တော့မိသားစုတစ်ခုလုံး ဒေါသအလွန်ထွက်မိပါသည်။
ကိုမင်းမောင်ဆိုသည့်မိသားစုက တော်တော်တရားလွန်လွန်းပါသည်။ကျွန်တော့်ညီမနဲ့သူဟာ ချစ်သူတွေပါ ဒါကိုကျွန်တော်တို့မိသားစုကော သူတို့မိသားစုကပါကြည်ဖြူပီးသားပါ။
ဒါပေမယ့်လက်လွန်ကြက်သွန်တွေဖြစ်ပီး ကိုယ်၀န်ဆောင်တဲ့အထိတွေဖြစ်သွားတော့ တစ်ဖက်မိဘတွေကိုအသိပေးပီး လုပ်စရာရှိတာတွေလုပ်ဖို့သွားပြောတာကနေစတာပါပဲ။
ဘာတဲ့ သူတို့ပြောတာ ဒါကသူ့အမှားမဟုပ်တဲ့အတွက် တာ၀န်ယူပေးစရာမလိုပါဘူးတဲ့လေ ဒါကိုကြားကြားပီးချင်း ကျွန်တော့ဒေါသတွေအလိပ်လိုက်အလိပ်လိုက် ထွက်လာတော့ကျွန်တော်ပြေးထိုးမယ်အလုပ်
အကိုကြီးဇော်အောင် ကထိုးလိုက်တာမို့ ကျွန်တော်အငြိမ်နေလိုက်ရင်း
"မင်းကများငါ့ညီမကို စားပီးနားမလည်လုပ်တာလား"ဟုဆိုတော့
"ဒီကိစ္စ က ကျုပ်ဘက်ကမှားတယ်ဆိုပေမယ့် သူကိုယ်တိုင်ကလည်းလိုက်လိုက်ရောရောလက်ခံတာ
ကြောင့်ကောပါတယ်ဆိုတာခင်များတို့သိလောက်မှာပါ""ကျုပ်ဒီလို ကိစ္စတွေဖြစ်လာမှာသိနေလို့လည်းသူ့ကို တားဆေး ထိုးခိုင်းခဲ့ပြီးသား သူ့ဘာသူမထိုးပဲနေတာကျုပ်အမှားလား"...
"ဒါဆိုမင်းက ငါ့ညီမကိုအပျော်ကြံတာပေါ့" ဟုတ်လား ဟုကျွန်တော်သူ့ကိုအော်မေးတော့
"ဟား ဟား......"ဒီမှာ ခုခေတ်ကြီးမှာစားပီးတိုင်းတာ၀န်ယူနေရရင် ကျွန်တော်မင်းမောင်ဆိုတဲ့သူကအခုလောက်ဆို ကလေး အယောက်၂၀ ရဲ့ဖအေဖြစ်နေပီဆိုတာ မိချိုကိုယ်တိုင်လည်းသိလောက်မှာပါ။
YOU ARE READING
"မြတ်"သာလျှင်
Romanceမြတ်နိုးရဲ့ ခုမှစရေးတဲ့ fic လေးမို့အမှားများပါရင်ခွင့်လွှတ်ကျဖို့နဲ့ သည်းခံဖတ်ပေးဖို့တောင်းဆိုပါတယ် မြို့နာမည်တွေ လူနာမည်တွေကိုတော့အတတ်နိုင်ဆုံး မတူအောင်ရေးထားပါတယ်နော်