Chapter - 1

2.2K 185 54
                                    

"ကောင်းယံ...."

အော်ဟစ်တားဆီးနေမိသော်ငြား မိမိအား နာနာကျင်ကျင် အပြုံးလေးနှင့်ကြည့်နေသောသူ၊ လက်ထဲတွင် ကိုင်ဆောင်ထားသော မြားကို လွှတ်ချတော့မည့် မိမိလက်ကို ထပ်အုပ်ကိုင်ကာ တုံ့ဆိုင်းခြင်းမရှိ သူ၏ရင်ဘတ်ဆီသို့ အားကုန်ထိုးချလိုက်သည့်အခါ ရဲရဲနီနေသော သွေးများက မိမိလက်ပေါ် ယိုစီးကျလာပြီး မပီဝိုးတဝါးပုံရိပ်လေးထံက အပြုံးများကပါ ပျောက်ကွယ်သွားသည့်အခါ

"ကောင်းယံ မလုပ်ရော့နဲ့!!"

ထွက်ပေါ်သွားသော အသံခပ်အုပ်အုပ်နှင့်အတူ အိုင်းဆက်လန့်နိုးရလာသည်။ အလန့်တကြားထထိုင်ကာ လက်နှစ်ဖက်ကို အလျှင်အမြန် ပြန်ငုံ့ကြည့်မိသည်။ မည်သည့်သွေးမှ စွန်းပေမနေသည့်တိုင် ၊ အိမ်မက်ဖြစ်နေသည့်တိုင် ထိုအဖြစ်အပျက်သည် ဖြစ်ရပ်မှန်ဖြစ်ခဲ့သည့်အတွက် စိတ်တွေကတော့ မအေးချမ်းသွားခဲ့ပေ။ အေးစိမ်းနေသည့် အဲကွန်းအခန်းတွင်းမှာ​တောင် ချွေးစေးများက နင့်နဲ့နေအောင် ထွက်နေရကာ လူကလှိုက်မောနေဆဲ။

"ကောင်းယံ..."

ဟု နှုတ်မှနောက်တစ်ကြိမ်ရွတ်မိသည့်အခါ လွန်ခဲ့သည့် နှစ်လခန့်က သုတေသနခရီးထံသို့ အတွေးပြန်ရောက်သွားရ၏။ စောင့်ဆိုင်းရှာဖွေနေရသောသူကို ပြန်တွေ့ရလေပြီမို့ coffee date ကြံရွယ်ခဲ့ပြီး ဖုန်းလေးငါးကြိမ်ထက်မနည်း ခေါ်ခဲ့သည့်တိုင် ကောင်းယံက ဖုန်းမကိုင်ခဲ့သလို မိမိ၏ဖခင်ဘက်တွင် ကိစ္စတစ်ခုကပေါ်ပေါက်လာခဲ့သည်မို့ ထပ်မဆက်နိုင်ခဲ့ပေ။ အိပ်ရာနံဘေးရှိ ရေဘူးလေးအား လှမ်းဆွဲယူလိုက်ပြီး လက်တစ်ဆစ်မျှသော ရေက မိမိရင်အား အနည်းငယ်မှ​တောင် ငြိမ်းအေးမစေ​ခဲ့။ ထို့ကြောင့် ဧည့်ခန်းဆီသို့ ထထွက်လာသည့်အခါ မီးရောင်မှိန်မှိန်လေးထဲ လူတစ်ဦးက အရင်ရောက်နှင့်နေခဲ့သည်။

"အိပ်မပျော်ဘူးလား အ်ိုင်းဆက်၊ ဒါမှမဟုတ် အိပ်မက်တွေ မက်နေပြန်သေးတာလား"

"အိပ်မပျော်ယုံသက်သက်ပါ ။ ဒယ်ဒီရော အတွေးများနေတာလား"

".............."

"ကျွန်တော့်ကို ထည့်တွေးစရာမလိုပါဘူး။ ဖြစ်ချင်တာကိုပဲ..."

🦋 𝑬𝒎𝒑𝒊𝒓𝒆 𝒐𝒇 𝑨𝒔𝒕𝒆𝒓𝒐 𝒂𝒏𝒅 𝑯𝒊𝒔 𝑬𝒎𝒑𝒓𝒆𝒔𝒔  🦋Where stories live. Discover now