Intro

757 79 24
                                    

တုံးအပြီး နုံအတဲ့ Gong နဲ့ အနည်းငယ်သိမ်မွေ့ပြီး ထက်ထက်မြက်မြက် Shou

ချောင်းယွမ်သည် ရှေးခေတ်ကမ္ဘာတစ်ခုတွင် ထိမ်း မြားလက်ထပ်ပြီးနောက် su*cide လုပ်ရန်ကြိုးစားသည့် လူငယ်တစ်ဦးအဖြစ်နိုးထလာခဲ့သည်။ သူ့မှာ ဒီနေရာကနေ အမြန်ဆုံးလွတ် မြောက်ဖို့အတွက် အစီအစဉ်တွေရှိတယ်။

သို့သော် သူရခဲ့သောခင်ပွန်းသည် အတော်လေး တော်သည်။ သူသည် ရုပ်ရည်ချောမောကာ နာခံတတ်သူဖြစ်သည်။ သူသည် သူ့အတွက် ဆီမွှေးများ၊ အဝတ်များဝယ်ကာ နှိပ်နယ်ပေးခြင်းဖြင့် ချောင်းယွမ်အား ပြုစုစောင့်ရှောက်ခဲ့သည်။ တဖြည်းဖြည်းနဲ့ ချောင်းယွမ်တစ်ယောက် သူ ဒီကမ္ဘာမှာနေဖို့ဖြစ်နိုင်တယ်လို့ခံစားလာရတယ်။

သို့သော် သူ၏ နေထိုင်မှုဘ၀ တိုးတက်ရန်လိုအပ် ကြောင်း သူ သိလိုက်သည်။ ထို့ကြောင့် ချောင်းယွမ် သည် ဆိုင်တစ်ခုတွင် ကုန်ပစ္စည်းများကိုစတင် ရောင်းချခဲ့ကာ ချမ်းသာပြီး အောင်မြင်သည့်ဘ၀ဆီသို့ တစ်ဖန်ခရီးစတင်ခဲ့သည်။

#

ယွီတမုန့်သည် စစ်မှုထမ်းပြီးနောက် မိခင်ဖြစ်သူ၏ အကြံဉာဏ်ကိုနားထောင်ပြီး လွန်ခဲ့သောနှစ်ပေါင်းများစွာက သူ့အသက်ကိုကယ်တင်ခဲ့သည့် ချောင်းမိသားစုအားကျေးဇူးဆပ်ရန် ထိုမိသားစုရှိ ကောလေးနှင့်လက်ထပ်ခဲ့သည်။

သို့သော် ၎င်းတို့၏မင်္ဂလာဦးညတွင် သူ့ဇနီးအ သစ်လေးအား စကားတစ်ခွန်းမှမဆိုရသေးခင် သူ့ကိုယ်သူ ကြိုးဆွဲချသတ်သေသွားခဲ့သည်။ ယွီတမုန့်သည် ဇနီးလေးမှာ ဘ၀တစ်လျှောက် သူနှင့်အတူမရှိချင်သဖြင့် အလွန်စိတ်ပျက်အားငယ်မှုကိုခံစားလိုက်ရသည်။

အံ့ဩသင့်စရာမှာ လူငယ်လေးသည် နောက်တစ် နေ့နိုးထလာသောအခါ လုံးဝပြောင်းလဲသွားပုံရသည်။ ဇနီးလေးသည် ပျော်နေပါက တိုးဝှေ့ပွေ့ ဖက်ကာ အလိုလိုက်မည်ဖြစ်ပြီး သူဒေါသဖြစ်နေပါက နှုတ်ခမ်းဆူနေသောကြောင့် ဇနီးလေးအား ချော့ဖို့လိုအပ်သည်။ ကိုးယိုကားယားဖြင့် ဘာတစ်ခွန်းမှ ပြောမထွက်နိုင်သော ယွီတမုန့်သည် နားကုတ်လိုက် ပါးကုတ်လိုက်ဖြင့် အနည်းငယ်ကူကယ်ရာမဲ့သလိုခံစားလိုက်ရသည်။

မှတ်ချက်။     ။ Paid Gp မရှိပါ။

🍀





#




မှတ်ချက်။     ။ ဒါလေး Paid Gp မဖွင့်ပါဘူးနော်

🍀



အသစ်လေးများ Where stories live. Discover now