ဖီရှိုးဖန့်ကွမ်၊ ကျီကျင့်ပုချူး
ရှေးခေတ်သားရဲ ဖီရှိုးသည် အမှိုက်ပစ်ရန် အပြင်ထွက်လာခဲ့ပြီး အမှိုက်များကို အမျိုးအစားခွဲ၍ ပစ်ပြီးချိန်တွင် တစ္ဆေအထီးလေးတစ်ကောင်က သူ့ရင်ခွင်ထဲသို့ ကျလာခဲ့လေသည်။
ထိုတစ္ဆေလေး၏ အမည်သည် ဝမ်ရှီးဖြစ်ပြီး ပန်းလေးတစ်ပွင့်လို လှပပေ၏။ လှပရုံတင်မကပါဘဲ ထိကြည့်လိုက်လျှင် နူးညံ့ပြီး အေးမြနေသဖြင့် ဖီရှိုးအတွက်တော့ အအေးခေါင်းအုံးအဖြစ် သုံးရန် ပြီးပြည့်စုံသည်ဟု ဆိုလို၍ရပေသည်။ တကယ်တော့၊ ဖီရှိုးသည် ကောင်းကင်ဘုံမှ အပြစ်ပေးခြင်းကို ခံခဲ့ရပြီး သူ၏ ခန္ဓာကိုယ်အတွင်း၌ သည်းခံနိုင်စရာ မရှိသည့် အပူကို ခံနိုင်ရည်ရှိရန် ဆုံးဖြတ်ခဲ့ကြသည်။
ဖီရှိုးသည် တစ္ဆေလေးကို အအေးခေါင်းအုံးအဖြစ်သာ အသုံးပြုသည်ဟု ကောင်းကင်ဘုံသို့ ကျိန်ဆိုပြခဲ့သော်လည်း မည်သူမျှ သူ့ကို မယုံခဲ့ပေ။
ဖီရှိုး : “ကံကြမ္မာ အနီရောင်ကြိုးက ငါ့ခန္ဓာကိုယ်ကို ချည်ထားရင်တောင် ငါ့နှလုံးသားလေးကတော့ လူပျိုလေးပဲ!”
ဝမ်ရှီးသည် နှစ်ရာနှင့်ချီ၍ အချဉ်ဖောက်ထားသော အိုးထဲတွင် ချိတ်ပိတ်ခံထားရကာ နောက်ဆုံးတွင် ကမ္ဘာပေါ်သို့ ပြန်လွှတ်ပေးခြင်းကို ခံလိုက်ရပြီး…သူ့ကိုယ်သူ အကြွေးဆပ်ရန် ကလေး-သတို့သမီးအဖြစ်သို့ ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသည်။
သို့သော်လည်း၊ သူ၏ “ခင်ပွန်း” သည် လစဉ် အခွန်ပေးဆောင်ပြီး ချေးငွေပြန်ဆပ်ရသည့် ကိုယ်ပိုင်အလုပ်ရှင် သားရဲလည်းဖြစ်သည်။
ဝမ်ရှီး : “တခြား ဖီရှိုးတွေကရော မင်းလောက် သနားစရာကောင်းတာပဲလား?”
သူတို့နှစ်ဦးသားသည် သပွတ်အူလိုက်နေခဲ့သော်လည်း အဆုံးမှာတော့ တွဲဖက်ညီသည့်အတွဲ ဖြစ်လာခဲ့ပေသည်။ ယွဲ့လောင်ကတောင် သူတို့ကို အိမ်ထောင်ရေး အင်တာဗျူးတစ်ခု လုပ်ခဲ့သေးသည်။
ဖီရှိုးပြောဖို့ သိသည့် တစ်ခုတည်းသောအရာက လှပသည့် ဇနီးကို ရှာရန်မှာ အတော်လေးလွယ်ကူလှသည်ဟူ၍ပင်။ အမှိုက်အမျိုးအစားခွဲခြားရာတွင် တော်ဖို့သာ လိုအပ်ပေသည်။
တနည်းဆိုရလျှင် : ငါက ငါ့ဇနီးလေးကို အမှိုက်ပုန်းထဲက ကောက်လာတာလေ။[Update status: လိပ်သွားနှုန်းဖြင့် တအိအိချီတက်မည်။တရုတ်တိုက်ရိုက် ဘာသာပြန် မလို့ ပုံမှန်ထက် ပိုကြာရခြင်းဖြစ်ပါတယ်။]
YOU ARE READING
ဖီရှိုးစားသောက်ဆိုင်
Fantasyဖီရှိုးဖန့်ကွမ်၊ ကျီကျင့်ပုချူး [မြန်မာဘာသာပြန်] စာရေးသူ-ဟိုက်ကျင်းလော့ Status in COO+Extra (109)