Description

1.5K 148 50
                                    

{Unicode}

Title - There is No One Like You
Author - Sui Jian (岁见)
Chapters - 67 chapters + 3 Extra

Description

2010 ခုနှစ်၏ နွေနှောင်းကာလ၊ နိုင်ငံခြားသို့ မသွားရောက်မှီတွင် ချန်ရိက အမည်မသိဖုန်းနံပါတ်တစ်ခုမှ မက်ဆေ့ချ်တစ်ခု လက်ခံရရှိခဲ့သည်။

"တစ်ဖက်သတ်အချစ်ဆိုတာ ခါးသီးလွန်းတယ်၊ နွေဦးလေပွေလိုမျိုး နားထောင်ကောင်းပေမယ့် တိုက်ခတ်ချိန်မှာတော့ ပူပြင်းလှတယ်၊ အခုတော့ နွေရာသီကုန်ဆုံးသွားသလို ငါလည်း နင့်ကို ဆက်ပြီး သဘောမကျတော့ဘူး"

"ချန်ရိ... တောက်ပတဲ့ အနာဂတ်နဲ့ ဘေးကင်းတဲ့ လမ်းခရီးဖြစ်ပါစေလို့ ငါဆုတောင်းပေးလိုက်ပါတယ်"

ထိုအချိန်က အသက်ဆယ့်ခုနစ်နှစ်အရွယ် ချန်ရိမှာ ပျော်ပျော်နေတတ်သည့် ကိုယ်ရည်ကိုယ်သွေးရှိသော ကြည့်ကောင်းသည့် ကောင်ကလေးဖြစ်ကာ ပညာတတ်မိသားစုအသိုင်းအဝိုင်းတွင် မွေးဖွားခဲ့သည်။ အမှတ် (၈) အလယ်တန်းကျောင်းတွင် သူကား လူအားလုံး၏ အာရုံစိုက်ရာဖြစ်ပြီး ကျောင်းရှိ မရေမတွက်နိုင်သော မိန်းကလေးများထံမှ ပိုးပန်းခံရသူလည်း ဖြစ်သည်။

ချန်ရိက ထိုမက်ဆေချ့်အား အာရုံမစိုက်ပဲ spam message အဖြစ် သတ်မှတ်ကာ ဖျက်ပစ်လိုက်သည်။

နှစ်ပေါင်းများစွာ ကြာမြင့်ပြီးနောက် ချန်ရိ ထိုမက်ဆေ့ချ်ကို သူ့ဇနီးလောင်း၏ ဖုန်းအဟောင်းထဲ ထပ်မံတွေ့လိုက်ချိန်မှသာ....

လွန်လေပြီးသောကာလတစ်ခုက သူ သာမန်ကာလျှံကာမျှ သဘောထား၍ ဖျက်ပစ်လိုက်သည့် မက်ဆေ့ချ်တစ်ခုမှာ ဆယ့်ခုနစ်နှစ်အရွယ် ရွမ်မျန့်၏ လူငယ်ဘဝတစ်ခုလုံး ဖြစ်နေခဲ့ကြောင်း သူ သိလိုက်ရသည်။

စကားတစ်ခွန်းနဲ့တင် ငါ့ကို နိဗ္ဗာန် သို့မဟုတ် ငရဲကို ပို့နိုင်တဲ့သူ... မင်းလို လူမျိုး ထပ်မရှိပါဘူး...

*****
Translator's Note

ဝတ္ထုကို တစ်လုံးမှ မဖတ်ပဲ ဘာသာပြန်ဖို့ ဆုံးဖြတ်မဲ့သူ ကိုယ်ပဲရှိမယ်ထင်။ ရှောင်ချုန်းရဲ့ review ရယ် ongoing လိုက်မယ်လို့ ပြောတဲ့သူတွေစကားကြောင့် Description ပြန်လိုက်ပါပြီ Hehe

TINOLY (Myanmar Translation)Where stories live. Discover now