red & black Logic

909 50 4
                                    

Vitamin ရှေ့ကကြောက်လန့်နေတဲ့မျက်ဝန်းနဲ့ဝှီးချဲပေါ်ထိုင်နေတဲ့ကောင်လေးကိုကြည့်ပြီးပြုံးမိတယ်....
ဖယောင်းရုပ်လေး နတ်ဘုရားတွေကိုယ်တိုင်ထုဆစ်ထားတဲ့ အလှပဆုံးဖယောင်းရုပ်လေး...
ဒါပေမဲ့ ထိုဖယောင်းရုပ်လေးက သူ့ကိုအသနားခံသလိုကြည့်နေတယ်....
" လွတ်မြောက်ချင်လို့လား ဟင်~~ ပြင်ပလောကကအန္တာရယ်များပူလောင်လွန်းပါတယ်ကွာ ကိုယ့်အရုပ်လေးအရည်ပျော်သွားမှာစိုးရွံ့မိတယ်...ဒီလိုလုပ် မင်းလိမ်လိမ်မာနေဖို့ဂတိပေးရင် ကိုယ်မင်းလက်က လက်ထိပ်လေးဖြုတ်ပေးမယ် မကောင်းဘူး ဟင်အချစ်...ဟင်လို့ ဖြေလေအချစ်ရယ် "

သူဘာပြောပြောပြန်မဖြေမလာတဲ့အရုပ်လေးကြောင့်ဒေါသစိတ်တို့စတင်လာခဲ့ချေပြီ
" ကိုယ်ပြောနေတယ်နော် ဖြေပါအုံး...ဖြေလို့
ဖြေလေ!! ဇော်ရှိုင်းထက်! !!! "
သူဒေါသနဲ့အော်ဟစ်လိုက်တဲ့အခါ သက်ရှိဖယောင်းရုပ်လေးလန့်ပြီတုန်သွားတာငါမြင်လိုက်တယ်....

ငါ ငါ့ဒေါသတွေကိုလျှော့ပြီ ပြုံးလိုက်တယ်
ဖုန်းကိုဖွင့်ကြည့်လိုက်တော့နေ့လည်၁၂နာရီထိုးခါနီးပြီ....

" ကိုယ်စိတ်မတိုတော့ဘူး အရုပ်လေးစားဖို့ ကိုယ်နေ့လည်စာသွားပြင်အုံးမယ် ပြီးရင်Doctorက အရုပ်လေးခြေတောက်ကိုလာကြည့်ပေးလိမ့်မယ် အရုပ်လေးခြေတောက်ပြန်ကောင်းသွားရင် လျှောက်သွားကြမယ်နော်... "

အရုပ်လေးခြေတောက်ဒဏ်ရာက သူနဲ့သိပ်မကင်းလွတ်ပါ.... သူက အရုပ်လေးကိုကားနဲ့ပိတ်ခေါ်ဖို့ အရုပ်လေးရှေ့ကားကိုအရှိန်နဲ့ထိုးရပ်လိုက်တဲ့အခါ အရုပ်လေးကလန့်ပြီးလဲကျတော့ ခြေအဆစ်လုံးဝလည်ထွက်သွားပါတယ်တဲ့....
အဆိုးထဲကအကောင်းလို့ပြောရမလား ခြေတောက်ဒဏ်ရာကြောင့်သူအရုပ်လေးကိုလွယ်လွယ်လေးသိမ်းလာနိုင်ခဲ့တယ်....

Vitamin ရယ်မောလိုက်မိရင်အခန်းပြင်ထွက်သွားတယ်...အခန်းတံခါးမပိတ်ခင်အခန်းထဲကအကောင်ပေါက်လေးကိုအမြတ်တနိုးကြည့်ဖို့လည်းသူမမေ့ပါ...
ကြောက်နေလိုက်ပါအချစ်ရယ် မင်းကြောက်နေတာ ကိုယ်သဘောကျတယ်...

ဒါပေမဲ့ Vitaminက အခန်းတံခါးနောက်ကွယ်က ထိုအရုပ်လေးရဲ့အပြုံးကိုတော့မမြင်လိုက်ပါ....

VitaMinထွက်သွားတာသေချာသည်နဲ့ ဇော်ရှိုင်းထက်ပြုံးလိုက်သည် ခုနကမြင်ခဲ့တဲ့ ကြောက်ရွံ့သည်အမူအရာလုံးဝရှာမရတော့ချေ.....

သူ့နားကပ်ကိုချွတ်ပြီ နားကပ်ကအပ်နဲ့ လက်က လက်ထိပ်ကိုအသာလေးချွတ်လိုက်သည်...

လက်နှစ်ဖက်ဆန့်ထုတ်ကပျင်းကြောဆန့်ရင်သူ့ပေါင်ပေါ်ကစောင်ပါးကိုဆွဲကိုင်ထားလိုက်ရင်မတ်တပ်ရပ်လိုက်သည်....

ဒါတွေကသူ့အတွက်မခက်ခဲ့ဘူး သူကမင်းသားတစ်ယောက်လေ...VitaMinခြုံ
ပေးခဲ့တဲ့စောင်ပါးလေးကိုသူအမြတ်တနိုးနမ်းရှိုက်လိုက်သည်....

" အား....မောင့်ရဲကိုယ်သင်းနံ့လေး ဟားဟား..." သူရယ်မောပြစ်လိုက်သည်....သူချစ်ရသူနဲ့ကစားရတာဒီလောက်ထိပျော်စရာကောင်းမယ်မှန်အခုမှသိ၍ နောင်တတော့ရချင်မိသည်....

ဇော်ရှိုင်းထက်ဟာ စောင်ကိုပွေ့ဖက်ထားရင် လှည့်ပတ်ကနေမိသည်.....

" မောင်အရုပ်ကလေးပျော်နေပါ့လား "

အသံလားရာကြည့်လိုက်တော့မြင်နေရတဲ့သူက VitaMin ငါ့ရဲ့VitaMin
ဇော်ရှိုင်းထက်ကသူ့ကိုအမြတ်တနိုးပြန်ပြုံးပြဖို့လည်းမမေ့ခဲ့ချေ...

.
.
.
.
.

ထွေထွေထူးထူးတော့မဟုတ်ပါဘူး..... Mahar classစောင့်ရင်ပျင်းနေမှာဆိုးလို့စိတ်ကူးပေါက်ရာလေး

red flag နဲ့ black Flag သဘောကျရဲ့လား😗

You've reached the end of published parts.

⏰ Last updated: Mar 12 ⏰

Add this story to your Library to get notified about new parts!

red & black logic( one short )Where stories live. Discover now