အင်မော်တယ်လောကတွင် ကျောင်းသားများအ တွက်ဖွင့်လှစ်ထားသည့် ဟုန်းမန်အကယ်ဒမီသို့ နဂါးလေးတစ်ကောင်ရောက်ရှိလာခဲ့သည်။
ကျိချောင်းယွင်သည် ယခင်ဘဝတွင် မမျှော်လင့်ဘဲ သေဆုံးသွားခဲ့ပြီးပြန်လည်မွေးဖွားခဲ့သည်။ သူသည် ပြင်းပြင်းထန်ထန် လေ့ကျင့်ချင်သော်လည်းရည် မှန်းချက်နှင့်ဝေးကွာလွန်းလှသည်။ သူသည်မာန ကြီးသည့်အပြင် သူ၏အရင်းမြစ်များသည်လည်း ညံ့ဖျင်းလွန်းလှသည်။ စိတ်လှုပ်ရှားနေချိန်၌ သူ ၏နဂါးချိုများက်ိုပင်မသိမ်းနိုင်တော့ချေ။
အထူးသဖြင့် ရှေးခေတ်နတ်ဘုရားမျိုးဆက်မှ ဆင်း သက်လာသည်ဟုဆိုကြသော ဖုန့်ချီသည် သဘော ထားကြီးသော်လည်း ခေါင်းမာသည့်အပြင် သူ မကျေနပ်ပါက နေရာတိုင်းတွင်အပြစ်ရှာတတ်သည်။
နောက်ပိုင်းတွင် ကျိချောင်းယွင် စစ်ဆေးမှုမအောင် မြင်သောအခါ အကယ်ဒမီမှနှင်ထုတ်ခံရခြင်းနှင့် ရင်ဆိုင်ခဲ့ရသည်။
အကဲဖြတ်စစ်ဆေးရာ၌ ထိပ်ဆုံးအဆင့်သတ်မှတ်ချက်နှင့် အောင်မြင်ထားသည့် ဖုန့်ချီသည် နဂါးငယ်လေးအားကြာပန်းကန်ထဲကိုဖိကာ မရည်ရွယ်ဘဲပြုံးလိုက်သည်။
"ဘာတွေ စိတ်ပူနေတာလဲ ? မင်းရဲ့ သင်ခန်းစာတွေကို ငါ ကူညီပေးမှာပေါ့။"
နဂါးငယ်လေးသည် စိတ်လှုပ်ရှားစွာ သူ့အမြီးအားကိုင်လိုက်ပြီး
"မင်း ဘယ်လိုကူညီပေးမှာလဲ ?"
ဖုန့်ချီ "တူနှစ်ကိုယ်ကျင့်စဉ်နဲ့လေ"