𝐑𝐢𝐬𝐞 𝐨𝐟 𝐭𝐡𝐞 𝐝𝐞𝐚𝐝//𝐨𝐧𝐞 𝐬𝐡𝐨𝐭//

388 29 0
                                    

ဆောင်းညတွေဟာအိပ်လို့အကောင်းဆုံးဟူ၍ကြားဖူးခဲ့သော်လည်းအိပ်မပျော်သည့်သူ့အတွက်ကတော့သာမန်ညတွေဖြင့်ထူးမခြားနား။ မထူးခြားသည်ပဲလား မထူးခြားသေးသည်ပဲလား။

ဝေါ! ဝေါ! ဝေါ!

ရုတ်ချည်းဆိုသလိုတစ်ဖြူးဖြူးတိုက်နေသည့်လေတွေဟာမုန်တိုင်းတစ်ခုအလားကြမ်းတမ်းစွာတိုက်ခက်လာကာအိမ်တွင်းရှိလျှပ်စစ်ဓာတ်အားသည်လည်းပြတ်တောက်သွားခဲ့သည်။ အိပ်မပျော်တက်သည့်ဆောနူဟာမီးပါပျက်ပြီမို့နေစရာထိုင်စရာတောင်မရှိတော့၊ သူဟာသရဲလည်းအလွန်ကြောက်တက်သည်မဟုတ်လား။

"အာ....တကယ်ကြောက်လာပြီ ဒီအတိုင်းစောင်ခေါင်မှီးခြုံပြီးကွေးနေလိုက်ရမလား"

ပြောပြောဆိုဆိုစောင်တစ်ထည်အားဆွဲခြုံလိုက်ကာခေါင်းကိုပါအုပ်လိုက်သည်။

"အသက်ရှူကြပ်လိုက်တာ မဖြစ်သေးပါဘူး"

တစ်ယောက်တည်းဟိုလိုလုပ်ဒီလိုလုပ်ရင်းနဲ့ဆောနူဟာခြေကုန်လက်ပန်းကျလာလေပြီ။

"ဝှါး အိပ်ချင်လာသလိုပဲပျော်လိုက်တာ မြန်မြန်အိပ်မှ!"

စောင်အားရင်ဘက်အထိခြုံကာမျက်လုံးများအားမေးစင်းထားလိုက်ချိန်တွင်တော့သူဟာသူနှင့်မတူလောက်အောင်ပင်ခနလေးနှင့်အိပ်ပျော်သွားခဲ့သည်။

သူဟာအိပ်မက်ထဲတွင်တစ်စုံတစ်ယောက်၏ရင်ခွင်ထဲမှာ မျက်နှာအားသေချာမမြင်ရသော်လည်းသေချာပေါက်ကိုအလွန်မှကြည့်ကောင်းသည့်လူငယ်တစ်ယောက်။

ထိုလူငယ်ဟာဆောနူ၏ဆံနွယ်များအားသပ်ပေးလျက်ရှိတာ နှုတ်မှလည်းသီချင်းတစ်ပုဒ်အားညီးနေ၏။ လူငယ်ဆိုသော်လည်းအသံဟာအတော်နက်ပြီးဆွဲဆောင်မှုရှိပါသည်။

"Baby take my hand,
I want you to be my husband
'Cause you're my Iron Man
And I love you 3000
Baby, take a chance
'Cause I want this to be something~"

ထိုသီချင်းတစ်ပုဒ်ပြီးဆုံးသွားချိန်တွင်တော့ဆောနူဟာလည်းပြန်နိုးလာတော့မယ်ထင်ထားခဲ့တာ၊ ကိစ္စတွေကထင်သလိုဖြစ်မလာခဲ့။

လူငယ်ဟာသူ့လည်ပင်းအားခပ်ဖွဖွထိတွေ့လာသလို ထိုသူ့လက်တွေကလည်းအငြိမ်မနေပါ၊ လည်ပင်းမှနေတစ်ဆင့် ညှပ်ရိုးဆီသူ၏နှုတ်ခမ်းများဟာကျရောက်လာချိန်တော့ဆောနူဟာနားရှက်ဖွယ်အသံများအားထွက်မကျလာအောင်မထိန်းနိုင်တော့။ ထူးဆန်းသည်ကသူဟာလှုပ်လို့လည်းရမနေခဲ့သလို အသံလည်းထွက်မလာ။

You've reached the end of published parts.

⏰ Last updated: Mar 11 ⏰

Add this story to your Library to get notified about new parts!

𝐑𝐢𝐬𝐞 𝐨𝐟 𝐭𝐡𝐞 𝐝𝐞𝐚𝐝//𝐨𝐧𝐞 𝐬𝐡𝐨𝐭//Where stories live. Discover now