အပိုင်း (2)

363 53 49
                                    

Unicode

"ဘာ ..... ဘာဖြစ်တယ် ..... မင်းမှာ ဘာကြီးရှိနေတာ ..."

ကင်ဂယူဘင် အံ့ဩလွန်း၍ ကော်ဖီဆိုင်ထဲ အသံပြဲကြီးနဲ့ ထအော်မိလေတော့ ဘေးဝိုင်းတွေ လှည့်ကြည့်ကြသဖြင့် ဆောင်းဟန်ဘင်းမှာ ရှက်လို့ ပါးစပ်ပြေးပိတ်ရသေး

"တိုးတိုးပြောပါကွ ....
အမြွှာအစ်ကို .... ငါ့အမြွှာအစ်ကိုဆိုတဲ့ကောင် ပေါ်လာတာလို့"

ကင်ဂယူဘင်းမှာ ကျောင်းပိတ်ရက်အတွင်း ဆုံခဲ့ရသည့် ရစ်ခီဆိုသော ထူးဆန်းသော ကောင်လေးအကြောင်း သူငယ်ချင်းဖြစ်သူထံ ရင်ဖွင့်ဖို့ သွားခါမှ သူငယ်ချင်း ဆောင်းဟန်ဘင်းအဖြစ်က ပိုထူးဆန်းနေသည်မို့ အရင်စပ်စုနေရသည်။

"ဟင် မင်းအမြွာအစ်ကိုက လွန်ခဲ့တဲ့ဆယ်နှစ်တည်းက မိသားစုလိုက် ကမ်း‌‌ခြေမှာခရီးထွက်ရင်း ရေလှိုင်းထဲပါသွားလို့ သေပြီဆို.....
ငါတောင် နှစ်တိုင်း သူ့နှစ်ပတ်လည် ကန်တော့ပွဲနေ့ဆို မုန့်လာစားခဲ့တဲ့ဟာ...."

"အေး သေပြီလို့ ထင်ထားပေမယ့် မသေဘူး .... တရုတ်မိသားစုတစုက ‌‌‌‌ေတွ့ပြီး မွေးစားလိုက်လို့ ဖူကျန့်မှာ နေခဲ့ရတာ... ခုမှ မွေးစားမိဘတွေလည်း ဆုံးသွားလို့ ကိုရီးယားကို မိဘရင်းပြန်လာရှာတာတဲ့"

ဆောင်းဟန်ဘင်းစကားနားထောင်ရင်း သူပြသည့် ဖုန်းထဲက အမြွှာအစ်ကိုဆိုသူ၏ပုံလည်း ကြည့်ရသေး ....

"မင်းဟာက မတူသလိုလိုပေမယ့် ကြည့်ရင်းလည်း တူလာသလိုလိုပါပဲ .... "

"တူတယ် .... ငါလို တမိုးအောက်တယောက် စောင် ချောကြီး ဆောင်းဟန်ဘင်းနဲ့ သူက ဘယ်နားတူနေလို့လဲ ...... မျက်နှာကသေးသေး နားရွက်ကကားကား လူကလည်းပိန်တာမှ ငါ့တခြမ်းလောက်ပဲ ရှိတယ်"

ဆောင်းဟန်ဘင်း ထငြင်းတော့လည်း ဟုတ်သလိုလိုပါပဲ သူပြောသလောက်တော့ မဆိုးပေမယ့်ပေါ့

"အင်း ပိန်တာတော့ အတော်ပိန်တယ်နော် မွေးစားသားဆိုတော့ ထမင်းဝဝမစားခဲ့လို့နေမှာ....
ဒါနဲ့ သူပြောတာနဲ့ မင်းတို့အိမ်က တန်းယုံလိုက်တာပဲလား DNA မစစ်ကြဘူးလား"

"ဘယ်နေမလဲ စစ်တာပေါ့ ငါ့အမေက တွေ့တွေ့ခြင်း သားလေးဆိုပြီး အရမ်းသဲကဲနေပေမယ့် အဖေက တော့ DNA စစ်လိုက်ပါသေးတယ် .... ဒါပေမယ့် Result ကလည်း တူနေတယ်တဲ့လေ ..... "

22ရာစုက ကျနော့်ရည်းစားWhere stories live. Discover now