ရွာလည် လမ်းမကြီးအထက်မှာ မြင်းလှည်းလေးတစ်စီး တစ်ချွင်ချွင်နဲ. ပြေးလွှားနေတာ ဘယ်လောက်တောင် အလျင်လိုနေလို.ပါလိမ့်လို. အများသူငါ တွေတော့ ထင်ကြကုန်ရော့မယ်
မြို.ကြီးသားလေး က အမြန်မောင်းပေးပါဆိုလို.သာ မိုင်ကုန်နှင်လာရတာ ကျုပ်သားကြီး ငညိုတော့ အမောစို.နေရော့မယ် ညနေကျ မြက်နုနုလေးနဲ. ရေကြည်ကြည်ရှိတဲ. စမ်းချောင်းနား လွှတ်ပေးရမယ် ဒါမှ အဲ.ကောင်ကြီး ကျေနပ်မှာ
ခုတော့ နှင်ပေဦး ဖေ့ သားရေ" ဟိုအကို ဒီရွာထဲမှာ လဖ္ဘက်ရည်ဆိုင်ရှိလား "
မြို.ကြီးသားလေးက စကားစပြောလာတော့
သင့်မောင်တို. မဖြေချင်မှအဆုံး" ရှိတာပေါ့ဗျ ရွာ လည်မှာ ဖွင့်ထားတဲ. ဦးဘဆောင် ကြီးဖွင့်ထားတဲ. ဆိုင်ရှိတယ်လေ ဗျ မြန်မာမုန်.လည်း အစုံ ရသဗျ "
"ဟုတ်လား အာ့ဆို ညနေကျ ကျွန်တော့ကို လိုက်ပို.ပါလား လဖ္ဘက်ရည်ဆိုင် ထိုင်ချင်လို. ရွာထဲ လျှောက်ကြည့်ရင်း "
" လိုက်ပို.မှာပေါ့ဗျ ကိုယ့်ရွာ ပြန်လာတဲ. သူပဲ လိုအပ်တာ ရှိ ကျုပ်ကိုသာပြော ကျုပ်က ဒီရွာ ကာလသားခေါင်းဗျ ရွာထဲမှာ ဘာဖြစ်ဖြစ် ကျုပ်မှာလည်း တာဝန်ရှိသဗျ "
အင်း တောသားကိုလူချောကတော့ စကားကို အဆင်ချောနေတာပဲ တယ်လည်း စကားတက်တဲ. လူ သဘောကောင်းသလိုလိုတော့ ရှိသား မဆိုးပါဘူး
အဲ ငါဘာလို. မဆိုးပါဘူးလို. တွေးမိတာလည်း
ငါလည်း အရူးပဲ ဟားဟား" ဘာဖြစ်လို.လည်းဗျ ခေါင်းညိတ်လိုက် ခေါင်းခါလိုက်နဲ. ခေါင်းမူးနေသလား ရောက်တော့မှာပါဗျ ရှေ.နားဆို "
တစ်ယောက်တည်း ခေါင်းညိတ်လိုက် ခေါင်းခါလိုက် လုပ်နေတဲ. အဖြူကောင်လေး က ချစ်စရာ ကောင်းသဗျ နေမကောင်းများဖြစ်သလားတော့မပြောတက် စိတ်ပူမိတာ ဘာကြောင့်ပါလိမ့် အခုမှ စတွေ.တာမှန်ပါရဲ. ဗျာ
" အမ်း နည်းနည်း ပင်ပန်းနေလို. ပါ ဘာမှမဖြစ်ဘူး အိမ်တောင်ရောက်တော့မှာပဲ "
ဟော ပြောရင်းဆိုရင်း ခြံရှေ. မြင်းလှည်းရပ်တော့ ပြေးထွက်လာလိုက်ကြတာ လူတွေ တစ်ပြုံတစ်ခေါင်းကြီး
"ဟေးးးးး ကိုကြီးသင့်မောင်နဲ. အကိုလေးရုဏ်းသခင် တို.ရောက်ပြီ အဘရေ "
" အေး ငါ့သား လေးရောက်ပြီလား ကွ
ဟေး မိန်းမရေ ရှင်မရေ မင်းသားရောက်ပြီ ကွ ဟာ ဒီမိန်းမ ခုဏကမှ ဒီနားမှာထိုင်နေတာပါ ဘယ်ပြေး သွားတာလည်းမသိဘူး "အဖေကတော့ သူ.မွေးစားသား ခတ်နှောင်း ရဲ. အော်သံ ကြားတာနဲ. ပြေးဆင်းလာတော့တာပဲ အိမ်မကြီးပေါ်ကနေ
ခတ်နှောင်းက ခြံဝကနေ စောင့်နေတော့ လှည်းရပ်တာနဲ. ရုဏ်းကို ပြေးဖက်တော့တာပဲ"ကိုလေး နောက်ဆူံးတော့ ပြန်လာပြီပေါ့ နှောင်းမှာ သတိတွေရနေတာဗျာ ခုမှ ပဲ ပြန်လာတော့တယ်"
ခတ်နှောင်းဆိုတာ အဖေ့ ညီရဲ. သား အဖေ့တူ အဖေမွေးစားသားပေါ့ သူ. မိဘတွေက နှစ်ယောက်လုံး ပိုးထိလို. ဆုံးသွားကြတာ ငယ်ငယ် ထဲက
ရုဏ်းကိုလည်း အရမ်းတွယ်တာတဲ. ကလေး ညီကိုလေး နှစ်ယောက်ရှိတာရုဏ်းက ငယ်ငယ်ထဲက ဦးလေးရှိတဲ. မြို.မှာ အဖေက ကျောင်းထားပေးတော့ ရွာမှာ သိပ်မနေဖြစ် နွေရာသီပိတ်ရက်လောက်ပဲ ရွာမှာနေဖြစ်တော့ နှောင်းတစ်ယောက်တည်း အဖေ့ကိုကူညီရင်း အဖေ့ ယာတွေ ဦးစီးပေးနေတာ ပညာရေးမှာ စိတ်မဝင်စားတဲ. ညီငယ်လေးက စိုက်ပျိုးရေးမှာတော့ အရမ်းစေ့စပ်သေချာပြီး တော်တယ် အဘက လည်း နှောင်းကိုဆို အကုန် လက်လွှဲထားလို.ရတော့ သူကြီးလုပ်ပြီး ရပ်ရွာကိစ္စတွေ လိုက်ဖြေရှင်းနေရတာ
" ဟုတ်ပါပြီ ကိုလေး ကအခု အပြီးပြန်လာတာလေကွာ ရွာမှာ အကြာကြီးနေမှာပါကွ ဟုတ်ပြီလား "" တကယ်လား အကိုလေး "
" တကယ်ပေါ့ နှောင်းရဲ. "
ခေါင်းလေးပုတ်ပေးလိုက်တော့ ပျော်ရွှင်သွားတဲ. ညီငယ်လေးက အစွယ်လေးနှစ်ချောင်းပေါ်အောင်ရယ်လို.
ဘေးနားကရပ်ကြည့်နေတဲ. လူကြီးကပါ ဘာမဆိုင်ညာမဆိုင် သူ.ခေါင်းသူ ကိုင်ကြည့်ပြီး ကိုယ့်ကို ကြည့်နေတာ ဒီ လူ ဘယ်လိုလူလည်းမသိ
"ဟော မင်း အကိုလေးကို အိမ်ပေါ်အရင်ခေါ်ပါဦး သားနှောင်း ရယ် ပြီးမှ စကားအဝပြော နော် အထုတ်တွေလည်း အခန်းထဲ သယ်ပြီး သွားပို.လိုက်ဦး "
" ငါ့သားကြီးက ချောလို. လှလို.ကွာ အဖေ့
မှာနေ.တိုင်း လွမ်းနေရတာကွ "" ဟာဗျာ အဖေကလည်း ချောလို. ခန်.လို. ဆို ရပါတယ် ဘယ့်နှယ့် လှတယ်က ပါလာတာလည်း
"
စူပုတ်ပုတ်ဖြစ်သွားတဲ. ရုပ်ကလေး က အသည်းယားစရာလေးဗျာ ဘေးနားကနေ ပြုံးပြုံးကြီးကြည့်နေမိတာ ကျုပ်ကို ရူးနေတယ် ထင်ကြတော့မှာပဲ
YOU ARE READING
မောင့်သခင်
Romanceရုဏ်းသခင် = "သင့်မောင် ဆိုတဲ. လူ ကြည့်လို.ကိုမရဘူး ကျွန်တော် ရွာရောက်တာဖြင့်မကြာသေးဘူး နောက်ကနေတစ်ကောက်ကောက်နဲ. " ထို.နောက် " သင့်မောင်က ကျွန်တော့် ရဲ. မောင်ပါဗျ" အင်း တစ်စုံတစ်ယောက်ကတော့ အရင်ကစကားတွေ မေ့သွားပြီထင်ပါရဲ. သင့်မောင် = "ကျွန်...