1.

152 3 0
                                    


ဒီနေ. ရုဏ်းသခင် မြို.မှာ နောက်ဆုံးနှစ်ကျောင်းပြီးလို. ရွာကို ပြန်လာခဲ.ပါပြီ

ရွာထိပ်က စိန်ပန်းပင်တန်းအောက်မှာ လာကြိုမဲ.လူတွေကို ထိုင်စောင့်နေရတဲ. အဖြစ် ရောက်နေတာ 15 မိနစ်လောက်ရှိပြီ အခုထိ လူရိပ်မတွေ.ရသေး

" ကျစ် နေကပူပါတယ်ဆို လာကြိုမယ့်လူတွေက ဘယ်သွား အိပ်နေကြလို. တစ်ယောက်မှ ပေါ်မလာသေးတာလည်း မသိဘူး "

ဟော ခပ်ဝေးဝေးတစ်နေရာကနေ မြင်းလှည်းသံ ကြားရပါပြီ
ဒါဆိုရင်တော့ ရုဏ်းကို ကြိုမယ့်လူ ဖြစ်ကောင်းပါရဲ. မဖြစ်လို.လည်း မရ နေတော်တော်ပြင်းတဲ. အတွက် ပင်ပန်းနေပြီ

ရုဏ်းကငယ်ကတည်းက မြို.မှာကျောင်းသွားတက်ရင်းဦးလေးအိမ်မှာနေတာဆိုတော့ မြို.ကြီးသားလိုဖြစ်နေပြီ ပင်ပန်းတဲ.ဒဏ် သိပ်မခံနိူင်
မခံနိူင်ဆို ရုဏ်းအသားအရည်လေးတွေက မိန်းကလေးတွေထက်တောင်ဖြူဝင်းပြီးနုဖတ်နေတာ မျက်လုံးလေးဆိုလည်း ပုလဲလုံးလေးတွေလို ဝိုင်းပြီး ကြည်လင်နေတာ မြင်လိုက်တဲ.သူ လည်ပြန်ငေးရတယ် နှုတ်ခမ်းပါးပါးရဲရဲလေးနဲ. လှပတဲ. မျက်နှာလေးပါ ဘုရားက ဖန်ဆင်းပေးထားသေးတာ
လှပါတယ်ဆိုမှ ဆံပင် ကောက်ကောက်ပြေပြေလေးတွေကို ကျောလည်ထိ အရှည်ထားထားသေးတော့ မိန်းကလေးနဲ.တောင် ခဏခဏ အမှားခံနေရတာ အမြဲ
ရှည်​နေတဲ.အရပ်လေးကယ်နေလို.သာ တော်တော့တယ်

အခုလည်း မြို.ကြီးသားဦးလေး လူပျိုကြီးက အလုပ်ကိစ္စတွေမပြီးပျက်သေးဘူးဟုဆိုကာ
ရွာကို တစ်ယောက်တည်းလွှတ်လိုက်လေရဲ.

ကိုယ့်တူလေး အချောအလှလေးကိုသူမို. စိတ်ချပြီးတစ်ယောက်တည်းလွှတ်တယ်
ပြောမပြောချင်ဘူး အလုပ်သရဲ
ဘယ်တော့မှ မိန်းမရမှာမဟုတ်ဘူး ဟွန်.

ဟော တွေးနေရင်းနဲ. မြင်းလှည်းတစ်စီး ခပ်နီးနီးမှာထိုးရပ်လာတော့ တယ်

" ဒီက တစ်ယောက်က ရုဏ်းသခင်လား မသိဘူးဗျ "

အသားညိုညို အရပ်ရှည်ရှည် ဗလတောင့်တောင့်နဲ. ယောက်ျားတစ်ယောက်ကမေးလာတယ်

ရုဏ်းပြန်မဖြေပဲ သူ.ကိုမေးတဲ.လူကို သေချာအကဲခက်ကြည့်တော့ အသားညိုညိုနဲ. တော်တော်တော့ချောသား မြို.က မင်းသားတွေထက်ကိုချောသေးတယ်
တောမှာ ဒီလို ချောပြီးခန်.ညားတဲ.လူ ရှိတာ အံ့ဩ စရာပဲ

"ဟို  ညီလေး ရုဏ်းသခင်လားမသိဘူး ဦးစိုင်းလွှမ်း လာကြိုခိုင်းလို.လိုက်ဗျ "

လူကသာမေးနေတာရယ် အရှေ.က အဖြူကောင်လေးက ပြန်မ​ဖြေ လူကိုခပ်တည်တည်စိုက်ကြည့်နေတာ

မြို.ကြီးသား ပေါက်စက တော်တော်အသားဖြူတာဗျ ဆံပင်ကလည်းရှည်ရှည်နဲ. ကျုပ်တောင်မိန်းကလေးနဲ.မှားတော့မလို. တော်သေးတာပေါ့

လှတာတော့တော်တော်လှတာဗျ ရွာက ကွမ်းတောင်ကိုင်တွေတောင် သူ.ခြေဖျားမှီမယ်မထင် အရပ်ကလေး နည်းနည်းရှည်နေလို.သာ ယောကျ်ားလေးလို. သိရတာ ကျုပ်ထပ်တော့ နည်းနည်းပုသေးတယ်ဗျ ကျုပ်က ရွာမှာ အရပ်ရှည်ပြီး အခန်.ညားဆုံးကိုဗျ

"အဟမ်း ဒီက အကို အထုတ်တွေ အရင် လှည်းပေါ်တင်သင့်တာမဟုတ်ဘူးလား "

"အော် အမ်း ဟုတ်သား မေ့နေတာ "

ငေးကောင်းကောင်းနဲ. ငေးနေတာ သူပြောမှ သတိပြန်ဝင်တယ်
အရှက်ကွဲရချည်ရဲ. သူလည်းယောက်ျားကိုယ်လည်းယောက်ျားဟာကို ဘာတွေများအဲ.လောက်ငေးကြည့်နေမိလည်းမသိ

လှလွန်းတဲ. အ​ဖြူကောင်လေးရဲပြစ်ဗျ
ကျုပ်က ရိုးရိုးသားသားလေး ကြည့်မိယုံပါဗျာ

တောသားလူချောကောင်ကတော့ ကိုယ်သူ.ကိုကြည့်တာက ခဏရယ် သူကိုယ့်ကို ကြည့်နေတာက တော်တော်ကြာတယ် အူကြောင်ကြောင်နဲ. ဘယ်လိုလူလည်းမသိဘူး ရုပ်နဲ.မလိုက်

"ကျွန်တော်ပင်ပန်းနေပြီ လှည်းကိုအိမ်ရောက်အောင်မြန်မြန်မောင်းပေးလို.ရမလား"

"ရပါတယ်ဗျာ ကိုယ့်ရွာပြန်လာတဲ.လူပဲ လိုအပ်တာမှန်သမျှ လုပ်ပေးရမှာပေါ့ဗျ"

မြေသားနီနီ လမ်းလေးထက်မှာ မြင်းလှည်းလေးက တချွင်ချွင်နဲ. ပြေးလွှားနေတာ လူနှသ်ယောက်ကတော့ စကားတစ်ခွန်းမှ ထပ်မဆို ဖြစ်ကြပေမယ့် လေထု က နွေးထွေးနေသလိုပဲ
မြင်းလှည်းပေါ်က လူနှစ်ယောက်ကတော့ ရေစက်ဆုံလို. ဆုံတွေ.ခဲ.ကြရတယ်ဆိုတာ သိမယ်မထင်

မောင့်သခင် Where stories live. Discover now