Part 1 (Uni)

486 21 0
                                    

Uni

*ကြမ်းတမ်းသောစကားများ၊အမူအရာများပါဝင်သည်*❗

မီးရောင် အနည်းငယ်သာ ရှိသော မြေအောက်ခန်းထဲတွင်...

“လွှတ်... မင်းတို့ဘယ်သူတွေလဲ ငါ့ကိုဘာကိစ္စဖမ်းလာတာလဲ ဟမ်!”

“ဘာကိစ္စလဲတော့ ကျုပ်တို့မသိဘူး Boss ကဖမ်းခိုင်းတာဆိုတော့ ဦးမင်းအက္ခရာ ခင်ဗျား သေချာပေါက် Boss လူကို ထိလိုက်လို့ပဲဖြစ်မယ်”

“မင်းတို့ Boss လူဟုတ်လား”

“အင်း ကျုပ်တို့ Boss ရဲ့လူ”

“မင်းတို့ Bossရဲ့လူက ဘယ်သူမို့လို့လဲ ဟမ် Boss ဆိုတာကရောဘယ်သူလဲ!”

“ခင်ဗျား...စောက်စကားတအားများတာပဲ.. ခင်ဗျားခဏနေရင်သိရလိမ့်မယ် အခုတော့ဘဝကူးကောင်းအောင် ဘုရားစာရွတ်ပြီးနေ ဦးမင်းအက္ခရာ”

“ဘာ...မင်း!”

ကျွီ...
တံခါးဆီသို့ လွင်မင်းရော မင်းအက္ခရာရောပြိုင်တူကြည့်လိုက်သောအခါ...

“Boss ရောက်လာပြီလား!”

“Boss ဆိုတော့ ဒီပိန်ပိန်‌သေးသေးကောင်က မင်းတို့ Boss ပေါ့လေ ဟုတ်လား”

မင်းအက္ခရာ၏စကားကြောင့် Boss ဆိုသာလူဟာ အားရပါးရရယ်မောလျက်

“ဟား ဟား ဟား ဒီပိန်ပိန်သေးသေးဆိုတဲ့ကောင်ကပဲ ခင်ဗျားကို ငရဲရောက်အောင်လုပ်ပေးမှာ ဆိုတာကိုတော့ သိထားသင့်တယ်နော် အဟင်း”

“မင်း...မင်း...မင်းဘယ်သူလဲ!”

Boss ဆိုတဲ့လူဟာ လှောင်ပြုံး ပြုံးပြီး
“အိုး... ဟုတ်သားပဲ ကိုယ့်ကိုကိုယ်မိတ်ဆက်ဖို့မေ့နေတာ တွေ့ရတာဝမ်းသာပါတယ် ဦးမင်းအက္ခရာ ကျွန်တော် ပိုင်ခွန်းသန့်ရဲ့ ငရဲခန်းကနေ ကြိုဆိုပါတယ်ခင်ဗျာ”

“မင်း ဘာကိစ္စ ငါ့ကိုဖမ်းခိုင်းရတာလဲဟမ် ငါနဲ့မင်းနဲ့ကြား ဘာရန်စရှိလို့လဲကွ!”

“ခင်ဗျားနဲ့ကျွန်တော်နဲ့ကြားမှာ ရန်စဆိုတာ အစကမရှိပေမယ့် ခင်ဗျားက မထိသင့်တဲ့လူကို လာထိမှတော့ အဟင်း အခုတော့ စကားပြောတာရပ်ပြီး လုပ်ငန်းစကြတာပေါ့”

လွင်မင်းအား ပိုင်ခွန်းသန့်တစ်ချက်ကြည့်လိုက်ရုံနဲ့တင် လွင်မင်းက အထာနပ်ကာ ဦးမင်းအက္ခရာ၏ပါးစပ်ကို တိတ်နဲ့ပြန်ကပ်လိုက်ပြီး အမိန့်ပေးတာကိုစောင့်နေလေသည်။

ဦးမင်းအက္ခရာဟာ အပြင်ပန်းမှာသာ စကားကိုခက်ထန်စွာပြောနေပေမယ့် စိတ်ထဲတွင်ကြောက်ရွံနေမိသည့်အပြင် ပါးစပ်ကိုတိပ်နဲ့ပြန်ကပ်ခံလိုက်ရတာကြောင့် ပိုပြီးကြောက်ရွံ့လာကာ ဝူးဝူးဝါးဝါး အော်ဟစ်နေရသည်။

ပိုင်ခွန်းဟာ စဉ်းစားနေသလိုပုံစံဖြင့်
“အင်း... ဘယ်ဟာလေးနဲ့အရင်စလုပ်ရင်ကောင်းမလဲ...ကျစ်! နားငြီးလိုက်တာ No.4 ကိုအရင်လုပ်လိုက် လွင်မင်း!”

“ဟုတ်ကဲ့ Boss”

ခဏကြာသော် လွင်မင်းသည် ပွက်ပွက်ဆူနေသော ရေနွေးများကိုယူဆောင်လာကာ
“Boss ကိုယ်တိုင်လုပ်မှာလား ကျွန်တော်လုပ်ရမှာလားဗျ”

“အပျော့လေးဆိုတော့ငါလုပ်ရမှာပျင်းတယ် မင်းပဲလုပ်”

“ဟုတ်ကဲ့ Boss”

ဦးမင်းအက္ခရာ၏ပါးစပ်တွင်ကပ်ထားသောတိပ်ကိုခွာလိုက်ပြီး အခြားလူနှစ်ယောက်က ဦးခေါင်းကိုချုပ်ကိုင်ထားလိုက်သည်။ ထို့နောက် မင်းအက္ခရာ၏ ပါးစပ်ကိုဖြဲကာ ရေနွေးပူများကို လောင်းထည့်လိုက်သော် မင်းအက္ခရာမှာ အလွန်ပင်ပူလောင်နာကျင်ပြီး အော်တောင်မအော်နိုင်တော့ပင်။အသားများကပင် တဆတ်ဆတ် တုန်လှုပ်လျက် မျက်ရည်များပါ ကျနေလေသည်။

ထိုအဖြစ်ကို ပိုင်ခွန်းသည် သဘောကျစွာ ထိုင်ကြည့်လျက်
“လွင်မင်း No.6”

“ဟုတ်ကဲ့ Boss”
_ _ _ _ _ _ _ _ _ _ _ _ _ _ _ _
8.3.2024
ပထမဆုံးရေးသားခြင်းမို့ အမှားများ ပါခဲ့ရင်ကြိုပြီးတောင်းပန်ပါတယ်ဗျ။ စိတ်ကူးထဲရှိတာ ရေးချတာမိုလက်တွေ့မှာလိုက်မလုပ်ကြပါနဲ့ဗျ။
Paing Mar Val

မောင့်အပိုင် မောင့်လူ ( ခေတ္တရပ်နား)Where stories live. Discover now