ထုံးစံအတိုင်းshirtlessနဲ့ဟင်းချက်နေတဲ့Taehyungက Jungkookဆီခဏခဏလှမ်းကြည့်သည်။အိမ်ရှေ့ကိုလည်တမျှော်မျှော်ဖြစ်နေခြင်းကYoongiအလာကိုစောင့်နေမှန်းသိ၏။
ဒါပေမဲ့ရက်ပိုင်းလောက်Yoongiပြန်မလာနိုင်သေးမှန်းTaehyungသိသည်။
"ရပါပြီသခင်လေး"
"စားရမှာစိတ်မပါဘူးTaehyunggie...ခွံ့"
"အခါတိုင်းလည်းခွံ့ကျွေးနေကျကိုအကြောင်းပြချက်ပေးစရာမလိုပါဘူးသခင်လေး"
"အရာရာတိုင်းမှာအကြောင်းကြောင်းနဲ့ဗျ "
လူကြီးလူကောင်းကပညာပေးစကားတွေပြောတော့စိတ်ချမ်းသာပြီးရောဟူ၍ခေါင်းညိတ်ထောက်ခံကာရှေ့မှာဝင်ထိုင်ပြီးကြက်ချဥ်စပ်နဲ့ပါစတာကိုရောခွံ့ကျွေးလိုက်သည်။
ထို၌ ပလုတ်ပလောင်းနှင့်ပြောလာသည်က။
" ကျွန်တော့်ရဲ့စိန်နက်ထုတ်ရက်ကနီးနေပြီကိုသခင်ကြီးကဘာလို့ပြန်မလာသေးတာလဲမသိဘူးနော်"
"ရက်အတော်ကြာထိပြန်လာနိုင်ဦးမှာမဟုတ်ပါဘူးသခင်လေး"
"ဘာလို့လဲ စိန်နက်တွေကိုသခင်ကြီးနဲ့အတူထုတ်ချင်တာ"
ထိုစကားကြောင့်ခွံ့ကျွေးရန်ပြင်နေသောလက်ကခေတ္တတုန့်ဆိုင်းသွားပေမဲ့အပြုံးဆောင်ရင်းထပ်ခွံ့ကျွေးလိုက်သည်။
" အရင်နေ့ကသခင်ကြီးကအဖွဲ့2ကိုရတနာ4သွယ်လက်ကောက်လုပ်ခိုင်းထားလို့ ရတဲ့အချိန်ကျွန်တော်ကတစ်ဆင့်သွားပေးခဲ့တာ ဟိုနေ့ကတင်ပဲလေ"
"ရတနာ4သွယ်! အဲဒါကအပိုင်အဖြစ်ထာဝရသက်မှတ်တဲ့ဟာမလား"
Taehyungခေါင်းညိတ်လိုက်သည်။ထိုလက်ကောက်ကစိန်,ရွှေ,နီလာနဲ့ပတ္တမြားရောစပ်ပြုလုပ်ထားတဲ့ရှေးဟောင်းအလေ့ထတစ်ခု။ ဘိတ်သိပ်ဆရာဆီမှာသတို့သမီးကိုလက်ကောက်နဲ့အတူသက်မှတ်ရက်ထားဖို သွင်းမှအစွမ်းထက်ခြင်းလည်းဖြစ်သည်။
အထူးသဖြင့်မင်္ဂလာပွဲတွေမှာသုံးကြပေမဲ့Jungkookကိုတော့Yoongiကမပေးခဲ့ခြင်းဖြစ်သည်။
"ဒါဆိုသခင်ကြီးကဟိုတစ်ယောက်နဲ့မင်္ဂလာသွားဆောင်တာပေါ့နော်...သခင်ကြီးကသူ့ကိုချစ်သွားတာမဟုတ်လောက်ဘူးမလား...ကျွန်တော့်တုန်းကလက်ကောက်ပေးဖို့နေနေသာသာ မင်္ဂလာပွဲကိုတောင်အကျဥ်းချုံးလုပ်ခဲ့တာ"
YOU ARE READING
The Hunters
Fanfictionလွတ်အောင်ပြေး...အချစ်သာအကြွေးဆို ရတာဘေးမဖြစ်စေဖို့အာမခံတယ်Babies! Yoonmin! Taekook!