Chapter-11

215 24 5
                                    

သားလေးတို့လာထိုင်ကြလေ
လာ လာ~~~

ဂျင်နဲ့ထယ်ယောင်းလဲ
ခေါင်းညိမ့်ပြကာဝင်ထိုင်လိုက်ကြသည်

သားဂျင်လေးထည့်စားနော်
ရော့သားလေးဒီဟင်းလေးကောင်းတယ်စားကြည့်နော်

အမကြီးကင်တစ်ယောက်
ဂျင့်ရဲ့ပုံစံကိုကြည့်ပြီးအားမရတာကြောင့်
ဂျင့်ပန်းကန်ထဲသို့ဟင်းများကို
ခပ်ထည့်ပေးနေတော့သည်

jin-ဟုတ်...... ဟုတ်ကဲ့အန်တီ......

အာ~~ဘာလို့အန်တီတုန်း......
သားလေးခေါ်သလိုမားလို့ပဲခေါ်နော်

jin-ဟုတ်....ဟုတ်ကဲ့မား.....

ဆော့ဂျင်မခေါ်ချင်လို့တော့မဟုတ်ပေ
ထယ်ယောင်းဆိုတဲ့ကောင်ကိုမုန်းတာကြောင့်
အန်.....အဲ~~မားကိုဂရုမစိုက်သလိုတွေဖြစ်သွားတယ်

tae-အဟမ်း....အဟမ်းးးး

ထယ်ယောင်းချောင်းဟန့်လိုက်တာကြောင့်
ဂျင်ရောအမကြီးကင်ပါထယ်ယောင်းကို
လှည့်ကြည့်လာကြသည်

ထယ်ယောင်းသူ့ပန်းကန်ကိုမေးငေါ့ပြပြီး
သားကိုလဲဟင်းထည့်ပေးအုန်းလေဆိုသော
အကြည့်ဖြင့်ကြည့်နေတော့သည်
ဒါကိုသိသောအမကြီးကင်မှာလဲ
သူ့ရဲ့ချစ်သားလေးကိုစချင်လာတာကြောင့်
ညှင်ညှင်သာသာဖြင့်

ကိုယ့်ဘာသာထည့်စား......

ထယ်ယောင်းသူ့မားရဲ့စကားကြောင့်
မျက်နှာကြီးဆူပုတ်လာကာ
နှုတ်ခမ်းမှာလဲတစ်တောင်လောက်ဆူထွက်လာတော့သည်

tae-ဟာ~~~မားကလဲ
သားကမားထည့်ပေးတာပဲစားချင်တာကို.....
မားကဂျင့်ကိုကျထည့်ပေးတယ်     ဟွန့်.....

ဂျင်ထယ်ယောင်းကိုကြည့်ပြီး
အံသြမိသည်။အခု....ထယ်ယောင်းက
သူစစတွေ့ချင်တုန်းကလိုဂျစ်ကန်ကန်
ကောင်လေးတသ်ယောက်မဟုတ်တော့ဘဲ
သူ့မားကိုချွဲနေတဲ့ပုံကတကယ့်ကလေးလေးလိုပင်
အော်~~~မိဘမေတ္တာကအဲ့လောက်တောင်
အစွမ်းထက်ပါလား

ဟ~~ဟ မားကသားထက်
သားမတ်ကိုပိုချစ်တဲ့အမျိုးကလာတာ
အဲ့ဒါကြောင့်ဂျင်လေးကိုထည့်ပေးတာ

tae-ဟာ...မားနော်

ဟ ဟ.....မားကစတာပါတော်
ရော့....သားလေးကိုလဲချစ်တယ်
ပြီးတော့သားမတ်လေးကိုလဲချစ်တယ်
မားမှာဒီမိသားစုလေးပဲရှိတာ
ဒီသားလေးတွေကိုမှမချစ်ရင်ဘယ်သူ့ကို
သွားချစ်ရမှာတုန်းလို့...... ဟင်..

သူများအပိုင်လဲငါ့အပိုင်ပဲ Where stories live. Discover now