▫️

31 3 6
                                    

( ၂ )

ဒီနေ့ အလုပ်ကိစ္စတွေ ရှိနေသော် ငြား အစ်ကို က အပြင် ခဏထွက်ရန် ခေါ်သဖြင့် မှူး လိုက်သွားဖြစ်သည် ။

"ခဏပဲ နေမှာ နော် ၊ ပြီးရင်ပြန်မယ် "

မှူးက အိမ် တွင်း အောင်းရသည်ကို သဘောကျသည် ။ သို့သော် တိမ်တွေကိုချစ်သည် ။ 

"အေးပါဟာ ၊ ခဏလောက်တော့ နေစ မ်းပါ  ၊ နင် အပြင်လေ မထိတာ ဘယ်လောက်တောင် ကြာနေပြီလဲ "

အစ်ကိုက ပခုံးကို ပုတ်ချ၍ ပြောသည် ။ မှူးကတော့ ခေါင်းတစ်ခါခါဖြင့်သာနေရသည် ။

"ဟာ pemella ၊ အစ်ကို ဝေယံလဲပါတာပဲ "

ရုတ်တရက် မျက်နှာချင်းဆိုင် တွေ့လိုက်ရတဲ့ နွယ် ။ မျက်နှာမှာ အတန်ငယ် ပြုံးရွှင်လျက်ရှိသည် ။

"နွယ် ၊ ဘယ်လိုဖြစ်လို့ ဒီမှာ လာတွေ့ရတာ တုန်း ၊ အစ်ကို ကမှူးကို အပြင်စာ လိုက်ကျွေးမလို့ ခဏခေါ်လာတာ "

အစ်ကိုမျက်နှာ နှင့် အသံတို့မှာ တစ်ခဏချင်း ရွှင်လန်းသွားသည် ၊ နွယ့်ကို စိုက်ကြည့်နေသည်တို့မှာ မျက်နှာမလွှဲ ။

"နွယ်က ဒီကို မေမေနဲ့ လာတာ အစ်ကို ရဲ့ ၊အခုမေမေက သူသူငယ်ချင်းတွေနဲ့ စကားလက်ဆုံကျပြီး နွယ်တစ်ယောက်ထဲကိုပျင်းနေအောင်လွှတ်ထားတာလေ ။ pemella နင်က‌ရော ငါ ခေါ်ရင်ကျ မလိုက်ပဲ နဲ့ကြည့်စမ်း "

နွယ့်မူက စနောက် ဟန်ပိုနေသည် ။ မှူးကတော့ နွယ့်ကို ပြုံးကာသာပြလိုက်သည်

"အကြာကြီးမနေပါဘူး ၊ ငါလဲ ခဏနေရင် ပြန်မှာ "

နွယ်က အစ်ကို့ ကိုကြည့်လိုက်သည် ။

"အစ်ကို စိတ်မရှိရင် နွယ်သူ့ကို ခဏခေါ် သွားလို့ရလား ၊ ဟင် "

နွယ်က မေးလေး တစ်ချက်  ပင့်ကာ မေးလိုက်သည် ။ နွယ့်ရဲ့ ချစ်စရာကောင်းသော ဟန်ပန်ကို မည်သူမှ ငြင်းပယ်နိုင်မည်မထင် ။ သို့ သော် အစ်ကို့ ဟန်က အနည်းငယ်တော့ နှမျော တသရှိသည် ။

"ရပါတယ် နွယ်ရယ် ၊ အစ်ကို့ ဆီကို ၆နာရီ လောက် ပြန်ပို့ပေးရင်ရပါပြီ ‌"

"ဟာ အခုမှ ၂နာရီရှိသေးတယ် ၊ အစ်ကိုပြောတော့ ခဏပဲနေမှာဆို ၊ နွယ်ငါ မရဘူးသိလား ၊ အလုပ်ကိစ္စရှိသေးတယ် "

You've reached the end of published parts.

⏰ Last updated: Mar 07 ⏰

Add this story to your Library to get notified about new parts!

ချစ်ရတဲ့ နွယ်Where stories live. Discover now